DKBA နယ်ခြားစောင့်တပ် စစ်မှုထမ်းဟောင်းအိမ်ရာမှ လူ ၁,၅၀၀ အတွက် စားနပ်ရိက္ခာ လိုအပ်နေ

DKBA နယ်ခြားစောင့်တပ် စစ်မှုထမ်းဟောင်းအိမ်ရာမှ လူ ၁,၅၀၀ အတွက် စားနပ်ရိက္ခာ လိုအပ်နေ
by -
မဇ္စျိမ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ DKBA နယ်ခြားစောင့်တပ် (BGF)မှ အငြိမ်းစားတပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များ၊ အသက်ဆုံးရှုံးရသူများ၏ ကျန်ရစ်သူများနှင့် စစ်အတွင်းကိုယ်လက် အင်္ဂါဆုံးရှုံးခဲ့သူ များ စုစုပေါင်း လူ ၁၅၀၀ ခန့် နေထိုင်သည့် သစ္စာအေးမြိုင် အိမ်ရာအတွက် စားနပ်ရိက္ခာထောက်ပံမှုများ လိုအပ်နေသည်ဟု အိမ်ရာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖ ကော်မတီအတွင်းရေးမှူး စောမင်းခေတ်က ပြောသည်။

လှိုင်းဘွဲ့မြို့နယ်၊ မအဲကျေးရွာအုပ်စုတွင်တည်ရှိသည့် ယင်းအိမ်ရာရှိမိသားစု ၂၁၇ ခုမှာ အစိုးရထံမှ ဆန် တစ်မျိုးတည်းသာရရှိပြီး၊ မိသားစုဦးရေအလိုက် တစ်အိမ်ထောင်လျှင် ၂၄ ပြည်ဝင် ဆန်တစ်အိတ်မှ နှစ် အိတ်အထိ လစဉ်ရရှိနေသည်။ ၎င်းတို့အတွက် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နှင့် အချိုမှုန့်တို့ကို ယခင်က DKBA မှ ပြောင်းလဲဖွဲ့စည်းထားသည့် နယ်ခြားစောင့်တပ်ထံမှ ရရှိခဲ့သော်လည်း ယခုထောက် ပံ့မှုမရသည်မှာ သုံးလကြာပြီဟု စောမင်းခေတ်က ဆိုသည်။

dkba

ကျေးရွာမှာ ဒုက္ခိတနဲ့မုဆိုးမတွေရဲ့မိသားစုပဲ ရှိတာပါ။ အဓိကအသက်မွေးဝမ်းကျောင်းမရှိပါဘူး။ ထောက် ပ့ံပစ္စည်းတွေကိုပဲ အဓိကအားထားနေရတာပါ”ဟု ပြောသည်။

သစ္စာအေးမြိုင်အိမ်ရာရှိ မိသားစု၂၁၇ စုတွင် မသန်စွမ်းဦးရေ ၁၁၆ ဦး၊ ကွယ်လွန်သူ DKBA နယ်ခြား စောင့်တပ်သားများ၏ ဇနီး ရ၅ ဦး ပါ၀င်သည်။

၂၀၀၂ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့သည့် အသက် ၄၁ နှစ်အရွယ် စောကျော်ဝင်းက “ငါတို့က ဒုက္ခိတတွေဆိုတော့ စိုက်ပျိုးရေး ဘယ် လိုလုပ်လို့ အဆင်ပြေမှာလဲ၊ စစ်ပဲ တိုက်တတ်တာလေ”ဟု ပြောသည်။

သစ္စာအေးမြိုင်အိမ်ရာအနီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန် ရေအလုံအလောက်မရှိသည့်အပြင် မြိုင်ကြီးငူ ဆရာတော် ထိန်းချုပ်ဒေသတွင် ပါ၀င်နေသည့်အတွက် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများလည်း လုပ်ကိုင်ခွင့်မရှိပေ။

DKBA ဒု-တပ်ကြပ်တစ်ဦး၏ ကျန်ရစ်သူဇနီးသည် နော်မူးမူးက “နေ့တိုင်းစားနေတဲ့အထဲမှာ အဓိကဟင်း လျာကတော့ ငရုတ်သီးပါ။ ဒီတိုင်းပဲ လောက်ငတယ်တော့ မဟုတ်ပေမယ့် ဒီတိုင်းဖြစ်သလိုတော့ စားရ တာပေါ့”ဟု ပြောသည်။

အသက် ၅၃ နှစ်ရှိပြီဖြစ်သည့် နော်မူးမူး၏ခင်ပွန်းမှာ လွန်ခဲ့သည့် ၁၁ နှစ်က တိုးတက်သောကရင် ဗုဒ္ဓ ဘာသာတပ်မတော် (DKBA)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ ဖြစ်ပွားသည့် တိုက်ပွဲမှအပြန် ဖျားနာသေဆုံးခဲ့ခြင်းဖြစ်သည်။ နော်မူးမူးနှင့်အတူ မိသားစုဝင် ၁၀ ဦး နေထိုင်လျက်ရှိပြီး မိသားစုဝင်များ အားလုံးမှာ အစိုးရထောက်ပံ့သည့်ဆန်နှင့် BGF မှထောက်ပံ့သည့် ရိက္ခာများဖြင့်သာ စားသောက်နေရ သည်ဟုု ဆိုသည်။

စောမင်းခေတ်က “အစိုးရက ဆန်ပဲ ထောက်ပံ့တာပါ။ ဒီအတိုင်းပဲ ကူညီထောက်ပံ့မှုတွေတော့ အများကြီး လိုအပ်နေတာပေါ့။ ဖြစ်နိုင်မယ်ဆိုရင် အစိုးရဆီက လုံလောက်တဲ့ ထောက်ပံ့ကူညီမှု ရချင်ပါတယ်” ဟု ပြောသည်။

သစ္စာမြိုင် စစ်မှုထမ်းဟောင်းအိမ်ရာကို နယ်ခြားစောင့်တပ် စစ်မှုထမ်းဟောင်းများနေထိုင်ရန် အစိုးရက ၂၀၁၁ ခုနှစ်က ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ကျေးရွာတွင် အမြဲတမ်းနေ ကျန်းမာရေးမှူးတစ်ဦး ရှိပြီး ကျေးလက်ဆေးပေးခန်း မရှိချေ။