တွီကင်းကျေးရွာအုပ်ချုပ်ရေးမှူးအား ချစားမှုနှင့်အရေးယူပေးရန် တိုင်ကြားမှု လှစ်လျှုရှုခံထားရ

တွီကင်းကျေးရွာအုပ်ချုပ်ရေးမှူးအား ချစားမှုနှင့်အရေးယူပေးရန် တိုင်ကြားမှု လှစ်လျှုရှုခံထားရ
by -
ခိုနူမ်းထုန်

အကျင့်ပျက်ချစားမှုများ အကြိမ်ကြိမ် ကျုးလွန်နေသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွီကင်းဝ ကျေးရွာ အုပ်စု၊ တွီကင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရန်အောင်အား အရေးယူပေးရန် ဒေသခံပြည်သူများ၏ တိုင်ကြားမှုကို ယနေ့ချိန်ထိ ဆောင်ရွက်ပေးခြင်းမရှိ လျစ်လျှုရှူခံနေရကြောင်းသိရသည်။

တွီကင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်အောင်သည် ကျေးရွာလူထုအပေါ် ငွေကြေးအဓမ္မတောင်းခံခြင်း၊ ခွဲခြားဆက်ဆံ အုပ်ချုပ်ခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ ကျေးရွာစည်းကမ်းစည်းမျဉ်းအား ဖောက်ဖျက် ခြင်း၊ ပြည်သူ ပိုင်ပစ္စည်း အားခိုးယူခြင်း၊ အခွင့်အာဏာအလွဲသုံးစားပြု လုပ်ခြင်းများကျုးလွန်ခဲ့သောကြောင့် အရေးယူပေးရန် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း နှင့် သက်ဆိုင်ရာအာဏာပိုင်းများထံ တွီကင်းကျေးရွာလူထုမှအကြိမ်ကြိမ်စာရေးသားတိုင်ကြားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယနေ့ချိန်ထိ တစုံတရာအရေး ယူဆောင်ရွက်မှုမရှိသည့်အပြင် ဦးရန်အောင်သည် အုပ်ချုပ်ရေး မှူး တာဝန်ကို ဆက်လက်ထမ်းဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

 တွီကင်းကျေးရွာလူထု၏ တိုင်ကြားစာများအရ ဦးရန်အောင်သည် ၂၀၁၂ ခုနှစ်နိုင်ငံတော်မှ ဆင်းရဲနွမ်းပါးမှု လျော့ ချရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှ တွီကင်းဝကျေးရွာအုပ်စုအတွက်ချေးငွေသိန်း (၁၀၀) ကျပ်ထုတ်ချေးပေးရာ(၆) လတာ စီမံကိန်းတွင် ငွေချေးယူသူများထံမှ အချိုးအစား မတူ၊ ဘက်လိုက်ခွဲခြား မှုဖြင်ငွေကြေး အဓမ္မတောင်းခံခဲ့ သည်ဟု သိရသည်။

အလားတူ ၂၀၁၃ ခုနှစ်တွင်လည်း နိုင်ငံတော်အစိုးရမှ ဆင်းရဲနွမ်းပါးမှုလျော့ချရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်မှ တွီကင်းဝကျေးရွာအုပ်စုအတွက် ချေးငွေသိန်း(၁၀၀) ကျပ်ထပ်မံထုတ်ချေးပေးသည့် (၁) နှစ်တာကာလစီမံကိန်းတွင် ငွေချေးယူသူများထံမှ ၁၀ ရာခိုင်နှုန်းဖြတ်တောက် ခဲ့ကြောင်း၊ ယင်းစီမံကိန်းတွင်(၁၀)သိန်းချေးယူထားသူများသည် မြို့နယ် သို့ အတိုး(၄၄၀၀) ကျပ်ပေးသွင်းရသည့်အပြင် အုပ်ချုပ်ရေးမှူး ဦးရန်အောင်အား ကျပ်ငွေ (၁) သိန်းစီပေး ခဲ့ရသည်ဟု သိရသည်။

ထို့အပြင် ၁၀ ရာခိုင်နှုန်းပေးရမည်ကို သဘောမတူသော ဒေသခံများကို နောက်ထပ်ချေးငွေထုတ်ချေးပေးခြင်း မရှိတော့ ကြောင်း ဒေသခံများကပြောသည်။

ဦးရန်အောင်သည် ပြည်သူပိုင်သစ်များကို မိမိသဘောအရ ခုတ်ယူပြီး  ကိုယ်ပိုင် အိမ်အသစ် ဆောက်လုပ် ကြောင်း ၄င်း၏ အိမ်မြေနေရာသည်လည်း ကျေးရွာပြည်သူပိုင် ရေတွင်းရေကန်နေရာဖြစ်ကြောင်း ဒေသခံများ ကပြော သည်။

တွီကင်း ကျေးရွာတွင် နွားထိန်းကျောင်းမှုပျက်ကွက်သူများအား နွားတစ်ကောင်လျှင် ဒဏ်ငွေ (၅၀၀၀) ကျပ်သတ် မှတ်ပြီး၊ ၎င်းဒဏ်ငွေများကို ရပ်ရွာကောင်းကျိုးအတွက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသော်လည်း ယင်းဒဏ်ငွေများကို အုပ်ချုပ်ရေးမှူး က ၎င်းကိုယ်ကျိုးအတွက် အသုံးပြုခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ အာဏာကို အလွဲသုံးစားလုပ်ကာ အကျင့်ပျက်ချစားမှုများပြားလှသော ဦးရန်အောင်ကို အရေးယူပေးရန် ၂၀၁၂ ခုနှစ်ကတစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် ၂ ကြိမ် ချင်းပြည်နယ် ၀န်ကြီးချုပ်ထံသက် သေအထောက် အထားများဖြင့် စာရေးသားတိုင်ကြားကြသော်လည်း သက်ဆိုင်ရာက ယနေ့ချိန်ထိ တစုံတရာလာရောက် ဖြေရှင်း ပေးခြင်းမျိုး မရှိ ကြောင်း တွီကင်းရွာသားများကပြောသည်။

ဦးရန်အောင်သည် ယခင်က မြန်မာနိုင်ငံတွင် အာဏာတန်ခိုးကြီးထွားခဲ့သော ဗိုလ်ချုပ်ခင်ညွန့်၏ လက်အောက် တွင် ထောက်လှမ်းရေးတာဝန်ကို ထမ်းဆောင်ခဲ့ဘူးသူဟု သိရပြီး ယခင်က အရှိန်အဝါကြောင့်ကျေးလက်နေ ပြည် သူ များအပေါ် မောက်မောက်မာမာ ဆက်ဆံလေ့ရှိကြောင်း သိရသည်။