တောင်ကြီး တိုင်းရင်း မီဒီယာညီလာခံ သတင်း ဌာနပေါင်း ၄၀ ကျော်တက်ရောက်

တောင်ကြီး တိုင်းရင်း မီဒီယာညီလာခံ သတင်း ဌာနပေါင်း ၄၀ ကျော်တက်ရောက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြို့တော် တောင်ကြီး၌ ယနေ့ စတင်ကျင်းပသော ဒုတိယအကြိမ်မြောက် တိုင်းရင်း မီဒီယာညီလာခံ တွင် သျှမ်းပြည် ဝန်ကြီးချုပ်၊ ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ သျှမ်းပြည်နယ်အစိုးရဝန်ကြီး များ တက်ရောက်ကြပါသည်။

ညီလာခံတက်ရောက်လာသည့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် သတင်းသမားများ

မတ်ခ်ျ ၄ ရက်နေ့ တိုင်းရင်းသားမီဒီယာညီလာခံ ပထမရက်အခမ်းအနားတွင် သျှမ်းပြည်နယ် ဝန်ကြီး ချုပ် ဦးစဝ်အောင်မြတ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဒုဝန်ကြီးဦးပိုက်ထွေး၊ မြန်မာ့အသံရုပ်မြင် သံကြား တိုင်းရင်းသားသတင်းဌာနမှ တိုင်းရင်းသားသတင်းသမားများ၊ ဘီအဲန်အိုင်အဖွဲ့ဝင် တိုင်းရင်း သားများ၊ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားသတင်းဌာနများ အပါအဝင် တိုင်းရင်းသားသတင်းဌာန ၄၀ ကျော်၊ လူမှုအသင်းအဖွဲ့ ၂၇ ဖွဲ့ လူအင်အား ၂၅၀ ကျော်တက်ရောက်ပါသည်။

 “ အခြေခံဥပဒေနဲ့ အညီ လွတ်လပ် စွာပြောဆိုနိုင်ဖို့ နိုင်ငံတော်အစိုးရကဆောင်ရွက် လျှက်ရှိနေပါ တယ်။ နှစ်ပေါင်းများစွာကျင့်သုံးခဲ့တဲ့ ဆင်ဆာစနစ်ကိုဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ လက်ရှိမှာ ပုဂ္ဂလိက သတင်းစာ ၃၈၉ စောင်၊ တိုင်းရင်း သားဘာသာစာစောင်ကို ဖေဖေါ်ဝါရီ လ အထိ ၉ စောင်ခွင့်ပြုထားပြီး ဖြစ်ပါတယ်” - ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးက ပြောသည်။

 ဒုတိယအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ (တောင်ကြီး)၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင် မြတ်၊ ဒုဝန်ကြီး ဦးပိုက်ထွေး ပြည်ထောင်စုပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဝန်ကြီးဌာနအပြင်၊ ကျားဖြူပါတီ ဥက္ကဌ ၊ သျှမ်းပြည်နယ်အစိုးရ ဝန်ကြီးများ၊ နိုင်ငံခြားမှကျွမ်းကျင်ပညာရှင်များ၊ အလှူရှင်များ တက်ရောက်ကြ သည်။

“ ဒီနေ့ မွန်းလွဲပိုင်းမှာ ကျနော်တို့ အင်းလေး ဟော်တယ်ဇုံသွားလေ့လာမယ်၊ ဖေါင်တော်ဦးဘုရားဖူးမယ်။ အင်းလေးမှာ ညစာအတူစားမယ်။ နက်ဖြန်မှာတော့ ဒီမိုကရက်တစ် မီဒီယာဖွံ့ဖြိုးမှု နဲ့ စိန်ခေါ်မှု၊ တိုင်းရင်း မီဒီယာလောကအတွင်းအမျိုးသမီးတို့၏အခန်းကဏ္ဌ၊နောက်ဆုံးနေ့တော့ တိုင်းရင်းမီဒီယာဖွံ့ဖြိုးမှု အလုပ်ရုံ ၊ ဆွေးနွေးထားတဲ့ အမျိုးသမီး ကိစ္စတွေကို ဆုံးဖြတ်ချက်ရှာမယ်။ တိုင်းရင်း မီဒီယာ ညီလာခံ (တောင်ကြီး) ဆုံးဖြတ်ချက်ရဲ့ အစီရင်ခံစာထုတ်ပြန်မယ်” - ဟု ဘီအဲန်အိုင် အတွင်းရေးမှူး ဦးခင်မောင် ရွှေကပြောပါသည်။

ယမန်နေ့ မတ်ခ်ျလ ၃ ရက်နေ့ကလည်း တောင်ကြီးဟိုတယ်တွင် တိုင်းရင်းမီဒီယာညီလာခံအကြို ညစာစားပွဲ ကျင်းပရာတွင်လည်း သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က တက်ရောက်အားပေး ခဲ့ပါသည်။

ယမန်နှစ် ဧပြီလတွင်လည်း တိုင်းရင်း မီဒီယာပထမအကြိမ် ညီလာခံကို မွန်ပြည်နယ်၊မော်လမြိုင်မြို့၌စတင် ကျင်းပခဲ့သည်။

Most read this week