သန်းခေါင်စာရင်းကောက်ခံရန်လုပ်သားများအိမ်ပြန် ပယင်းမှော်ပိတ်

သန်းခေါင်စာရင်းကောက်ခံရန်လုပ်သားများအိမ်ပြန် ပယင်းမှော်ပိတ်
by -
အမွန်း

ကချင်လွတ်မြောက်ရေးအဖွဲ ့(ကေအိုင်အို) ထိန်းချုပ်နယ်မြေဒေသတွင်ရှိနေသော တနိုင်းမြို ့နယ်ရှိ   ပယင်းမှော်များတွင် အလုပ် လုပ်ကိုင်နေကြသည့်ပြောင်းရွှေ့လုပ်သားများကို သန်းခေါင်စာရင်းထည့်ရန် မိမိနေရပ်သို့ မတ်လဆန်းပိုင်းမှစတင် ပြန်ကြရန် နှိုးဆော်ထားကြောင်း တနိုင်းဒေသခံကိုနော််ဆိုင်းက ပြောသည်။

၎င်းက “မှော်မှာလုပ်ငန်းလုပ်နေတဲ့သူတွေ ကိုယ်ရဲ့နေရပ်ကို ပြန်ပြီး သန်းခေါင်စာရင်းထည့်ဖို့ပြောတဲ့အတွက် ပယင်းမော်မှာ အလုပ်လုပ်နေတဲ့သူတွေ အကုန်လုံးနီးပါး ပြန်ကြပြီ” ဟု ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ ့ (ကေအိုင်အို)မှ သန်းခေါင်းစာရင်းထည့် ရန် မိမိနေရပ်သို့ပြန်ဖို့အတွက် အမိန့်ကြေညာစာများကို စာရွက်များတွင်ရေးသားပြီး မှော်နေရာ အနှံ့အပြားတွင် လိုက်လံ ကပ်ထားကာ
ပြန်ခိုင်းခြင်း ဖြစ်ကြောင်း ပယင်းမှော်မှ ပြန်လာသူ တစ်ဦးက ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံခြင်းနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်အတွင်းရှိ မှော်များတွင် အလုပ်လုပ်ကိုင် နေသော ပြောင်းရွှေ့လုပ်သားများကို နေရပ်သို့ပြန်ရန် မတ်လ ၂၀ ရက်နေ့ နောက်ဆုံး သတ်မှတ်ထားကြောင်း သိရှိရသည်။

 “သူတို့ကပြောတယ် သန်းခေါင်စာရင်းထည့်ပြီးမှ ပြန်လာပါလို့ ပြောတယ်” ဟု၄င်းက ဆိုသည်။

တနိုင်းမြို ့နယ််ရှိ ပယင်းမှော်များမှာ ညောင်ပင်ကုန်း၊ ဇီးဖြူကုန်း၊ ဖားအိုင်၊ ပိန္နဲကုန်း၊ အောင်ဘာမှော်နှင့် စုစုပေါင်း ပယင်းမှော်(၇)ခုခန့်ရှိကြောင်း၊ အဆိုပါ ပယင်းမှော်တွင် လုပ်ကိုင်နေသူများမှာ မြန်မာနိုင်ငံနေရာ အနှံ့အပြားမှ လာရောက်လုပ်ကိုင်နေသူများဖြစ်သည်။

ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက််ယူမှုလုပ်ငန်းကို ပူတာအိုမြို့နယ်တွင် အထူးဒေသအဖြစ် သတ်မှတ်ကာ ကောက်ယူမှုများရှိနေပြီး မြစ်ကြီးနားမြို ့ပေါ်ရှိ ရပ်ကွက်များတွင် နေအိမ်၊ အဆောက်အအုံ
အမှတ်အသားများ ပြုလုပ်နေပြီဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူရခြင်းသည် နိုင်ငံတော်၏ ဖွံ့ံဖြိုးရေးမူဝါဒများ ချမှတ်နိုင်ရန်အတွက် ရည်ရွယ်ချက်ဖြင့် ကောက်ယူနေသော်လည်း ကချင်ပြည်နယ်တွင် အစိုးရမှ သတ်မှတ်ထားသည့် လူမျိုးကုတ်သင်္ကေတများ မှားယွင်းနေသည့်အတွက် ပြည်သူများအကြား ရှုပ်ထွေးမှု များစွာရှိနေကြောင်း ကချင်ပြည်နယ်လူမှုအခြေပြုအဖွဲ့ အစည်းများက ထောက်ပြပြောထားသည်။

၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို လာမည့် မတ်လ(၃၀)မှ စတင်ကာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ကောက်ယူမည်ဖြစ်ပြီး အဆိုပါ သန်းခေါင်စာရင်း ရလဒ်အကြမ်းဖျင်းကို ၂၀၁၄ သြဂုတ်လတွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week