ပြည်လုံးကျွတ် လူဦးရေနှင့် အိိမ်အကြောင်းရာသန်းခေါင်စာရင်း ကောက်ယူမည့် အချိန်နီးကပ်လာပြီ ဖြစ်သော်လည်း ကျေးလက်နေပြည်သူများအဖို့ သန်းခေါင်စာရင်းပါအကြောင်းအရာများ လုံးဝနားမလည် သေးကြောင်း ကျေးလက်နေပြည်သူများကပြောသည်။
အဆိုပါ သန်းခေါင်းစာရင်းကောက်ခံမည့်အကြောင်းကို မြို့နှင့် နီးစပ်သည့် ကျေးရွာများတွင်သာ သိရှိရပြီး ကျန်ရှိသော ကျေးရွာများသည် အသိပညာပေးများ မရရှိသည့်အပြင် သန်းခေါင်စာရင်း လှှုပ်ဆော်ဆိုင်းဘုတ်ကိုပါ လုံးဝမထောင်သည့် ကျေးရွာများ ရှိသေးသည်ဟုသိရသည်။
သန်းခေါင်စာရင်းအကြောင်းနှင့်ပတ်သက်၍ " ကျွန်တော်တို့ရွာက ဘာပညာပေးမှလဲ မရဘူး ဒီအကြောင်းနဲ့ပတ် သက်ပြီး ဘယ်သူမှလာပြောတာလဲမရှိဘူး အုပ်ချုပ်ရေးမှူးလည်း ဘာမှ အတွင်းသိသိရှင်းပြတာမရှိဘူး ဘယ်လိုထည့်ရမလဲ ဘာတွေကောက်မလဲ ဘယ်တော့ကောက်မလဲမသိဘူး" ဟု ကော့ကရိတ်မြို့နယ်
ဝင်းသလွဲကျေးရွာမှ စောလေးမင်းကပြောသည်။
အလားတူပင် ဘားအံမြို့နယ် ခလောက်ထောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး စောသန်းမောင်မှ " ကျွန်တော်တို့က တော့ သန်းခေါင်စာရင်းကောက်တာ လူဦးရေ စာရင်းအမှန် ကောက်မှာကိုတော့သိထားတယ် ဘာတွေမေးပြီး ကောက်မလဲတော့မသိဘူး သိသလောက်နဲ့ပဲ လူထုတွေကို ရှင်းပြတယ်လူထုတွေ ဒီအကြောင်းတွေကို နားလည်ချင်မှနားလည်မယ် သူတို့ဘယ်နေ့ လာကောက်မလဲတော့ပြောပြထားတယ်" ဟု၎င်းကပြောသည်။
ယင်းသန်းခေါင်စာရင်းအသိပညာပေးအကြောင်းသည် ကျေးရွာတိုင်းကို လိုက်လံအသိပညာပေးဖို့ အချိန်မရ၍ ကျေးရွာအုပ်စုကြီးကိုတွင်သာ လိုက်လံပညာပေးနိုင်ပြီး ကျန်ရှိသည့် ကျေးရွာများသည် ရွာအုပ်ချုပ်ရေးမှူး မှတစ်ဆင့် ရှင်းပြခိုင်းသည့်အပြင် သန်းခေါင်းစာရင်းဆိုင်းဘုတ်ကိုပါ လိုက်ပြီးကပ်ထားပေးသည်ဟု ဘားအံခရိုင် လူဝင်မှှုကြီးကြပ်ရေးဌာန (လဝက) ဒုတိယညွန်ကြားရေးမှှုး ဦးကျော်ဆန်းကပြောသည်။
ကရင်ပြည်နယ်တွင် အိမ်အကြောင်းနှင့်လူဦးရေစာရင်းကောက်ဖို့ရန်အတွက်ကောက်ကွက်ပေါင်း၂၂၀၀ ကျော်ရှိပြီး အဆိုပါကောက်ကွက်များကို မတ်လ ၃၀ ရက်နေ့တွင် တာဝန်ရှိကျောင်းဆရာမများက စတင်ကောက်မည်ဟုသိရသည်။