ချင်းမိုင်လဲန်းတွင် တရားမဝင် သျှမ်း ရွှေ့ပြောင်း အလုပ်သမား ၄၀ နိးပါး ထိုင်းရဲများဖမ်းဆီးခံရ

ချင်းမိုင်လဲန်းတွင် တရားမဝင် သျှမ်း ရွှေ့ပြောင်း အလုပ်သမား ၄၀ နိးပါး ထိုင်းရဲများဖမ်းဆီးခံရ
by -
သျှမ်းသံတော်ဆင့်

ထိုင်းဘုရင့် ရဲတပ်ဖွဲ့  စစ်ဒေသ အမှတ် ၅  မှ ချင်းမိုင်မြို့  ချင်းမိုင်လဲန်း ရပ်ကွက်၌ ရှောင်တခင် ဝင် ရောက် စစ်ဆေးရာ  ထိုင်းနိုင်ငံသို့ အလုပ် လုပ်ရန် သျှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်းမှ ရောက်ရှိလာ သည့် သျှမ်း ပြည်သား ၄၀ ခန့်အား ဖမ်းဆီး လိုက်ကြောင်း နီးစပ်သည့် အသိုင်း အဝိုင်းက ပြောသည်။

မေလ ၁၇ ရက် နံနက် ရ နာရီကျော်က ချင်းမိုင်လဲန်းရှိ ကျစ်ခမ်းကာရာအိုကေဆိုင်အတွင်း ထိုင်းရဲများ ဝင်ရောက်စစ်ဆေးရာ ထိုင်းနိုင်ငံသို့ရောက်ခါစ  သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် နှင့် လွိုင်လင် ခရိုင်တို့မှ လာသောသူများ ဖြစ်ကြကြောင်း၊ အဆိုပါရွှေ့ပြောင်းအလုပ်သမားများကို လက်ခံထားရှိသူ ထိုင်းနိုင်ငံသား တချို့ ကိုလည်း    ချင်းမိုင်မြို့ ကောင်မိန်း အချုပ်ခန်း၌ ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ အား အမှု စီရင်ပြီးပါက အဆိုပါ သျှမ်းပြည် သား များကို တာချီလိတ်မြို့ရှိ မြန်မာအစိုးရထံ ပြန်လည် အပ်နှံပေးမည်ဖြစ်ကြောင်း အမှတ် ၅ ရဲဒေသမှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောသည်။

မေလ ၁၇ ရက်က ထိုင်းနိုင်ငံချင်းမိုင်မြို့က ထိုင်းရဲများဖမ်းဆီးရမိသော သျှမ်းပြည်သားများ (ဓါတ်ပုံ- စစ်ဒေသအမှတ် ၅ ထိုင်းရဲတပ်ဖွဲ့ ဝက်ပ်ဆိုက်မှ)


“အဲထဲမှာ ကျနော့် အမပါတယ်။ မနေ့က ညနေပိုင်းမှာ သူတို့ကို ကောင်မိန်း အကျဉ်းထောင်ကို  ပို့ထား တယ်ပြောတယ်။ သူတို့ကို အာမခံနဲ့ လွှတ်ပေးဖို့ သွားပြောကြည့်တယ်။ မရတော့ဘူး။  ထိုင်းပြည်တွင်း ထဲကို တရားမဝင်ခိုးဝင်လာတဲ့ ပြစ်မှုကထင်ရှားသွားပြီ ” -ဟု တောင်ကြီးခရိုင် အတွင်းမှ ထိုင်းနိုင်ငံသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် စိုင်းနောင့် က ပြောသည်။


ဖမ်းဆီးခံရသည့် သျှမ်းပြည်သား ၃၈ ဦးမှာ ပြီးခဲ့သည့် သောကြာညက သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် - မယ်ဆိုင်တံတားမှ  ထွက်ခွာလာကြခြင်းဖြစ်ပြီး မေလ ၁၇ ရက် စနေနေ့ မနက်ပိုင်းက ချင်းမိုင်မြို့သို့ ရောက်လာ ခဲ့ကြခြင်းဖြစ်ပါသည်။ တာချီလိတ်မှ ထိုင်းနိုင်ငံ ချင်းမိုင်ရောက်သည်အထိ တဦးလျင် ဘတ် ၅၀၀၀ မှ ၅၅၀၀ အထိ ပေးခဲ့ရသည်ဟုလည်း (ရပ်စောက်မြို့သား) ဖမ်းဆီးခံရသူ မိသားစုဝင်တဦးက ပြောပါသည်။

မေလ ၁၇ ရက်က ထိုင်းနိုင်ငံချင်းမိုင်မြို့က ထိုင်းရဲများဖမ်းဆီးရမိသော သျှမ်းပြည်သားများ (ဓါတ်ပုံ- စစ်ဒေသအမှတ် ၅ ထိုင်းရဲတပ်ဖွဲ့ ဝက်ပ်ဆိုက်မှ)

ထိုင်းနိုင်ငံ၏ ဥပဒေအရ- ပြည်ပနိုင်ငံသားများအား ထိုင်းနိုင်ငံအတွင်းသို့ ခိုးသွင်းသူအား ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၁ သိန်း၊  အလုပ်လုပ်ခွင့်ပြုသည့်ကတ်ပြားသို့မဟုတ် တရားမဝင်ရွှေ့ ပြောင်းအလုပ် သမားများအား လက်ခံထားသူ၊ ကူညီစောင့်ရှောက်ထားသူအား ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ငါးသောင်း  ဒဏ်ခတ်ခံရမည်ဟု ဖော်ပြထားပါသည်။

Most read this week