နေရပ်ပြန်မှတ်ပုံတင်လုပ်မည့်သျှမ်းပြည်သားများအား သျှမ်းလူဦးရေစာရင်းကော်မတီကူညီနိုင်မည်

နေရပ်ပြန်မှတ်ပုံတင်လုပ်မည့်သျှမ်းပြည်သားများအား သျှမ်းလူဦးရေစာရင်းကော်မတီကူညီနိုင်မည်
by -
သျှမ်းသံတော်ဆင့်

နေရပ်ပြန် မှတ်ပုံတင်လုပ်၊ သန်းခေါင် စာရင်း သွင်းမည့် ထိုင်းရောက် သျှမ်းပြည်သား ရွှေ့ပြောင်း အလုပ်သမားများ စုစည်းနိုင် ပါက နေရပ်ပြန်ရန် အကူအညီ ပေးနိုင်မည် ဖြစ်ကြောင်း သျှမ်းပြည် လူဦးရေ စာရင်းကောက်ယူရေး ကော်မတီ စည်းရုံးရေးမှူးက ပြောသည်။

“ လူစုနိုင်မယ်ဆိုရင်တော့ စုထားပြီး ကျနော်တို့ နေရပ်ပြန်ဖို့ လာခေါ်လဲရတယ်။ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ သျှမ်းပြည်တပ်မတော်ကလဲ တဖက်တလမ်းက ကူညီထောက်ပံ့ရင်းနဲ့ပေါ့။ ကျနော်တို့ အနေနဲ့  လွှတ် တော်ကိုယ်စားလှယ်တွေ၊ လူဝင်မှုကြီးကြပ်ရေးတွေ ၊ မြို့နယ်အုပ်ချုပ်ရေးတွေ လက်တွဲပူး ပေါင်းပြီး မှတ်ပုံတင်လုပ်ဖို့ ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ ဒီကိစ္စ သျှမ်းပြည်နယ်အစိုးရနဲ့လဲ ကျနော်တို့ ဆွေးနွေးတိုင် ပင် ပြီးပါပြီ” ဟု သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေးကော်မတီ စည်းရုံးရေးမှူး၊ ကျားဖြူပါတီ၏ ကျောက်မဲမြို့ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် စိုင်းသန်းမောင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက်ရှိစဉ် ပြောဆိုခဲ့ပါ သည်။

စိုင်းသန်းမောင်သည် ယခုလ ၉ ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့ ရွှေ့ပြောင်းသမားများကျောင်း(MLC) တွင် သျှမ်းရွှေ့ပြောင်းအလုပ် သမားများနှင့်တွေ့ဆုံကာ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ရွှေ့ပြောင်းအလုပ်သမား အယောက် ရ၀ ကျော် တက် ရောက်ခဲ့ကြသည်။

“လဝက ဝန်ကြီးဦးခင်ရီ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က မှတ်ပုံတင်ကို သျှမ်းပြည် တပ်မတော်ဌာနချုပ် လွယ်တိုင်း လျဲန်း မှာလည်း လုပ်နိုင်တယ်လို့ပြောဆိုကြပေမယ့် နိုင်ငံရေးအခြေအနေကောင်းနေရင်တော့ ကိစ္စမရှိဘူးလေ။ အခြေ အနေအရ အမျိုးမျိုးပြောင်းလဲခဲ့သည်ရှိသော် ဒီမှာမှတ်ပုံတင်လုပ်တဲ့သူတွေမခက် ပေဘူးလား။ ဒီအချက်ကိုလည်း ထည့်သွင်း စဉ်းစား သင့်ပါ တယ် ” ဟု ဆိုပါသည်။

အစိုးရကောက်ခံမည့် သန်းခေါင်စာရင်းပုံစံမှာ မေးခွန်း ၄၁ ခုရှိပြီး သျှမ်းပြည်လူဦးရေကောက်ယူရေးကော်မတီ၏ ကောက်ယူ မည့်ပုံစံ တွင် မေးခွန်း ၁၅ ခုသာရှိကြောင်း၊ မိသားစုအတွင်း သျှမ်းလူမျိုးဘယ်နှစ်ဦးရှိ၊  မှတ်ပုံတင်မရှိသူ ဘယ်နှစ်ဦးရှိ ၊ သျှမ်းစကားပြောတတ် သျှမ်းစာရေးတတ်သူ ဘယ်နှစ်ဦးရှိ ၊ နိုင်ငံရပ်ခြား ပညာသင်သွားသူ၊  အလုပ်သွားလုပ်သူ ဘယ်နှစ်ဦးရှိ ၊ အလုပ်လက်မဲ့ ဘယ်နှစ်ဦးရှိ ၊ ရပ်ရွာအတွင်း ဘုန်းတော်ကြီးကျောင်းဘယ်နှစ်ကျောင်း၊ ကိုရင် ဦးဇင်း ဘယ်နှစ်ပါးရှိ၊ စာသင် ကျောင်းဘယ်နှစ်ကျောင်းရှိ အစရှိသည့် မေးခွန်းများသာဖြစ်သည်ဟုစိုင်းသန်းမောင်က ဆက်လက်ပြောပြသည်။

“ ကျနော်တို့က သျှမ်းဆိုတော့ သျှမ်းပြည်ထဲမှာ သန်းခေါင်စာရင်းအရ လူဦးရေ ဘယ်လောက်ရှိလဲဆိုတာ သိရမှာပေါ့။ ဒါမှ ဖက်ဒရယ် စနစ်ဖြစ်လာရင် လူဦးရေများရင် များသလောက်အခွင့်အရေးတွေရမယ်။ လွှတ်တော်ထဲမှာ နေရာတွေရလာမယ်။ ဒါကြောင့် လူဦးရေ စာရင်းအတိအကျသိရအောင် အစိုးရလုပ်ပေးမှာကိုစောင့်နေစရာမလိုပါဘူး။ ကျနော်တို့အတွက် ကျန်းမာရေး ပညာရေး အမျိုးသား ရေး အစစအရာရာ ကျနော်တို့ ကိုယ်တိုင်ထလုပ်မှ ရတော့မှာဖြစ်ပါတယ်” - ဟုလည်းပြောဆိုခဲ့သည်။

မှတ်ပုံတင်(ဝါ) နိုင်ငံသားစီစစ်ရေးမရှိပါက၊ မိသားစု သန်းခေါင်စာရင်းတွင် မိမိအမည်စာရင်းမပါရှိပါက ရွေးကောက်ပွဲ များ တွင် မဲပေးခွင့်မရှိခြင်း၊ရပ်ရွာ လူမှုအသိုင်းအဝိုင်းအတွင်း ဦးဆောင်ဦးရွက် မှုပြုခွင့်မရှိခြင်း၊ စီးပွါးရေးလုပ်ခွင့်လိုင်စင်ပြု လုပ်ခွင့်မရှိ ခြင်း အစရှိ ပြဿနာများဖြင့် ရင်ဆိုင်ရမည်ဟုလည်းသတိပေးခဲ့သည်။

 သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေးကော်မတီ၏ အဓိကလုပ်ငန်းမှာ သျှမ်းလူမျိုးဖြစ်ပါလျှက် တခြားလူမျိုးအမည် တပ်ခံရသူများ အား သျှမ်းလူမျိုးအမည်ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းပေးရန်ဖြစ် သည်ဟု ကော်မတီဝင်များကပြောဆို ခဲ့ဖူးသည်။ မလွန်ဆန်နိုင်သည့်အခြေအနေမှ လူမျိုးနေရာတွင် ဗမာလူမျိုး ဖြစ်သွားရသော သျှမ်းလူဦးရေမှာ သျှမ်းပြည်တွင်း လူဦးရေ၏ ၃ ပုံ ၁ပုံရှိနေကြောင်း စိုင်းသန်းမောင်က ထောက်ပြသည်။

သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေးကော်မတီကို ၂၀၁၃ ဩဂတ်စ်လ ၂၂ ရက်နေ့က သျှမ်းပြည်တွင်းနိုင်ငံ ရေးပါတီများ၊ လူမှုအဖွဲ့အစည်းများက ဖွဲ့စည်းခဲ့ကြသည်။ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

Most read this week