ရှမ်းပြည်မြောက်ပိုင်းတွင် ရက်ဆက် တိုက်ပြွဲဖစ်နေ

ရှမ်းပြည်မြောက်ပိုင်းတွင် ရက်ဆက် တိုက်ပြွဲဖစ်နေ
by -
ရွှေဟင်္သာ

ယမာန်နေ့ နေ့လည် တနာရီခွဲတွင် တအာင်း အမျိုးသာ လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း (၁၀၁) တပ် ဖွဲ့ နှင့် အစိုးရ အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု  ဌာနချုပ်( စကခ) လက်အောက်ခံ ခလရ(၂၄၁) ၊ ခလရ (၂၄၂) နှင့် ခလရ (၄၁) စစ်ကြောင်း တို့သည် ရှမ်းပြည်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် လုံကမ် ကျေးရွာနှင့် တုန်ပန်းကျေးရွာ ကြား၌ နှစ်ကြိမ်တိုင် တိုက်ပွဲဖြစ် ခဲ့ကြသည်ဟု TNLA ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါသည်။

တိုက်ပွဲသည် နေ့လည် တနာရီခွဲမှ ညနေ (၃)နာရီ ထိ တကြိမ်ဖြစ် ပွားပြီး၊ ညနေ(၄)နာရီခွဲ ညနေ (၅)နာရီ (၄၀)မိနစ် တွင် တကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဤတိုက်ပွဲနှင့် ပါတ်သက်ပြီး အစိုးရ တပ်ဖွဲ့ဖက်မှ တစုံတရာ ထုတ် ဖေါ်ပြောကြားခြင်း မရှိသေးပေ။

တပ်ပေါင်းစုတံဆိပ် တိုင်းရင်းသားများ၏ တပ်ပေါင်းစုတံဆိပ် NCCT

ထိခိုက် ကျဆုံးမှု အခြေအနေ မသိရသေး သော်လည်း ဆက်လက် တိုက်ပွဲဖြစ်ပွား ရန် အလား အလာရှိနေပြီး သိန္နီမြို့ အခြေစိုက် အမှတ် (၁၆) စကခ တပ်များနှင့် တပ်မ(၇၇) စစ်ကြောင်း များသည် ဆက်လက် စစ်ဆင်နေကာ အပြန်အလှန် ပစ်ခတ်ရာ ကျေးရွာထဲသို့ လက်နက်ကြီး ပစ်သွင်းမှု ရှိသည်ဟု ဒေသခံများက ဆိုသည်။

ဇွန်လ (၁၅)ရက်ည (၈)နာရီမှာပင်  တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း ကွတ်ခိုင်အခြေစိုက် အစိုးရစစ်ကြောင်း များ သည် ကွတ်ခိုင်မြို့နယ်၊ လုံကမ်ကျေးရွာထဲသို့ လက်နက်ကြီး အလုံး (၂၀)ခန့် ပစ်ခတ်ခဲ့သည်ဟု TNLA ပြန်ကြားရေးက ဆိုပါသည်။ ယင်းပစ်ခတ်မှုကြောင့် အိမ်ခြေ တရာကျော် ရှိသည့် လုံကမ်ကျေးရွာမှ တာကွန်းဌေး နေအိမ်အား ထိမှန်ပျက်စီး ခဲ့ ပါသည်။

ဤအထဲတွင် (၃)ရက် ဆက်တိုက် တိုက်ပွဲဖြစ် ပွားနေသော ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊တာမိုးညဲမြို့ နယ်ခွဲ၊ မန်ချက်ကျေး ရွာအုပ်စု၊ နောင်စန့်ကျေး ရွာအနီး၌ ဖြစ်ပွားသော တိုက်ပွဲတွင် ယမာန်နေ့ ဇွန်လ ၁၅ ရက်နေ့၌ အစိုးရ စစ်ကြောင်းမှ ပစ်လိုက်သည့် နက်လက်ကြီး ကြောင့် နောင်စန့်ကျေး ရွာမှ လူနေအိမ် တစ်လုံးပျက်စီးသွားခဲ့ကြောင်းသိရသည်။

ထို ပျက်စီးသွားသော နေအိမ်အား အစိုးရစစ်ကြောင်း များမှ ထပ်မံမီးရှို့ရာ ဦးဇော်မြ အိမ် နှင့် ဦးဇော်တောင် တို့ နေ အိမ် နှစ်လုံး မီးလောင်သွားခဲ့ ကြောင်း၊ ဤလုပ် ရပ် ကြောင့် နောင်စန့် ကျေး ရွာသားများ တာမိုးညဲမြို့ ဖက်သို့ ထွက် ပြေးကြရသည်ဟုဆိုသည်။

ဤလုပ်ရပ်သည် (TNLA)၊ KIA ၊  MNDAA (ကိုးကန့် တပ်မတော်) ပူးပေါင်းတပ်ဖွဲ့များကို လိုက်လံ စစ်ဆင်နေသော တာမိုးညဲ အခြေစိုက် ခလရ (၂၉၀) စစ်ေ ကြာင်းနှင့် တပ်မ (၈၈) စစ်ကြောင်းများ၏ လုပ်ရပ်ဟု သိရသည်။

ယင်းဒေသသည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တပ်ဖွဲ့များ၊ ကချင်လွတ်လပ်ရေး တပ် မတော် (KIA) တပ်မဟာ (၄) တပ်ဖွဲ့ များနှင့် မြန်မာ ပြည် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) (ကိုးကန့်တပ် မတော် ) တပ်ဖွဲ့တို့ ပူး ပေါင်း လှုပ်ရှားသော နေရာ ဖြစ်ပါသည်။ ဤတပ်ဖွဲ့များ ကိုလည်း  ဖက်ဒရယ် (ပြည်ထောင်စု) တပ်မတော် ဟုခေါ်နေကြသည်။

အစိုးရတပ်ဖွဲ့ဖက်မှ တပ်မ(၇၇) စစ်ကြောင်းများ၊ သိန္နီမြို့ အခြေချ အမှတ်(၁၆) စကခ စစ်ကြောင်းများ နှင့် လောက်ကိုင် အခြေချ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) စစ်ကြောင်းများ စစ်ဆင်နေသည်မှာ ဒုတိယအကြိမ် ဖြစ်ပြီး (၄)လမျှ ကြာ နေပြီးဖြစ်သည်။

အစိုးရ တပ်ဖွဲ့များသည် TNLA တပ်ဖွဲ့နှင့် လည်းကောင်း၊ KIA နှင့် MNDAA တပ်ဖွဲ့များနှင့် အပစ် အခတ်ရပ်စဲ ထားခြင်း မရှိပေ။ သို့သော် အစိုးရ တပ်များသည် အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည်တိုး တက်ရေးပါတီ တပ်ဖွဲ့များ ကိုလည်း ရှမ်းပြည် အရှေ့ပိုင်း မိုင်းရှူးမြို့နယ်၊ လွယ်ဆိုင်တောင် တွင် ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်နေ့တွင် ၀င်ရောက် တိုက်ခိုက်ခဲ့ သည်ဟု လားရှိုးမြို့ မှ SSPP ဆက်ဆံရေး ရုံးတာဝန်ခံ တဦးက အတည်ပြုခဲ့ ပါသည်။