အန္တရယ်များသော ကယားပြည်နယ် လေယဉ်ပြေးလမ်းအားတိုးချဲ့ပြင်ဆင်နေ

အန္တရယ်များသော ကယားပြည်နယ် လေယဉ်ပြေးလမ်းအားတိုးချဲ့ပြင်ဆင်နေ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ ရှိ လေယာဉ်ကွင်းတွင် လေယာဉ်များ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ရန်အတွက် လေယဉ်ပြေးလမ်များ ထပ်မံတိုးချဲ့ပြင်ဆင်လျှက်ရှိနေကြောင်း လေကြောင်းပို့ ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ လက်ထောက် အင်ဂျင်နီယာ ဦးသန့်စင်စိုးက ပြောသည်။

လက်ရှိ အသုံးပြုနေသော လေယာဉ်ပြေးလမ်းသည် အလျား ပေ ၅၂၀၀ နှင့် အနံ ရ၅ ပေသာရှိသောကြောင့် ဆင်းသက်လာသော လေယဉ်များအတွက် အန္တာရယ်များကြောင်း၎င်းကပြောသည်။

“ပြေးလမ်းအကျယ်အများဆုံး ပေ(၁၀၀) လိုတယ်။ အလျားကလည်း ပေ(၆၀၀၀) ရှိဖို့လိုတယ်။ မြေပြန့်မှာဆိုတော့ ပြေးလမ်းအလျား ဒီလောက်မလိုဘူး။ ဒီနေရာက တောင်ကုန်းဒေသဖြစ်တဲ့အတွက်။ ပြေးလမ်းချဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ လေယာဉ်ပျံတွေ အန္တရာယ်ကင်းအောင် ဆင်းသက် နိုင်ဖို့” ဟု လက်ထောက်အင်ဂျင်နီယာ ဦးသန့်စင်စိုးကပြောသည်။

ယခု မြန်မာတနိုင်ငံလုံး တွင် လတ်တလော အသုံးပြု ပြေးဆွဲနေသော ပန်ကာတပ်လေယာဉ်နှင့် အတူ ဂျက်လေယာဉ် (F-28 နှင့် Boeing 737) အမျိုးအစားများကို ထပ်မံ အသုံးပြု ပြေးဆွဲဖို့ရန်အတွက် အစီအစဉ်ရှိကြောင်းသိရသည်။

သို့သော်လည်း ကယာပြည်နယ်အတွက် မူ ထပ်မံ ပြေးဆွဲမည့် လေယာဉ်များအတွက် ပြေးလမ်း အလျား ပေ(၇၀၀၀) ၊အကျယ် ပေ(၁၀၀) ၀န်းကျင်ရှိမှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ပိုကြီးတဲ့ လေယာဉ်တွေ ဆင်းနိုင်ဖို့။ ဒီလွိုင်ကော်မှာဆို ဂျက်လေယာဉ်က မဆင်းနိုင်သေးဘူး။ အဲတော့ ဂျက်လေယာဉ် ဆင်းပြီဆိုရင် အချိ်န်တိုတိုနဲ့ သွားရေးလာရေးမှာ ပိုပြီးတော့မြန်တယ်။ ပိုပြီးတော့ အန္တရာယ်ကင်း တယ်။ ခရီးသည်တွေလညး် အဆင့်မြင့်မြင့်သွားလို့ရတာပေ့ါနော်” ဟု လက်ထောက်အင်ဂျင်နီယာ ဦးသန့်စင်စိုးက ဆက်ပြောသည်။

ယခု ပြေးဆွဲနေသော လေကြောင်းလိုင်းသည် နိုင်ငံပိုင်ဖြစ်သည့်အတွက် သတ်မှတ်ထားသော လူဦးရေ မပြည့်လျှင် fly cancel နှင့် လေယာဉ်ချိန် ပုံမှန်မရှိခြင်း စသည်တို့ကြောင့်  ခရီးသည်တွေအတွက် များစွာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေသေး ကြောင်းသိရသည်။

“ခရီးသည်တွေကို ကြိုချိန်းထားပြီးတော့ (၁) နာရီကျော်လောက်မှ ထွက်ဖြစ်တာများတယ်။ အဲလို အချိန်မမှန်တဲ့ အတွက် ခရီးသည်တစ်ယောက်အနေနဲ့ ရောက်ရှိရမယ့် ခရီးတစ်ခုအတွက် အချိန်ကြာ၊ လေဆိပ်မှာ (၁) နာရီကျော်လောက် စောင့်ရတဲ့အတွက် အချိန်ကို ပုတ်တယ်။ ကိုယ်ရောက်ရမည့် ခရီးကိုလည်း အချိန်မှီ မရောက်နိုင်ဘူး” ဟု လေကြောင်းဖြင့် ခရီးသွားအတွေ့အကြံုရှိသူ  မသေးမိုးကပြောသည်။

ယခုလေယာဉ်ကွင်းကို လေကြောင်းဦးစီးဌာနမှ ဦးဆောင်ဖောက်လုပ်ပြီး လုပ်ငန်း အကောင်အထည်ဖော်ရန် အတွက် ဘတ်ဂျက် သန်း(၈၀၀၀) လျာထား ပြီး ဖောက်လုပ်နေသော အလျားပေ(၁၈၀၀)၊ အကျယ် ပေ(၁၀၀)မှာ (၂၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

တိုးချဲ့ဖောက်လုပ်နေသော လေယာဉ်အတက် အဆင်း ပြေးလမ်းသည် တဖက်က အမြောက်တပ်တောင် နှင့် ကားလမ်း တို့ ညှိနေသဖြင့် ၄င်းတောင်ကို ဖြိုရန်၊ မြို့ သွားလမ်းကိုလည်း (အ.ထ.က (၃) ကျောင်းရှေ့လမ်း)ကို လမ်းလွဲပြီး အပြီးပိတ်ဖို့အစီအစဉ် ရှိကြောင်း သိရသည်။

လက်ရှိ အသုံးပြု နေသော လေယာဉ်ကွင်းသည် ဒုတိယကမ္ဘာစစ်ကာလတွင်း(ဂျပန်ခေတ်)က ဖောက်လုပ်ထားခဲ့ခြင်းဖြစ်၍ ၄င်းကို ပြန်လည်မွမ်းမံပြီး ယနေ့တိုင် အသုံးပြုနေခြင်းဖြစ်သည်။

Most read this week