ထပ်မံဖြစ်ပွားသော တို်က်ပွဲအတွင်း ဘင်္ဂလီ သောင်းကျန်းသူ တစ်ဦး အသေဖမ်းမိ

ထပ်မံဖြစ်ပွားသော တို်က်ပွဲအတွင်း ဘင်္ဂလီ သောင်းကျန်းသူ တစ်ဦး အသေဖမ်းမိ
by -
နိရဥ္စရာ

မူဆလင် တပ်ပေါင်းစုဟု အမည်ပေးထားသော ဘင်္ဂလီသောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် မြန်မာတပ်မတော်အကြား ယမန်နေ့ နံနက်က တိုက်ပွဲ ဖြစ်ပွားရာ လက်နက် ခဲယမ်းမီးကျောက်များနှင့် အတူ သောင်းကျန်းသူ တစ်ဦးကို အသေဖမ်းဆီးရမိခဲ့သည်ဟု သတင်း ရရှိသည်။

“ သေတယ်ဗျာ တစ်ဦး ဟိုဘက်က။ သေနတ် တစ်လက်နဲ့ ကျည်ဆံ တစ်ရာ နီးပါး ဖမ်းဆီးရမိပါတယ်” ဟု မောင်တောမြို့နယ် ရဲမှူးကြီးက အတည်ပြု ပြောကြားသည်။

တိုက်ပွဲသည် ယနေ့ နံနက် ၉ နာရီကျော်ခန့်က နယ်စပ် မိုင်တိုင် အမှတ် (၅၂) နှင့် (၅၃) အကြားတွင် ဖြစ်ပွားခဲ့ပြီး အချိန် နာရီဝက်ခန့် ကြာမြင့်သည်ဟု သိရသည်။

သိမ်းဆည်းရမိသော လက်နက်မှာ အမ်း တွမ်းတီးတူး မောင်းပြန်ရိုင်ဖယ် ဖြစ်ပြီး ကျည်ဘောက် (၄) ခုနှင့် ကျည်ဆံ တစ်ရာနီးပါး ဖမ်းမိခဲ့သည်ဟု သူက ဆိုသည်။

“ သေနတ်ရော ကျည်ဆံတွေပါ အကုန်မိတယ်။ နောက်ကျန်တဲ့ ကုလားသူပုန်တွေကတော့ ထွက်ပြေးသွား တယ်” ဟု ဆိုသည်။

မိုင်တိုင်အမှတ် (၅၂) နှင့် (၅၃) အကြားတွင် ခမရ ၃၅၂ ၊ စစ်ကြောင်း (၁) မှ ဗိုလ်ဇော်မိုးအောင် ဦးစီး တပ်စိတ် တစိစိတ်မှ ကင်းပုန်းဝပ်နေစဉ် ရှေ့ပြေးဝင်ရောက်လာသူ ဘင်္ဂလီ သောင်းကျန်းသူ နှစ်ဦးနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားစဉ် တစ်ဦးကို မြန်မာ တပ်မတော်ဘက်မှ အသေပစ်သတ် ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

ယခုတိုက်ပွဲသည် ရခိုင်-ဘင်္ဂလာနယ်စပ်တွင် မေလအတွင်း တတိယအကြိမ်မြောက်ဖြစ်ပြီး မေလ ၁၃ ရက်နေ့က ဖြစ်ပွားသောတိုက်ပွဲတွင် အာရ်အက်အို ဘင်္ဂလီ အဖွဲ့မှ ဗိုလ်အဆင့်ရှိသူတစ်ဦးကျဆုံးခဲ့ပြီး မေလ ၁၇ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၄) ဦး ကျဆုံးခဲ့သည်။

Most read this week