အပစ်ရပ်စဲရေးစာချုပ်အခြေအနေ MPC ကRCSS အားတင်ပြ

အပစ်ရပ်စဲရေးစာချုပ်အခြေအနေ MPC ကRCSS အားတင်ပြ
by -
ရွှေဟင်္သာ

တနိုင် ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စာချုပ် အတွက် ဆွေးနွေးနေမှုအခြေ အနေ များအား သိရှိနိုင် ရန် အစိုးရ ငြိမ်းချမ်းရေး စင်တာ(MPC) မှအဖွဲ့ဝင် (၃)ဦးသည် ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့ဝင် တို့ကို ယနေ့မနက်ပိုင်း ၌ထိုင်းနိုင် ငံချင်း မိုင်းမြို့ တွင်တွေ့ ဆုံရှင်းလင်း တင်ပြပေး ခဲ့ကြသည် ဟု (RCSS) အဖွဲ့မှ ပြောရေးဆို ခွင့်ရှိ သူဗိုလ်မှူး ကြီး စိုင်းလောဝ် ဆိုင်မှ ဆိုပါသည်။

“ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် ကိစ္စဆွေးနွေးနေ မှုအခြေအနေ တွေကို လာရှင်းပြ တာဖြစ် ပါတယ်။ ပြီးေ တာ့ရှေ ့အပတ် မှာ (NCCT) နဲ့ပြည်ေ ထာင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ရဲ့စာချုပ် မူကြမ်း ရေးဆွဲရေး ကိုယ်စား လှယ်တွေ ညှိနှိုင်းဆွေးနွေး ပွဲကို တက်ရောက် ဖို့လည်းသီး သန့်ဖိတ်ကြား ဦးမယ်လို့ပြောပါတယ်။” ဆိုပါသည်။

RCSS အဖွဲ့အား ရှင်းလင်း တင်ပြနေစဉ် RCSS အဖွဲ့အား ရှင်းလင်း တင်ပြနေစဉ်

သို့သော်လည်း အကယ်၍ ဖိတ်ကြားခဲ့ ပါက တက်ရောက်ရန် သင့်မသင့် ပြန်လည် စဉ်းစား သွားမည်ဖြစ်ကြောင်း၊ စာချုပ် မူကြမ်းရေး ဆွဲမှု တွင်လည်း RCSS ကိုယ်စား လှယ်ပါရေး မပါရေး ထက်စာ ချုပ်ကို အားလုံးကို လွှမ်းခြုံနိုင် သည့် စာချုပ် မူကြမ်း တရပ်ဖြစ် ရန် သာအရေး ကြီးကြောင်း ဆိုပါသည်။

RCSS သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် လက်မှတ်ရေး ထိုးမည်ဖြစ်ကြောင်း စောစောပိုင်း ကတည်း က (UPWC) အား သဘော ထားပေး ခဲ့ပြီး ဖြစ်ပါသည်။ RCSS သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၏ တနိုင်ငံ လုံးအပစ် အခတ်ရပ် စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် မဟုတ်သော် လည်း တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့များ ၏ ပထမ အကြိမ် လိုင်ဇာ ညီလာခံ နှင့် ဒုတိယ အကြိမ် လောခီးလာ ညီလာခံပါ လေ့လာသူ အဖြစ် တက် ရောက်ဆွေး နွေးခဲ့ပါသည်။

ယင်းရှင်း လင်းပွဲသို့ RCSS ဖက်မှ ဗိုလ်မှုးကြီး စိုင်းလောဝ် ဆိုင် (စိုင်လ) ဦးဆောင်ပြီး၊ ဒုတိယဗိုလ်မှူးကြီး စိုင်းမိန်း၊ စိုင်း ခမ်ဟန်ဖနှင့် RCSS အကြံပေး ပုဂ္ဂိုလ် ခွန်စိုင်းတို့ တက်ရောက်ခဲ့ ပါသည်။ အလားတူ MPC အဖွဲ့မှ ဦးလှမောင်ရွှေ ခေါင်း ဆောင်ပြီး ဦးညိုအုန်းမြင့် နှင့် ဦးတင်မောင်သန်းတို့ တက်ရောက် ခဲ့ပါသည်။

RCSS ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ပြီးခဲ့သည် ၂၀၁၃ ခုနှစ် ဇွန်လတွင် နေပြည်တော်သို့ ရောက် ရှိပြီး သမ္မတ အပါ၀င် ဒေါ်အောင် ဆန်းစုကြည် နှင့် ပြည်တွင်း ရှမ်းအမျိုးသား ခေါင်းဆောင်များ ပါ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ (၂၀၁၀)ခုနှစ် ရွေးကောက် ပွဲ နောက်ပိုင်း တွင် ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၁၆) ရက်နေ့တွင် အပစ်အခတ် ရပ်စဲ ခဲ့ပြီး ပြည်ထောင်စု အဆင့် နှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ သော အဖွဲ့ဖြစ် ပါသည်။

ဤအဖွဲ့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် မဟုတ်သလို (UWSA)ဦးဆောင်သည့် (စကုန်တိန်းယင်း၊ကိုးကန့်၊မိုင်းလား) အဖွဲ့တို့ပါသော မဟာမိတ် အင်အားစု ဖွဲ့ဝင်လည်း မဟုတ်ပေ။ ဤသို့ကြောင့် (MPC) သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ရေးဆွဲရေး အခြေအနေ ကို RCSS ခေါ်ယူ ရှင်းလင်း တင်ပြခဲ့ခြင်း ဖြစ်ပါသည်။