သန်းခေါင်စာရင်းကိစ္စ ကေအဲန်ယူနှင့် ကျေးရွာဥက္ကဌများတွေ့ဆုံဆွေးနွေး

သန်းခေါင်စာရင်းကိစ္စ ကေအဲန်ယူနှင့် ကျေးရွာဥက္ကဌများတွေ့ဆုံဆွေးနွေး
by -
နန်းချောင်ဖော့

နန်းချောင်ဖော့(ကေအိုင်စီ)။    ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို ့နယ်တွင် သန်းခေါင်းစာရင်း ကောက်ယူရေး နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) နှင့်ကျေးရွာဥက္ကဌများ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် မြို့နယ် လဝက ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

လက်ရှိတွင် အစိုးရသတ်မှတ်ထားသည့် ကရင်မျိုးနွယ်စု (၁၁) မျိုးရှိပြီး သန်းခေါင်စာရင်း ကောက်ယူရာတွင် ပုံစံနှင့်် ကုတ်နံပါတ်သတ်မှတ်ချက်များသည် ကရင်လူမျိုးများအကြား ရှုပ်ထွေးနေကြောင်း၊ မှန်ကန်သည့် ကရင် လူဦးရေ ရရှိရေးနှင့် လူမျိုးအမည် မှန်မှန်ဖြေဆိုနိုင်ရန်အတွက် ရည်ရွယ်ကာ ဆွေးနွေးပွဲလုပ်ရခြင်း ဖြစ်သည်ဟု ကော့ကရိတ်မြို့နယ် ကေအဲန်ယူဥက္ကဌ ပဒိုစောမောထူးက ကေအိုင်စီသို ့ ပြောသည်။

“ကျွန်တော်တို့က ကျေးရွာလူကြီးတွေကို ခေါ်ပြီးတော့ ဒီသန်းခေါင်စာရင်းမေးခွန်းမေးတဲ့အခါမှာ စကောကရင်၊ ပိုးကရင်စတဲ့ မျိုးနွယ်စုတွေကို မပြောဘဲနဲ့ ကရင်တစ်မျိုးတည်းပဲဖြေဖို့ ကျွန်တော်တို့က ဆွေးနွေးပွဲမှာ ပြောခဲ့ ပါတယ်” ဟု ပဒိုစောမောထူးကပြောသည်။

 ကော့ကရိတ်မြို ့နယ်၊ ရွာတန်းရှည်ကျေးရွာမှ စောမြအေးကလည်း “သန်းခေါင်စာရင်းလာကောက်တဲ့အခါ ကျွန်တော်ကတော့ ကရင်လို့ပဲဖြေမယ်” ဟု ကေအိုင်စီသို ့ပြောသည်။

အလားတူ ကရင်ပြည်နယ် လဝကရုံး၊ ဒုပြည်နယ်မှူး စောတင့်လွင်က “အခုလူမျိုးကိစ္စတွေနဲ့ ပြဿနာတွေ တက်နေတယ် ကရင်ထဲမှာဆိုရင်တော့ မျိုးနွယ်စုတွေရှိနေတယ် ဒါလေးတွေအခုဖြစ်နေတဲ့ ပြဿနာဖြစ်တယ်၊
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဝန်ကြီးကရှင်းနေတယ် သန်းခေါင်စာရင်းမှာ လူမျိုးဆိုတာက ကရင် ဆိုရင် ကရင်မျိုးနွယ်စုထဲမှာအခွဲလေးတွေ အများကြီးရှိတယ် ဒါပေမယ့် စက်ထဲမှာရောက်သွားတဲ့ အချိန်ကျရင် အာလုံးပြန်ပေါင်းတော့ကရင်ပဲပြန်ပေါ်လာမယ်” ဟုပြောဆိုသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတော်မှသတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာရင်းထဲတွင် မပါဝင်သူများအား သီးခြားစာရင်း သွင်းကာ ကောက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။

လက်ရှိတွင် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရေးတွင် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကေအဲန်ယူက လက်ခံထားပြီးဖြစ်ကာ ဖေဖေါ်ဝါရီ ၉ ရက်နေ ့တွင် မြဝတီမြို ့၊ ၁၀ ရက်နေ ့တွင် ကော့ကရိတ်မြို ့နယ်တို ့၌ ကေအဲန်ယူ မြို ့နယ်အဆင့်တာဝန်ရှိသူများနှင့် ကျေးရွာဥက္ကဌများတွေ ဆုံဆွေးနွေးခဲ့ပြီး လဝက တာဝန်ရှိသူ များကလည်းရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

Most read this week