မွန်နိုင်ငံအရေး အဖွဲ့အစည်းများအား ရွေးကောက်ပွဲဝင်ရန် အထင်ကရ ဆရာတော်တစ်ပါး တိုက်တွန်း

မွန်နိုင်ငံအရေး အဖွဲ့အစည်းများအား ရွေးကောက်ပွဲဝင်ရန် အထင်ကရ ဆရာတော်တစ်ပါး တိုက်တွန်း
by -
မိမွန်စွန်း
မွန်ဒေသလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးမှု နှင့် မွန်စာပေသင်တန်းမှ ဦးဆောင်ဆရာတော်တစ်ပါးက မွန်နိုင်ငံရေးအဖွဲ့အစည်းများ စစ်အစိုးရ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန်အတွက် တိုက်တွန်းမိန့်ကြားသွား ...

မွန်ဒေသလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးမှု နှင့် မွန်စာပေသင်တန်းမှ ဦးဆောင်ဆရာတော်တစ်ပါးက မွန်နိုင်ငံရေးအဖွဲ့အစည်းများ စစ်အစိုးရ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန်အတွက် တိုက်တွန်းမိန့်ကြားသွားသည်။

ဗုဒ္ဓသာယဉ်ကျေးမှု နှင့် မွန်စာပေသင်တန်းမှ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ အိန္ဒက က နွေရာသီ မွန်စာပေသင်တန်ကျောင်းဆင်းပွဲတွင် ၄င်းကဲ့သို့ တိုက်တွန်းမိန့်ကြားသွားခဲ့သည်။ ဆရာတော် ဘဒ္ဒန္တ အိန္ဒကသည် မုဒုံမြို့နယ် ကမာဝက်ရွာမှ ကျောင်းထိုင် ဆရာတော်တစ်ပါး ဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးမှု နှင့် မွန်စာပေသင်တန်းကျောင်းကို ၁၉၄၁ ခုနှစ်တွင် သံဃာတော်များ ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့သည်။

၄င်းသင်တန်းကျောင်းဆင်းပွဲတွင် ဆရာတော် ဘဒ္ဒန္တ အိန္ဒက မိန်ကြားသည်မှာ “၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မွန်ပြည်သူ တစ်ရပ်လုံး ပြင်ဆင်သင့်ပြီး၊ လွတ်တော်မှာမွန်ပြည်သူတွေကို ကိုယ်စားပြုတဲ့  အမတ်ပေါ်ထွက်ရန်ဖို့ အတွက် မွန်နိုင်ငံရေးအဖွဲ့အစည်းတွေ ၂ဝ၁ဝ ရွေးကောက်ပွဲ  ကိုပါဝင်ယှဉ်ပြိုင် ကြရမယ်” တိုက်တွန်းခဲ့သည်။

ဆက်လက်ပြီးဆရာတော်က အကယ်၍ မွန်နိုင်ငံရေးအဖွဲ့အစည်းများ ၂ဝ၁ဝ ရွေးကောက်ပွဲကို မဝင်ရောက်မယှဉ်ပြိုင်ပါက မွန်လူမျိုးများနှင့် သက်ဆိုင်သည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် မွန်စာပေသင်ကြားမည့် အခွင့်အရေးရရှိရန်အတွက် ပါလီမန်တွင် တောင်းဆိုပေးမည့်သူ ရှိမှာ မဟုတ်ကြောင်း ဟု မိန့်ကြားသွားသည်။

ဧပြီလ (၁၅) ရက်နေ့တွင် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာတွင် နွေရာသီမွန်စာပေး သင်တန်းကျောင်း ဆင်းပွဲကို ကျင်းပခဲ့သည်။ ၄င်း သင်တန်ဆင်းပွဲကို မွန်ပြည်သစ်ပါတီမှ ဥက္ကဋ္ဌ နိုင်ထောမွန်၊ မွန်အမျိုးသားဒီကရေစီအဖွဲ့မှ တွဲဖက်အတွင်းရင်းမှု ဒေါက်တာမင်းကြည်ဝင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု နှင့် မွန်စာပေသင်တန်း သားများ၊ သံဃာတော်များ၊ ကျောင်းသူကျောင်းသားများ နှင့် ၄င်းကျောင်းသား မိဘများတက်ခဲ့ရောက်ကြသည်။

မွန်နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည့် မွန်ပြည်သစ်ပါတီ နှင့် မွန်အမျိုးသားဒီကရေစီအဖွဲ့ (MNDF) တိုက စစ်အစိုးရ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်မည်မဟုတ်ပဲ စစ်အစိုးရက အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပေးမှသာ ရွေးကောက်ပွဲဝင်ရန် စဉ်းစာမည်ဟု အတိအလင်း ပြောဆိုထားပါသည်။

အထက်ပါဆရာတော်၏ မိန့်ကြားချက်ကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဒေါက်တာမင်းကြည်ဝင်းက “ မြန်မာစစ်အစိုးရ ရေးဆွဲထားတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ မွန်စာပေနှင့် ယဉ်ကျေးမှုအတွက် တစ်ကြောင်းမှလည်းမပါဝင်ဘူး၊ တပည့်တော်တို့ ရွေးကောက်ပွဲဝင်ရင်လည်း ပါလီမန် လွှတ်တော်မှာ မွန်စာပေနှင့် ယဉ်ကျေးမှု အခွင့်အရေးရဖို့်အတွက် တောင်းဆိုတာဟာ မဖြစ်နိုင်တဲ့ ကိစ္စပဲ“ ဟု ပြောသည်။

ဒေါက်တာမင်းကြည်ဝင်း၏ အဆိုရ အချို့မွန်အဖွဲ့အစည်းနှင့် တသီးပုဂ္ဂလများသည် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြပြီး မွန်အမျိုးသားဒီကရေစီအဖွဲ့ (MNDF) အနေနှင့် မိမိတို၏ ရပ်တည်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ပြောသည်။

Most read this week