အကျဉ်းကျနေသည့် ရခိုင်အမျိုးသမီးတစ်ဦး ဘင်္ဂလာဒေချ့် ဆေးရုံတစ်ခုတွင် ကွယ်လွန်

အကျဉ်းကျနေသည့် ရခိုင်အမျိုးသမီးတစ်ဦး ဘင်္ဂလာဒေချ့် ဆေးရုံတစ်ခုတွင် ကွယ်လွန်
by -
နိရဥ္စရာ

ဘင်္ဂလားဒေ့ချ်နို်င်ငံ ကောစ့်ဘဇားမြို့ ထောင်တွင် အကျဉ်းကျခံနေရသည့် ရခိုင်အမျိုးသမီးတစ်ဦး ယမန်နေ့ နေ့လည်ပိုင်းက ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ကွယ်လွန်သွားသည့် အဆိုပါ ရခိုင်အမျိုးသမီးမှာ ရခိုင်ပြည်နယ် မောင်တောမြို့မှ ဒေါ်မလှမေ (၄၀) နှစ်ဖြစ်ပြီး ရင်ကျပ်ရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ကော့စ်ဘဇားမှ ရခိုင်လူငယ် တစ်ဦးက ပြောသည်။

narinjara news 3

`ဒီနေ့မနက်က ထောင်ထဲမှာ ရင်ကျပ်တဲ့အတွက် သူမကိုဆေးရုံကိုပို့လိုက်တယ်။ ဆေးရုံကို မနက် ရ နာရီ ကျော်မှာ ရောက်တယ်။ မနက် ၁၀ ကျော််မှာ သူမ ရုတ်တရက် ဆုံးသွားခဲ့ပါတယ်” ဟု ဆိုသည်။

ဒေါ်လှမေကို ၂၀၁၃ ခုနှစ်က ဘင်္ဂလား-မြန်မာနယ်စပ်တွင် တည်ရှိသော တက်ကနက်မြို့တွင် ရွှေချောင်း အချို့ဖြင့် ဘင်္ဂလာရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းနောက် တရားမဝင် ရွှေအရောင်းအဝယ်လုပ်မှုဖြင့် တရားစွဲဆို ထောင်ချခဲ့သည်။

သေဆုံးသူ ဒေါ်မလှမေ၏ မောင်တောမြို့မှ မိသားစုဝင်များ ကော့စ်ဘာဇား ဆေးရုံကိုရောက်ရှိနေပြီး သူမအား ကောင်းမွန်စွာ သဂြိုလ်နိုင်ရန် စီစဉ်နေသည်ဟု ကော့စ်ဘာဇားမှ ရခိုင်လူငယ်က ဆက်လက်ပြောဆိုသည်။

Most read this week