မွန်ပြည်နယ် သံဖြုုဇရပ်မြို့နယ်တွင် ဓာတ်ဆီဆိုင် မီးလောင်ပြီးနောက် ဆိုင်ပိုင်ရှင်က ထွက်ပြေးတိမ်းရှောင်သွား သည်ဟု သိရသည်။
လွန်ခဲ့သည့် ဧပြီလ ၅ ရက်နေ့တွင် ဓာတ်ဆီဆိုင်ပိုင်ရှင်က ဝယ်သူ၏ ဓာတ်ဆီပုံးထဲတွင် လောင်မီး (အက်စစ်) ရှိသည်ကို မသိဘဲ ဂါလံပုံးထဲကို ဓာတ်ဆီလောင်ထည့်ရာ မီးလောင်မှုဖြစ်ပွားရာကနေ ဆိုင်ရှင်၏နေအိမ်နှင့် ၄င်းဆိုင်၏ဘေးချင်ကပ်ရပ် ကားပစ္စည်းအရောင်ဆိုင်ပါ မီးစွဲသွားခဲ့သည်။
သံဖြုုဇရပ်မြို့ခံတဦးက “ဓာတ်ဆီဆိုင်ရှင်က အခုအိမ်ကနေပျောက်နေတယ်၊ ရဲတွေလာဖမ်းမှာကို ကြောက်လိ့ု ထွက်ပြေးတိမ်းရှောင်နေတယ်၊ ရဲတွေကလည်း ဆိုင်ရှင်ကို လာပြီးမဖမ်းရဲဘူး ဖြစ်နေတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဆိုင်ရှင်က မြန်မာစစ်တပ် အရာရှိရဲ့ အဖေဖြစ်နေတယ်” ပြောသည်။
သံဖြုုဇရပ်မြို့ခံများ၏အဆိုအရ မြို့ထဲမှာ ဓာတ်ဆီရောင်းခွင့်ကို အာဏာပိုင်များက ပိတ်ထားပါသည်။ သို့သော် မီးလောင်သွားသည့် ဆိုင်ပိုင်ရှင်မှာ ၄င်း၏သားအရှိန်အဝါဖြင့် မြို့ထဲတွင် ဓာတ်ဆီရောင်းချခွင့်ရပြီး ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားတာဖြစ်သည်ဟု ပြောသည်။
ဓာတ်ဆီဆိုင် မီးလောင်သည့်အချိန်တွင် သံဖြုုဇရပ်မြို့ပေါ်ရှိ မီးသတ်ကား ၂ စီး ရောက်လာသော်လည်း မီးသတ်ကား နှစ်စီးထဲမှ တစ်စီးမှာ ပျက်စီးနေသောကြောင့် မုဒုံမြို့ နှင့် ကျိုက်ခမီမှ မီးသတ်ကားကို ခေါ်ယူရကြောင်း သိရသည်။
မော်လမြိုင်မြို့ပေါ်တွင်လည်း လွန်ခဲ့သည့် ဒီဇင်ဘာလက မော်လမြိုင် အမှတ် (၁) အောက်စျေးကြီး မီးလောင်ပြီးနောက် အဏာပိုင်တို့က မြို့ထဲတွင် ဓာတ်ဆီရောင်းခွင့်ကို ပိတ်လိုက်သည်။
မီးလောင်သွားသည့် ဓာတ်ဆီဆိုင်မှာ သိန်း ( ၃ဝဝ) ခန့်ရှိကြောင်း ဆိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဧပြီလ ရ ရက်နေ့လယ် ( ၁၁) အချိန်တွင်လညး် မုဒုံမြို့နယ် ထုံမင်ကျေးရွာ၌ မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ နေအိမ် ၁၄ အိမ်ခန့် လောင်ကျွမ်းပျက်ဆီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ သိန်း ( ၅ဝဝ) ခန့်ရှိကြောင်း ထုံမင်ရွာသား များမှ သိရှိရသည်။