ရနံ့သာအနာကြီးရောဂါသည်များ လုပ်ကိုင်သည့်မြေများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းယူခဲ့

ရနံ့သာအနာကြီးရောဂါသည်များ လုပ်ကိုင်သည့်မြေများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းယူခဲ့
by -
မဇ္စျိမ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု နံ့သာမြိုင်ကျေးရွာတွင် နေထိုင်သော အနာကြီး ရောဂါသည်များ စိုက်ပျိုးလုပ်ကိုင်စားသောက်နေသည့် လယ်မြေဧက ၉၀ ကျော်အား ၁၉၉၁ ခုနှစ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ သိမ်းယူခဲ့သည်။

ထိုသို့ သိမ်းယူသွားသော ယာမြေများကို ပြန်လည်ရရှိရန် မေလ၂၇ရက်တွင် သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြတောင်းဆိုသွားမည်ဟု အနာကြီးရောဂါသည်များ ကူညီဆောင်ရွက်ပေးနေသော ဦးအုံး ငွေ(လူနဲ့လူ)က မဇ္ဈိမကို ပြောသည်။

“အသိမ်းခံရတဲ့ လယ်ယာမြေတွေက အနာကြီးရောဂါ ပျောက်သွားတဲ့ ရောဂါသည်တွေ လုပ်ကိုင်စား သောက်ဖို့ ချထား ပေးခဲ့တဲ့လယ်ယာမြေတွေပါ။ ပြီးတော့ စိုက်ပျိုးလို့ရအောင် ကိုယ်တိုင်ခုတ်ထွင်ရှင်း လင်းခဲ့ကြရတယ်။ အဲလိုစိုက်ပျိုးစားသောက်နေတဲ့ လယ်ယာမြေကို မြေအစားလည်း ပြန်မပေးဘူး။ သီးနှံ လျော်ကြေး လည်းမပေးဘဲ ဒီအတိုင်းလာ သိမ်းသွားတယ်။ အဲလိုသိမ်းခံရတော့ အပြင်ထွက် တောင်းစား နေရတယ်။ ဒါကြောင့် မြေပြန် ရအောင်သက်ဆိုင်ရာကို တင်ပြတောင်းဆို ဖို့ စီစဉ်ဆောင်ရွက်ရတာပါ”ဟု ဦးအုံးငွေ (လူနဲ့လူ)က ပြောသည်။

သိမ်းဆည်းခံရသော လယ်ယာမြေ များသည် ရွာတည်စဉ်ကပင် အစိုးရက တရားဝင်စိုက်ပျိုးလုပ်ကိုင် စားသောက်ခွင့်ပေးထားသောမြေများဖြစ်ပြီး နှမ်း၊ ပဲအမျိုးမျိုးနှင့် ခရမ်းချဉ်သီးများ စိုက်ပျိုးခဲ့သည်။ထိုသို့ စိုက်ပျိုးလုပ်ကိုင်ခွင့်ရစဉ် ရောဂါ သည်များမှာ စားဝတ်နေရေးအဆင်ပြေခဲ့ကြပြီး လယ်မြေများ အသိမ်းခံ လိုက်ရသော အခါ မြို့ရွာအနှံ့သွားရောက် တောင်းရမ်းစားနေရကြောင်း အနာကြီးရောဂါသည်များက ဆို သည်။

“အမေတို့ စိုက်ပျိုးမြေလေးရှိတော့ စားဝတ်နေရေး မပူရဘူး။ ဒီမြေအားကိုးပြီး လုပ်ကိုင်စားသောက်ခဲ့ရ တယ်။ အသိမ်း ခံလိုက်ရတော့ အမေ့ကလေးတွေပါ ဒုက္ခရောက်ရတာပေါ့ကွယ်။ ဘာပဲဖြစ်ဖြစ် အမေတို့ ရောဂါသည်တွေစီက သိမ်းထားတဲ့ မြေလေးတော့ ပြန်ရချင်တယ်။ ပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါ တယ်ကွယ်”ဟု ဒေါ်သောင်းသောင်းက ပြောသည်။

နံ့သာမြိုင်ကျေးရွာသည် အနာကြီး ရောဂါသည်များ နေထိုင်သော ကျေးရွာဖြစ်ပြီး အိမ်ခြေ ၅၀၀ ခန့်ရှိသည်။ အဆိုပါ ကျေးရွာတွင် နေထိုင်သူများသည် မြန်မာ ပြည်အနှ့ံအပြားမှ လာရောက်၍ အနာကြီး ရောဂါအား ရေနံ့သာအနာကြီးရောဂါကုဆေးရုံသို့ရောက်ကုသကြသူများဖြစ်သည်။ကုသ၍ပျောက်ကင်းသူများသည် နေရပ်သို့ မပြန်တော့ဘဲ အဆိုပါကျေးရွာတွင် ရွာတည်၍ နေခဲ့သည်။

အဆိုပါ နံ့သာမြိုင်ကျေးရွာကို ပြည် ထဲရေးမှ ၂၀၀၀ ခုနှစ်တွင် ကျေးရွာအဖြစ် သတ်မှတ်ပေးခဲ့သည်။ ထိုသို့သတ်မှတ် ပေးသည့်အပြင် လုပ်ကိုင်စားသောက်ရန် အတွက် တစ်အိမ်ထောင် လယ်ယာမြေ တစ်ဧကစီပေးသည်ဟုလည်း အနာကြီး ရောဂါသည်များက ဆိုသည်။

ထိုလယ်ယာ မြေများမှာသိမ်းဆည်းမခံ ရသော်လည်း ရွာတည်စဉ်ကပင် ဓားမဦးချလုပ်ကိုင်ခဲ့သော လယ် မြေများကို စစ်တပ်က သိမ်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ သိမ်းခဲ့သော လယ်မြေများကို ပြန်လည်ပေးအပ်ရန် အနာကြီး ရောဂါသည် ၁၀၀ ကျော်ကသက်ဆိုင်ရာသို့ လက်မှတ်ထိုး တောင်းဆိုသွားမည်။

သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ပေးအပ်ရန်အတွက် ဧပြီလတွင်လည်း သက်ဆိုင်ရာသို့ စာတင် တောင်းဆိုမှုများ လုပ်ခဲ့ရာ အကြောင်းပြန်ကြားခြင်းမရှိသော ကြောင့် မေလ၂၇ ရက်တွင် ထပ်မံစာတင် ၍တောင်းဆိုခြင်းဖြစ်သည်။

“ပြန်ရမှာပါ။ တပ်က စွန့်လွှတ်ထား တဲ့ကွင်းအမှတ် ၁၁၃နဲ့ ၁၁၄ထဲမှာ သူတို့ ဧက ၉၀ ပါတယ်။ စိစစ်နေပါ တယ်။သူတို့ ဘက်ကလည်း စာတင်ရပါဦးမယ်။ကျွန် တော်ထပ်တင်ခိုင်းထားပါတယ်။ (၆)လပိုင်းမှာ အဲဒီ ကွင်းက စွန့်လွှတ်မြေတွေကို မူလ ပိုင်ရှင်တွေစီပေးသွားမှာပါ။ ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ပြီးပြီ။ မြေ တိုင်းဖို့ ကျန် နေသေးတယ်။ အနာကြီးရောဂါသည်ရဲ့ မြေတွေပါနေတာလည်း ဟုတ်နေတော့ ကျွန်တော့် ဘက်ကလည်း အတတ်နိုင်ဆုံး ကူညီပေးသွားမယ်။ အခုစွန့်လွှတ် မြေတွေ ထဲမှာ သူတို့မြေပါတာ မှန်ပေ မယ့် သူတို့ကို ပြန်ပေးမယ့်စာရင်းထဲ ပါမလ သေးဘူး။ အဲဒါကြောင့် စာပြန်တင်ခိုင်းထားတယ်”ဟု မြေယာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချစ်ပက မဇ္ဈိမကို ပြောသည်။

မတ္တရာမြို့နယ်တွင် စစ်တပ်မှ စွန့်ထားသောမြေ ၅၃၈ ဧကရှိ အဆိုပါမြေများအား ဇွန်လတွင် ပုံစံ-၃ချထား ပေးကာ ယာယီ လုပ်စားခွင့်ပြုသွားမည်။

Most read this week