လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး အရိပ် အယောင်
နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ စစ်မီးလျှံကြီး မကြာမီ နိဂုံုး ချုပ်နိုင်တော့မယ်လို့ တပ်မတော်နေ့ အကြို မတ်လ (၂၆) ရက်နေ့က သမ္မတ ဦးသိန်းစိန် ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။ ဦးသိန်းစိန် အရပ်သား ဟု ခေါ်သည့် ဒီမို ကရေစီ အစိုးရ လည်းမြန်မာ့ ဒီမို ကရေ စီ ပြုပြင် ပြောင်းလဲရေး ခရီးကြမ်းတွင်း သုံးနှစ် သက်တမ်း ကြာခဲ့ ပြီလေ။
ဒီအတိုင်း တစ်ကယ် ဖြစ်ခဲ့မယ် ဆိုရင် ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ တစ်ခု နိဂုံး ချုပ်နိုင်တော့ မယ်လို့ ကြိုတင် မြင်ယောင် မိလေသော အခါ၌။ ပြောသလောက် လက်တွေ့ ဘယ်လောက် ဖြစ်လေ မည်လဲဆိုသည်မှာ နိုင်ငံရေး လေ့လာသူတွေ နိုင်ငံ တကာ အသိုင်း အဝိုင်းတွေက သုံးသပ်လို့ မဆုံး ဆဲပဲ။
ဦးသိန်းစိန် ကတော့ ရဲဝံ့ စွာနဲ့ပဲ “မကြာခင် အချိန်မှာ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ကြဖို့ အထိ အစိုးရနဲ့ လက်နက်ကိုင် တိုင်း ရင်းသား ခေါင်းဆောင်တွေ အကြား သဘော တူညီချက်တွေ ရရှိထားပြီ ဖြစ်ပါတယ်” ဟု ၎င်းရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား သွားတယ်။
ရိုးရိုး ရှင်းရှင်း ပြောရမယ် ဆိုရင်တော့မြန်မာ့ နိုင်ငံရေး သမားတွေ အပါအဝင် နိုင်ငံ တကာ အသိုင်းအဝိုင်း တွေက မြန်မာ့ရဲ့ နိုင်ငံရေးနွေဦးကို စောင့်ကြည့်ပြီး သုံး သပ် နေတာထက် ပိုပြီး ဝင်ရောက် ပူးပေါင်း လာတာမျိုး မတွေ့ရသေးဘူးလို့ ဆိုရမှာပါ။
ဒါကို အားမလို အားမရ ဖြစ်ရမှာလား ၊ ဝမ်းသာရမှာလား ဆိုတာ ကတော့ ဒီနိုင်ငံရေး အခင်းအကျင်းကို သုံးသပ်တဲ့ လူတွေ အပေါ်မှာပဲ မူတည်ပါတယ်။ အချို့ ကတော့ မြန်မာ့ ပြည်တွင်ရေး ပြသနာဟာ နိုင်ငံတကာ အစိုးရက ဖိအားပေး ဖြေရှင်းစေခြင်းကို လက်မခံ နိုင်ကြသလို ၊ အချို့ ကလည်း နိုင်ငံတကာ အသိုင်း အဝိုင်းက မြန်မာ့နိုင်ငံရေး ဒုက္ခ တွေကို စာနာမှု မဲ့ကြောင်း ဝေဖန် ကြပါတယ်။
သမိုင်း တစ်လျှောက်ကို ပြန်ကြည့်မယ် ဆိုရင်မြန်မာနိုင်ငံရဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့အစိုးရ စစ်တပ်တွေ ကြားမှာ နှစ်ပေါင်း ရှည်ကြာစွာ ဖြစ်ပွား ခဲ့ကြပါတယ်။ ဆယ်စုနှစ် ခြောက်ခု တိုင်တော့မယ်။
ဒီပဋိပက္ခရဲ့ အရင်းခံ ပြသနာကို ဆန်းစစ် ကြည့်မိတော့ တိုင်းရင်းသားတွေ တောင်းဆို ကြတဲ့ “တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်” ပြသနာ ကစခဲ့တာပဲ။
ဒီတောင်းဆို သံကြောင့် ဆယ်စုနှစ် ခြောက်ခုလောက်တိုင်းရင်းသား ဒေသတွေမှာ သေနတ်သံတွေ ဝေလို့ ယမ်းငွေ့တွေ စွေခဲ့ ရတယ်၊ စစ်ပြေး ဒုက္ခသည်ဘော လအော ပေါ်ထွက် လာတယ်။ ဒါ့ထက်ကို တိုင်းရင်းသား တွေက အစိုးရ အပေါင်းအပါနဲ့ စစ်တပ်ကိုမျက်လုံးစိမ်း တွေနဲ့ သံသယ တွေထားပြီး ကြည့်ခဲ့ ပါတယ်။ ယခု တိုင်အောင် နှစ်ဖက် အကြား “ယုံကြည်မှု ထားနိုင်ရေး” ဆိုတဲ့ ပြသနာက အဖြေရှာလို့ မရ သေးတဲ့ အရာ ဖြစ်ပါတယ်။
“ယုံကြည်မှု” ဟူသည်မှာ
မှတ်မှတ် ရရ ပြီးခဲ့တဲ့ မတ်လဆန်းမှာ တောင်ကြီးမှာ ကျင်းပခဲ့တဲ့ တိုင်းရင်း မီဒီယာ ညီလာခံ သွားတက် ခဲ့တုန်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) က ကိုအောင်နိုင်ဦးရဲ့ စကားဝိုင်း ထဲကစကား အချို့ကို သတိရမိတယ်။
“နှစ်ဖက် အကြား “ယုံကြည်မှု” ဆိုတာက ဘာနဲ့ တူသလဲ ဆိုတော့ သစ်ပင် တစ်ပင်ရဲ့ သစ်မြစ်နဲ့ တူတယ်၊ အဲဒီ အမြစ်သွယ်လေးတွေ ပျောက်ကွယ် နေတာ ဆယ်စုနှစ် ခြောက်ခု နီးပါး ၊ ဒါကို တစ်ထိုင်တည်း ပြန်ရှင်သန်စေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး၊ “ယုံကြည်မှု” ကြီးထွား နိုင်မယ့် နိုင်ငံရေး ရာသီဥတု၊မြေ၊ လေ၊ ပတ် ဝန်း ကျင် လိုအပ်ပါတယ်” ဟု ၎င်းက ပြောခဲ့ပါတယ်။
ဒီစကားကို ပြန်သုံး သပ်ကြည့်တော့ မြန်မာ နိုင်ငံရဲ့ ယနေ့ နိုင်ငံရေး ရာသီ ဥတုက ယုံကြည်မှု အမြစ်သွယ် လေးတွေ ရှင်သန်ဖို့ အချိန်အခါ ရောက်ပြီလား ? ရေ ခံ၊ မြေခံ၊ ပတ်ဝန်းကျင်က ဒီ “ယုံကြည်မှု” ဖွံ့ဖြိုးဖို့သဟဇာတ ဖြစ်လေ ပြီလား ?
လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ အစိုးရ တပ်တွေ အကြားမှာ ထိတွေ့မှု တိုက်ပွဲ လေးတွေ ဖြစ်နေ ကြတုန်း ပါပဲ။ ဒါ့ကြောင့် ဒီတိုက်ပွဲ တွေကို အဆုံးသတ်ဖို့ တိုင်းရင်းသား တွေရဲ့ ဖြေရှင်းရေး နည်းနာကနှစ်ဖက် စစ်သည်တော်တွေ လိုက်နာ ရမယ့် ကျင့်ဝတ် “Code of conduct” နဲ့ နှစ်ဖက် တပ်တွေနေ ရာ ချထားရေး အတိအကျ သတ်မှတ်ဖို့ ဆိုပြီး အစိုးရကိုရော ကာကွယ်ရေး ဦးစီးချုပ်ကိုရောတင်ပြ ထားတာ ရှိပါတယ်။ အခုထိ အကောင်အထည် မပေါ်သေး ပါ ဘူး။ ဒါကြောင့် ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ထိတွေ့ မှုတွေ ဆက်ရှိ နေဦး မှာပဲ။ ဆိုတော့ ယုံကြည်မှုက လျော့ရဲ နေမှာပဲ။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ ဆိုတာ အားချိချိနဲ့ လျှောက်နေ ရတဲ့ ခြေလှမ်း လေးတွေဖြစ်နေ ဦးမှာပဲ။
အစိုးရဆီမှာလည်း စိုးရိမ်မှု ပြသနာတွေနဲ့
ပြသနာဖြေရှင်းဖို့ ဆိုတာ နှစ်ဖက် စလုံးမှာ ဒီပြသနာကို ဖြေရှင်း ကြစို့လို့ ဆိုတဲ့ “Willing” ဆန္ဒ ရှိကြရမှာ ဖြစ်ပါတယ်။ အခု သုံးသပ် ကြည့်တော့ နှစ်ဖက် စလုံး က “Willing” ဆိုတဲ့ ဆန္ဒအပြည့်အဝ ရှိတယ်။ ပြည်တွင်း စစ်ကြောင့် တခြား နိုင်ငံတွေ ထက် ကျွှန်တော်တို့ နိုင်ငံနိုင်ငံ၊ စီးပွား၊ လူမှု ၊ နည်းပညာ ဖွံ့ဖြိုးမှု အစ စ နောက်ကောက် ကျခဲ့ရတယ်။
တစ်ဖက်က လည်းကျေးလက်နဲ့ နယ်စပ် ဒေသနေ တိုင်းရင်း သားတွေ အနေနဲ့ စစ်ပြေး ဒုက္ခသည်၊ ဖွံ့ဖြိုးရေး နောက်ကျမှု၊ ပညာသင်ကြား နိုင်ခွင့် ၊ စီးပွား ရှာဖွေ နိုင်ခွင့်တွေ ယမ်းငွေ့ တွေနဲ့အတူ မျှော်လင့်ချက် မဲ့ခဲ့ရတယ်။ ဒါကြောင့် ဒီပြသနာကို အစိုးရ ဘက်ကရော တိုင်းရင်းသားတွေ ဘက်ကပါ ဖြေရှင်းဖို့ “ဆန္ဒ” ရှိနေ ကြတယ် ဆိုတာ သံသယ ရှိစရာ မဟုတ်တော့ဘူး။
ဒါပေမယ့်ဒီပြသနာ ဖြေရှင်းဖို့ ချဉ်းကပ် ကြတဲ့ အခါမှတော့ အထက်က ကျွန်တော် တင်ပြ ခဲ့သလိုပဲ ဒီလောက်များပြားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို စနစ် တကျ နေရာ ပြန်လည် ချထားဖို့ဆိုတာ တယ်လွယ်တဲ့ ကိစ္စ မဟုတ်သလို မကိုင်တွယ် တတ်ပါကလည်း “ထိုင်နေရင် အကောင်း သား၊ ထသွားမှကျိုးမှန်းသိ” ဆိုတာမျိုး ဖြစ်သွားဦးမယ်။
တစ်ဖက်မှာလည်း အစိုးရနဲ့ စစ်တပ်ရဲ့ Mind Set (စိတ်အစွဲ) မှာ သမိုင်း စဉ်ဆက် ရှိခဲ့တဲ့ တိုင်းရင်းသားတွေခွဲထွက် ကြမယ်ဆိုရင် ဟူသည့် စိုးရိမ်မှု ကလည်း ဒီပြ သနာ ကို သိမ်မွေ့စွာ ကိုင်တွယ်ဖို့သတိတရား ပေးနေသလို ဖြစ်နေခဲ့တယ်။
ဒါနဲ့ပတ်သက်ပြီး မြန်မာ့ အမျိုးသား ရင်ကြား စေ့ရေး အစီအစဉ်မှာ ပါဝင် ဆောက်ရွက် နေတဲ့ တောင်အာဖရိက ပညာရှင် တစ်ဦးနဲ့ ရန်ကုန် ရောက်တုန်း စကား ပြော ခွင့် ရခဲ့တဲ့ အတွေ့ အကြံုလေးဝေမျှ ပါရစေ။
“နှစ်ဖက်စလုံး (အစိုးရနှင့် တိုင်းရင်းသား) တွေက “ယုံကြည်မှု” တည်ဆောက်ခြင်း ဆိုတဲ့ အပေါ်ကိုသံသယ တွေထားပြီး ချဉ်းကပ် နေကြတုန်းပဲ ဆိုတာ ထင်ရှား ပါတယ်၊ ဥပမာ - တိုင်းရင်းသားတွေတင်ပြ ထားတဲ့ အမျိုးသား ရင်ကြား စေ့ရေး အစီအစဉ်နဲ့ အစိုးရ ဘက်က တင်ပြ ထားတဲ့ အမျိုးသားရင်ကြား စေ့ရေး အစီအ စဉ် တွေကို ကြည့်ရင် မြင်သာတယ်၊ ဒီလို စိုးရိမ်မှု တွေကြောင့် ထည့်သွင်းရေးဆွဲ ထားတဲ့ အခြေအနေ တွေက အမျိုးသား ရင်ကြား စေ့ရေး အစီအစဉ်ရဲ့ ရာနှု န်း တော်တော်များများ ဖြစ်ပါသေးတယ်” ဟု ပဋိပက္ခ ဖြေရှင်းရေး ဆိုင်ရာ အမျိုးသား ရင်ကြားစေ့ရေး တောင် အာဖရိက ပညာရှင်က ဆိုပါသည်။
မြန်မာ့နိုင်ငံရေး နွေဦး ရာသီ သာယာ ဖို့ကတော့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်နေ တုန်းပါပဲ။ဒါပေမယ့် လမ်းကြောင်းမှန် ဖြစ်တဲ့ ပဋိပက္ခ ဖြေရှင်း ချင်တဲ့ “ဆန္ဒ” အပေါ်မှာ နှစ်ဖက်စလုံးကအခြေခံ ချဉ်းကပ်ကြတာ ဖြစ်လို့ ဒါက မှန်ကန်တဲ့ ချဉ်းကပ်မှု လမ်းကြောင်း အဖြစ် ရှူ့မြင်လို့ရပါတယ်။
သို့ပေမယ့်အထက်က သမ္မတကြီး ပြောထားသလို နှစ်ပေါင်း ခြောက်ဆယ်နီးပါး ကြာမြင့် လာပြီ ဖြစ်တဲ့ မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး ကို မျှော်ေ တွးပြီး ဒီနိုင်ငံရေး ပြသနာကို အငြင်သာဆုံး အကျွှမ်းကျင်ဆုံး ကိုင်တွယ် သွားဖို့ ဆိုတာ ကတော့ အစိုးရ ဘက်ကရော တိုင်းရင်းသားတွေဘက် ကရော ကြိုးပမ်း အကောင်အထည် ဖော်သွား ရဦးမှာ ဖြစ်ပါတယ်။