အင်္ဂလိပ်စာ နှင့် ဗဟုသုတ အသိပညာ ပေးသင်တန်းကို သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့ မိုခမ်း ရပ်ကွက်ရှိ ဇေယျသုခ ဘုန်းတော် ကြီးကျောင်းတွင် ယမန်နေ့ မနက်ပိုင်းက စတင်ဖွင့် လှစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါသင်တန်းကို နမ့်ခမ်းမြို့ သျှမ်းလူငယ်များအဖွဲ့က ဦးဆောင်ဖွင့်လှစ်ပြီး၊ ဇေယျသုခကျောင်းထိုင်ဆရာ တော် အရှင်ဝိနာသာရ ၊ သင်တန်းဆရာတော် အရှင်ပဏ္ဍိတ ၊ လုင်းစိုင်းယီပူးနှင့် စိုင်းလောဝ်ဝမ်း(ခ) စိုင်းဆိုင်ခေး ၀မ်း တို့က အဖွင့် အမှာစကား ပြောကြား ပေးခဲ့ကြောင်း စိုင်းယီစိုင်း ကဆိုသည်။
“ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မနေ့ကမနက် ၈းဝဝ နာရီမှာ နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ဖိတ်ကြားထားတဲ့ဧည့်သည် တော်များနဲ့ သင်တန်းသား တစ်ရာကျော် တက်ရောက်ခဲ့ကြတယ် ” ဟု ၄င်းကပြောသည်။
အင်္ဂလိပ်စာ နှင့် ဗဟုသုတအသိပညာပေးသင်တန်း တစ်သုတ်လျင် သုံးလကြာမြင့် မည်ဖြစ်ပြီး တစ်လလျင် ကျပ် ၅၀၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ကောက်ခံရရှိ သောငွေများမှာ သင်တန်းဆရာများအား ထောက်ပံ့ရန်ဖြစ်ပြီး သင်တန်းကိုရေရှည်ဖွင့် လှစ်နိုင်ရန်ရည်ရွယ်ကြောင်း သင်တန်းကြီးကြပ်ရေးမှုး စိုင်းလောဝ်ဝမ်း (ခ)စိုင်းဆိုင်ခေးဝမ်း ကဆိုသည်။
“ မနေ့ကသင်တန်းစဖွင့်ချင်းမှာပဲ သင်တန်းသား ၈၅ ယောက်လာအပ်တယ်ဗျ၊ မနက်ဖန် မှာ သင်တန်း သား နောက်ထပ် ၄၅ ဦးလက်ခံမယ်၊သင်တန်းပို့ချပေးမယ့် ဘာသာရပ်တွေက တော့ Buddhism in English ၊ Spoken English ၊ Grammar, Vocabulary ၊ Phonetic Community စတာတွေဖြစ်ပါတယ် ” ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည်။
အင်္ဂလိပ်စာ နှင့် ဗဟုသုတအသိပညာပေးသင်တန်းကို ဆရာတော် အရှင်ပဏ္ဍိတ ၊ ဆရာတော် အရှင်ဓမ္မသိရိ ၊စိုင်းလှမောင်၊စိုင်းကွမ်းခေး စသော အင်္ဂလိပ်ကျွမ်းကျင်သော ဆရာများက သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း၊လူငယ်များအား အင်္ဂလိပ်စာနှင့် ဗဟုသုတဖွံ့ဖြိုးတိုးပွားစေလိုသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ကြောင်း သင်တန်းကော် မတီအဖွဲ့ဝင် စိုင်းဆိုင် ကပြောပြပါသည်။