ဘူးသီးတောင်-မောင်တော (၁၆)မိုင်ခရီးကို ရဟန်းတော်တစ်ပါး လမ်းလျှောက်ချီတက်ဆန္ဒဖေါ်ထုတ်

ဘူးသီးတောင်-မောင်တော (၁၆)မိုင်ခရီးကို ရဟန်းတော်တစ်ပါး လမ်းလျှောက်ချီတက်ဆန္ဒဖေါ်ထုတ်
by -
နိရဥ္စရာ

ဇွန်လ ၈ ရက်နေ့က ရခိုင်ပြည်နယ် နယ်စပ်ဒေသလုံခြံု ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ပြီး ရခိုင်သံဃာတော်တစ်ပါး မောင်တောမှ ဘူးသီးတောင် သို့လမ်းလျှောက်ချီ တက်ကာ ဆန္ဒဖေါ်ထုတ်ခဲ့သည်ဟု သိရသည်။

(၁၆) မိုင်ဝေးသော ကားလမ်းတလျှောက်ချီတက်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့သော ရဟန်းတော်မှာ စစ်တွေမြို့ အာရက္ခဖောင်ဒေးရှင်း ကျောင်းတိုက်မှ ဦးကေသာရ ဖြစ်သည်။

DSCF5524

ယင်းရဟန်းတော်သည် သာသနာ့အလံတော် တစ်ခုအား ကိုင်ဆောင်ကာ မောင်တောမြို့ ဗဟို ကျောင်းတိုက်ကတဆင့် နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် စတင် လမ်းလျှောက်ခဲ့ရာ ဘူးသီးတောင်မြို့သို့ ညနေ ၅ နာရီခွဲတွင် ရောက်ရှိခဲ့သည်။

“ ဦးဇင်း ဘူးသီးတောင်၊မောင်တောကို လာတဲ့အချိန်မှာ ရခိုင်ထက် ဘင်္ဂါလီတွေဟာ အဆမတန် များနေပါ တယ်။ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆိုင်းဘုတ်တွေ၊ တည်ငြိမ်အေးချမ်းမှ ဖွ့ံဖြိုးတိုးတက်မည်ဆိုတဲ့ ဆိုင်းဘုတ်တွေကို နေရာအနှံ့မှာထောင်ထားတာကို တွေ့ရပါတယ်။ တကယ် တည်ငြိမ် အေးချမ်း သလားဆို တော့ လုံးဝ တည်ငြိမ် အေးချမ်းမူ မရှိဘူး။ ဒါကြောင့် ဒီဒေသ တည်ငြိမ်အေးချမ်းဖို့၊ ဒေသလုံခြံုဖို့၊ တရားဥပဒေစိုးမိုးဖို့ ခုလို လမ်းလျှောက်ချီတက်ပြီး ဆန္ဒဖေါ်ထုတ်ရတာ ဖြစ်ပါတယ်” ဟု လမ်းလျှောက်ချီ တက်ပြီး ဘူးသီးတောင်မြို့သို့ ရောက်ရှိစဉ်  ဦးကေသာရမှ နိရဥ္စရာသို့ ပြောဆိုသည်။

တရားဥပဒေစိုးမိုးရေးကို အကောင်အထည် မဖေါ်လျှင် မည်သည့်အခါမှလည်း တည်ငြိမ်အေးချမ်းမူ ဆိုသည်မှာ ရှိနိုင်မည် မဟုတ်ဟု ဦးဇင်းဆက်ဆိုသည်။

“ တရားဥပဒေ စိုးမိုးရေးကို ပထမဆုံး အကောင်အထည်ဖော်ဖို့လိုတယ်။ တရားဥပဒေစိုးမိုးမှုကိုသာ အကောင်အထည် မဖေါ်နိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးဆိုတာ ဘယ်သောအခါမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ဦးဇင်းက ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ပေးဖို့၊ နယ်စပ် ဒေသ လုံခြံုရေးအတွက် လက်နက်ကိုင် တပ်ဖွဲ့တွေကို တိုးမြှင့်ချထားပေးဖို့ အတွက် ဦးဇင်းတောင်းဆိုပါတယ်” ဟု ဆိုသည်။

ယခုလမ်းလျှောက်ဆန္ဒထုတ်ဖော်ခရီးစဉ်ပြီးဆုံးပါက ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး စာတမ်းများပြုစုကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်သမ္မတရုံးသို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးကေသာရမှ မိန့်ကြားသည်။

မောင်တောမှဘူးသီးတောင်သို့ လမ်းလျှောက် ဆန္ဒထုတ်ဖေါ်ထုတ်သူ ဦးကေသာရ ဘူးသီးတောင်မြို့သို့ ရောက်ရှိချိန်တွင် ဒေသခံ ပြည်သူ ၂၀၀ နီးပါးက သာသနာ့ အောင်လံများဖြင့် ခရီးဦးကြို ပြုခဲ့ကြကြောင်း ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီမှ ဦးထွန်းအောင်သိန်းက ပြောကြားသည်။

အလားတူ စစ်တွေမြို့တွင်လည်း ယမန်နေ့က ရခိုင်သံဃာတော်တစ်ပါး စစ်တွေမြို့တစ်ပတ် လမ်းလျှောက်ကြွချီကာ ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်ပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့သည်။

Most read this week