မြောက်ဥက္ကလာပ NLD ပြည်ထောင်စုနေ့ စာပေဟောပြောပွဲ အချိန်ကပ်ပြီး ဖျက်သိမ်းရ

မြောက်ဥက္ကလာပ NLD ပြည်ထောင်စုနေ့ စာပေဟောပြောပွဲ အချိန်ကပ်ပြီး ဖျက်သိမ်းရ
by -
နိရဥ္စရာ

ဖေဖော်ဝါရီ ၁၂  ရက်နေ ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြောက်ဥက္ကလာပမြို ့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးစီး ကျင်းပမည့် စာပေဟောပြောပွဲကို စာပေဟောပြောပွဲမစတင်မှီ နာရီ အနည်းငယ်အလိုတွင် ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ဖျက်သိမ်းလိုက်ရခြင်းမှာ ဦးကိုနီနှင့် ဦးမြအေးတို့ ပါ၀င်ဟောပြောမည့် အပေါ် ဆန့်ကျင်ကန့်ကွက် မူများ ပေါ်ပေါက်လာကြောင်း မျိုးချစ်ရဟန်းတော်သမဂ္ဂအဖွဲ ့မှ အရှင်သုစိတ္တက ပြောသည်။

nld billboard

“ဒါကတိုင်းရင်းအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုနေ ့ ဖြစ်ပါတယ်။ ဦးဇင်းတို ့က NLD မှ ဦးစီးကျင်းပလို ့ ကန် ့ ကွက်ပြီး ပြောနေတာမဟုက်ပါဘူး။ ပြည်ထောင်စုနေ ့ဆိုတာ တိုင်းရင်းအားလုံးကို ကိုယ်စားပြုပါတယ်။ NLD မှာ တိုင်းရင်းသား လူမျိုးပညာရှင်တွေ အများကြီးရှိပါတယ်။ သူတို ့တွေ ရွေးပြီးထည့်ပါလား။ ဘာကြောင့် တိုင်းရင်းသား မဟုက်တဲ ့ လူမျိုးတွေကို ရွေးပြီး ဒီပြည်ထောင်စုနေ ့ စာပေဟောပြောပွဲမှာထည့်ရတာလဲ။ NLD မှာ တိုင်းရင်းသား ပညာတတ်တွေမရှိဘူးလား” ဟု  ယင်းရဟန်းတော်က ဆိုသည်။

ပြည်ထောင်စုနေ ့ ဆိုသည်မှာတိုင်းရင်းသားများကို ကိုယ်စားပြုသောနေ့ ဖြစ်သောကြောင့် ယင်းစာပေဟောပွဲ တွင် မြန်မာ တိုင်းရင်းသားလူမျိုး တစ်ဦးတစ်ယောက်ကိုမှ  ထည့်ပေးဟောပြောခြင်းမပြုဘဲ မွတ်ဆလင်များကို ထည့်သွင်း ဟောပြောရန် စီစဉ်ထားမူ အပေါ် မသင့်လျော်သဖြင့် မျိုးချစ် ရဟန်းသံတော်သမဂ္ဂအဖွဲ ့မှ ကန့်ကွက်ရာမှ စာပေဟောပြောပွဲကို ဖျက်သိမ်းကြောင်း အမျိုးသားဒီမိုကရေစီ  ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးထွန်မြင့်မှ ညနေ ရ နာရီ ၃၀ မိနစ်တွင် ကျေညာခဲ့သည်ဟု သိရသည်။

ဦးကိုနီနှင့် ကိုမြအေးတို့ ဟောပြောခွင့်မရလျှင် စာပေဟောပြောပွဲကို ပြုလုပ်ရန် မဖြစ်နိုင်ဟု ဆိုကာ ဦးထွန်းမြင့် မှ ဖျက်သိမ်းကြောင်း ကျေညာခဲဲ့သည်ဟု ဆိုသည်။

၎င်းစာပေဟောပြောပွဲကို မြောက်ဥက္ကလာပ မြို ့နယ်( ဂ ) ရပ် ကွက်၊ နီလာ( ၁ ) လမ်းတွင် ပြည်ထောင်စုနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ညနေ (၆) နာရီခွဲတွင် ပြုလုပ်ရန် စီစဉ်ထားပြီး စာရေးဆရာ ဆင်ဖြူကျွန်းအောင် သိန်း ဆရာသန်းစိုးနှိုင် တို ့နှင့် ’’NLD မှ’’  ဦးကိုနီ နှင့် ၈၈ ကိုမြအေးတို ့မှ ဟောပြောရန်စီစဉ်ထားကြောင်း သိရသည်။

Most read this week