မြန်မာနိုင်ငံတွင် တတိယ အမြင့်ဆုံး ကုန်သွယ်ရေးလမ်းဖြစ်သည့် အိန္ဒိယ- မြန်မာ နယ်စပ်မှတဆင့် စီစီ ၁၀၀၀ အောက်ရှိ အိန္ဒိယ ထုတ်ကားများ တင်သွင်း ခွင့် ပြုတော့မည် ဖြစ်ကြောင်းသိရသည်။
ဇန်နဝါရီလ ၂၉ ရက်နေ ့ စစ်ကိုင်းတိုင်း၊ တမူးမြို ့တွင် ပြုလုပ်သည့် ကုန်သည် များနှင့် တွေ ့ဆုံပွဲတွင် စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယင်းကဲ့သို ့ ပြော ကြား ခဲ့ကြောင်း ကလေးမြို ့နယ် အင်တာနက် စာမျက်နှာ တွင်ဖေါ်ပြထားသည်။
တမူးမြို ့ ကုန်သည်များအသင်းက တင်ပြခဲ့သည့်အတိုင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ယင်းသို ့ တင်သွင်းရာတွင် ကုန်လမ်းဖြင့် အဆင်မပြေမှုများရှိပါက ပင်လယ် ရေကြောင်းလမ်းမှလည်း တင်သွင်းနိုင်ရန် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
ယင်းကား တင်သွင်းမှု လွတ်လပ်စွာ တင်သွင်းခွင့်ပြုရန် တမူး ဒေသခံတခုတည်းကသာ တင်ပြခြင်း မဟုတ်ဘဲ
ချင်းပြည်နယ်ရှိ ပြည်သူများကလည်း တောင်းဆိုကြကြောင်း၊ အိန္ဒိယနိုင်ငံ ထုတ် စီစီ ၁၀၀၀ အောက်ရှိ ကားများကို တင်သွင်းခွင့်ရရှိနိုင်ရန် ဒေသခံ ကုန်သည်များနှင့် ညှိနှိုင်းပြီး အကောင် အထည်ဖေါ်လုပ် ဆောင်ပေးမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားသည်ဟု အဆိုပါ သတင်းတွင်ဖေါ်ပြထားသည်။
အိန္ဒိယ- မြန်မာနယ်စပ်ဖြစ်သည့် တမူးမြို ့ နယ်စပ်ကုန်သွယ်ရေး စခန်းမှတဆင့် အဆက်မပြက် တင်သွင်း နေသည့် အိန္ဒိယထုတ် ဆိုင်ကယ်နှင့် သုံးဘီးကားများသည် တရုတ်နိုင်ငံထုတ် ဆိုင်ကယ် များထက် လူကြိုက်များနေကြောင်း သိရသည်။
ယင်းကဲ့သို ့ ကားများ တရားဝင်တင်သွင်းခွင့်ပြုပါက လိုင်စင်မဲ့ကားများ ၀င်ရောက်မှု ကာကွယ်နိုင် မည်ဖြစ်ကာ နိုင်ငံတော် အတွက် အခွန်ငွေလည်း ပိုမိုရရှိမည်ဖြစ်ကြောင်း ဒေသခံ ကုန်သည်များ သုံးသပ်ထားသည်။
ကားများတင်သွင်းနိုင်ရန် အိန္ဒိယ ကုမ္ပဏီများကလည်း ကမ်းလှမ်းနေ ပြီး ၊ ယင်းသို ့တင်သွင်းခွင့်ပြု ပါက အရည်အသွေးရှိသည့် ကားများ အများပြည်သူများက စျေးနှုန်း သက်သက်သာသာဖြင့် သုံးစွဲနိုင်မည်ဖြစ်သော ကြောင့် ကားများတင်သွင်းခွင့် ပြုရန် တောင်းဆိုခြင်းဖြစ်သည်ဟု သိရ သည်။
အင်ဂျင်ပါဝါ ၁၀၀၀ စီစီနှင့်အထက် မော်တော်ယာဉ်များဖြစ်သော ဘယ်လ်တာ၊ ပက်ဆိုတို့မှာ ကျပ် သိန်း ၁၀၀ ဝန်းကျင်ပေါက်စျေး ရှိကြောင်း မော်တော်ယာဉ်စျေးကွက် အတွင်းမှ သိရသည်။ သို ့သော် အိန္ဒိယထုတ် စီစီ ၁၂၀၀ ရှိ ဓါတ်ဆီသုံး ကားများကို အိန္ဒိယ ငွေဖြင့် ရူပီး- ၅ သိန်း နီးပါး (ကျပ်ငွေ- ရ၅ သိန်းခန် ့)နှင့် ဒီဇယ်သုံး ကား များအတွက် ရူပီး- ၆ သိန်း ( သိန်း ၉၀) ခန် ့ သာစျေးပေါက် လျက်ရှိသည်။
ယင်းသို ့ စီစီ ၁၀၀၀ အောက်ကားများသာ တင်သွင်းပါက လမ်းပန်းဆက်သွယ်ရေး ခက် ခဲပြီး တောင်ပေါ် ဒေသ များဖြစ်သည့် ချင်းပြည်နယ်နေရာ အနှံ ့ရှိ ပြည်သူများက အသုံးပြုနိုင်ရန် အခက်အခဲရှိမည်ဖြစ် ကြောင်း နယ်စပ်ရှိ ကုန်သည်တဦး က သုံးသပ်သည်။
အဆိုပါကုန်သည်က “ကျနော်တို့ ချင်းတောင်မှာ ဒီလောက် လမ်းဆိုးနေတာ၊ အိန္ဒိယ ထုတ် စီစီ ၁၀၀၀ အောက်ကားတွေဆိုရင် သုံးလို့ရမည်မထင်ဘူး၊ လမ်းပန်းဆက်သွယ်ရေး ကောင်း တဲ့ နေရာတွေမှာဘဲ သုံးနိုင် မှာ၊ ဒါပေမဲ့ ကားတွေ တင်သွင်းခွင့်ရှိတယ်ဆိုရင် ပြည်သူအတွက် ပိုအဆင်ပြေမှာပါ” ဟုဆိုသည်။