ချင်းပြည်နယ် မြို့တော်ကားလမ်းမကြီး လာမည့်နှစ်အတွင်း အပြီးဖောက်လုပ်မည်

ချင်းပြည်နယ် မြို့တော်ကားလမ်းမကြီး လာမည့်နှစ်အတွင်း အပြီးဖောက်လုပ်မည်
by -
ခိုနူမ်းထုန်

မိုင်ပေါင်း ၃၀၀ ခန့်ရှိမည့် ချင်းပြည်နယ် မြို ့တော် ဟားခါးမှ မတူပီ – ပလက်ဝမြို ့အထိ ဆက်သွယ်သွား လာသည့် ပြည်ထောင်စု အစိုးရမှ စတင် ဖောက်လုပ်နေသည့် လမ်းမကြီးကို ၂၀၁၅- ၁၆ ခုနှစ်အတွင်း အပြီး ဖောက်လုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

”အခု မတူပီ- ပလက်ဝ လမ်းမကြီး ၂၈ မိုင်ဖောက် လုပ်နေပြီ၊ နောက်နှစ်မှာ ဆိုရင် အတတ်နိုင်ဆုံး မော်တော် ဆိုင်ကယ် တွေ၊ ကားတွေ သွားနိုင်အောင်ဆောင် ရွက်နိုင်တော့ မှာ ပါ” ဟု ဖနိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်း နှင့် တောင်ပိုင်း ဆက်သွယ်သည့် ဟားခါးမှ မတူပီအကြား ကားလမ်းကို အကျယ် ၂၈ ပေမှ ပေ ၄၀ အထိတိုးချဲ ့ပြီး ထိုမှတဆင့် ကတ္တရာလမ်း အဖြစ် တိုးချဲ ့ဆောက်လုပ်သွားမည်ဟု ချင်းပြည်နယ် ဆောက်လုပ် ရေး ၀န်ကြီးဌာန၊ လက်ထောက် ညွှန်းကြား ရေးမှူး ဦးမျိုးအောင်က သည်။

” ကားလမ်းဘတ်ဂျက်ထဲက ရ၅ ရာခိုင်နှုန်းကို မြို့တော်ဟားခါးမှ မတူပီ – ပလက်ဝ ကားလမ်းတိုးချဲ့ရေး အတွက် ရာထားပါတယ် ” ဟု ပြော သည်။

ကားလမ်းကို ကုမ္ပဏီများမှ တိုးချဲ့ဖောက်လုပ်သွားမည်ဖြစ်ပြီး လမ်းအကောင်အ ထည်ဖေါ်ဆောင် စဉ်တွင်  ကျေးရွာ အတွင်း ရှိ အများပြည်သူအကျိုးပြုမည့် ရပ်ရွာအတွင်း လမ်းတိုးချဲ့ခြင်း၊ ကျောင်းဧရိယာတိုးချဲ့ ပေးခြင်းများလည်း သက်ဆိုင် ရာနှင့် ညှိနှိုင်းလျက် တပါတည်း အခမဲ့လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း လည်း သိရသည်။

” အဲဒီလုပ်ငန်းဆောင်ရွက်ရာမှာ ကျေးရွာအတွက် အကျိုးပြုသည့်လုပ်ငန်း များကို တောင်းဆိုကြပါ၊ ကျတော့် အနေနဲ ့ လုပ်နိုင်တာရှိသလို၊ ပြည်နယ်အစိုးရအထိလည်း တင်ပြနိုင်ပါတယ်။ အခွင့်အရေးရှိ တုန်း ကျေးရွာ အတွင်း တိုင်ပင်ဆွေး နွေးပြီး ဆုံးဖြတ်ကြပါ။ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးဖို ့ ကြိုးစားမှာပါ” ဟု ညွှန်ကြားရေး မှူးကဆိုသည်။

မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ချင်းပြညနယ်တိုးတက်ဖွံ ့ဖြိုးရေးအတွက် ကားလမ်းလို အပ်ကြောင်း လမ်းပန်းဆက်သွယ်ရေးကောင်းလာယင် ဒေသ ထွက် စားသောက်ကုန်များ၊ ရခိုင်ပြည်မှ ထွက်ကုန်များ ချင်းပြည်နယ်အနှံ့ ကုန်းကြော င်းဖြင့် ရောင်းဝယ်ဖောက်ကားနိုင်မည်ဖြစ်ကြောင်း ဒေသခံပြည်သူများက သုံးသပ် ကြသည်။

ချင်းပြည်နယ်တောင်ပိုင်း အစွန် ပလက်ဝမြို့မှ တခြား ချင်းပြည်နယ်မြို့များ သို့သွားလာ လိုပါက ရခိုင်ပြည်နယ်ကို ဖြတ် သန်းကြရပြီး ချင်းပြည်နယ်မြောက်ပိုင်း မှ တောင် ပိုင်း သို့ သွားလိုပါက စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းကို ဖြတ်သန်းရသည်။

Most read this week