၂ဝ၁၃ခုနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ကဏ္ဍအချို့၌သိသာထင် ရှား စွာ တိုးတက်မှုများ ရှိသော်လည်း လေးနက်ပြင်းထန်သည့် ပြဿနာများ ဆက်လက်ရှိနေသေးသည်ဟု အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW၏ ဇန်နဝါရီ ၂၂ရက်ထုတ် နှစ်ပတ်လည် အစီရင်ခံစာက ဆိုထားသည်။
လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်များနှင့် သက်ဆိုင်သည့် အခြေခံလွတ် လပ်ခွင့်များ တိုးတက် လာခဲ့သော်လည်း၊ ပြဌာန်းထားသည့် ဥပဒေများမှာ ရှေ့နောက်ညီညွတ်မှှု ကင်းမဲ့နေပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီး လျှက်ပင် ရှိနေသေးသည်ဟု HRW ၏ အစီရင်ခံစာက ထောက်ပြထား သည်။ ထို့အပြင် ၂ဝ၁၃ ခုနှစ်အတွင်း၌ မီဒီယာ လွတ်လပ်ခွင့်တွင် ဆက်လက်ကောင်းမွန်နေသော်လည်း မြန်မာအစိုးရသည် မကြာသေးမီက ရရှိထားသော တိုးတက်မှှုများနောက်ပြန်ဆုတ်သွားစေနိုင်သည့် ဥပဒေ သစ်များကို ပြဌာန်းနိုင်ရန် ကြိုးစားခဲ့သည်ဟု အစီရင်ခံစာကဆိုသည်။
၂ဝ၁၃ ခုနှစ်အတွင်းတွင် မြန်မာအစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂ဝဝ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း၊ HRW ၏ နှစ်ပတ်လည် အစီရင်ခံစာကို ပြုစုနေချိန်၌ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်း သား ၆ဝ ခန့်ကျန်ရှိနေသေးသည်။
လွှတ်တော်ကဏ္ဍတွင်မူ လေ့လာသူများ ကြိုတင်ခန့်မှန်းထားခဲ့သည်ထက် ပိုမို၍ သက်ဝင်လှှုပ်ရှားမှှု ရှိခဲ့ကာ၊ စစ်ဘက်မှမြေယာသိမ်းမှှု၊ အခြေခံဥပဒေ ပြုပြင်ရေး နှင့် တရားဥပဒေစိုးမိုးရေး စသည့် ကိစ္စရပ်များကို လွှတ်တော်တွင် ပွင့်လင်းစွာဆွေးနွေးမှှုများ ရှိခဲ့သည်ဟု အစီရင်ခံစာတွင် သုံးသပ်ထားသည်။
မူဆလင်အရေး
“မူဆလင်များအား ဆန့််ကျင်အကြမ်းဖက်မှှု” ဆိုသည့် ခေါင်းစဉ်ခွဲအောက်တွင် ၂ဝ၁၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိတ္ထီလာ အဓိကရုဏ်းတွင် ရဲတပ်ဖွဲ့အနေဖြင့် မူဆလင်များ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည့်အပြင်၊ အချို့ မူစလင်ဆန့်ကျင်ရေးအကြမ်းဖက်မှှုများ၌ပင် ကိုယ်တိုင် တက်ကြွစွာ ပါဝင် ကျူး လွန်ခဲ့ပြီး ထိုသို့ ပါဝင်ကျူးလွန်ခဲ့ကြသည့် လုံခြံုရေး တပ်ဖွဲ့ဝင်များကို အရေးယူအပြစ်ပေးမှှုမျိုးကို အစီရင်ခံစာ ရေးသားနေစဉ်အချိန်အထိ မကြားသိရသေးကြောင်း လည်း HRW က ဆိုထားသည်။
အစီရင်ခံစာ၌ ပဲခူး၊ ဥက္ကံ နှင့် လားရှိုးမြို့များတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအကြောင်းကို ဖော်ပြထား သလို၊အောက်တိုဘာ လ အတွင်းက ရခိုင်ပြည်နယ် သံတွဲမြို့အနီး၌ ကမန်လူမျိုးများ တိုက်ခိုက်ခံခဲ့ရကာ အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ပြီး ထိုအဓိကရုဏ်းဖြစ်ပွားချိန်သည် သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ သွားရောက်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား၏ မိတ္ထီလာခရီးစဉ်တွင် ၎င်းစီးနင်းလိုက်ပါလာသော မော်တော်ကားကို လူအုပ်ကြီး၏ တိုက်ခိုက်မှှု ခံခဲ့ရခြင်းနှင့် ပတ်သတ်၍လည်း လုံခြံုရေး တပ်ဖွဲ့ဝင်များအနေဖြင့် ကြားဝင်ကာ ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သလို၊ အကြီးတန်းအစိုးရ အရာရှိများကလည်း ကင်တားနားအနေဖြင့် အဖြစ်အပျက်ကို ပုံကြီးချဲ့ခြင်းဖြစ်ကြောင်း အပြစ်တင်ခဲ့ကြကာ၊ မြန်မာဘာသာဖြင့် ရေးသားကြသည့် မီဒီယာများတွင်လည်း အများအပြားက ကင်တား နားကိုသာ ပြစ်တင်ဝေဖန်ခဲ့ကြသည်ဟု HRWကဆိုသည်။
အခြေခံလွတ်လပ်ခွင့်နှင့် စပ်လျဉ်းသည့် ဥပဒေများ
“အခြေခံ လွတ်လပ်ခွင့်များနှင့် ပတ်သတ်သည့် ဥပဒေများ” ဟူသည့် ခေါင်းစဉ်အောက်၌ မြန်မာအစိုးရအနေ ဖြင့် ဖိနှိပ်ချုပ်ခြယ်သော ဥပဒေ အများအပြားကို ရုပ်သိမ်းခြင်း၊ ပြုပြင်ခြင်းများ မပြုလုပ်ရသေးသလို အချို့ဥပဒေများကို အသုံးပြု၍ တက်ကြွလှှုပ်ရှားသူများကို ဖိနှိပ်လျက်ပင် ရှိနေသေးကြောင်း HRWက ဆိုသည်။ ၂ဝ၁၃ ခုနှစ်အတွင်းတွင် မြေယာဆိုင်ရာ အခွင့်အရေးများ၊ လယ်သမား အခွင့်အရေးများနှင့် ပတ်သတ်သည့် အရေးကြီးသော ဥပဒေများကို ပြဌာန်းခဲ့သော်လည်း၊ ထိုဥပဒေများသည်၊ မြေများသိမ်း ယူခြင်း ဘေးအန္တရာယ်မှ ကာကွယ်ပေးရန်အတွက်မူ မလုံလောက်သေးဟူသည့် စိုးရိမ်မှှုများ ရှိနေကြောင်း အစီရင်ခံစာထဲတွင် ပါရှိသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခွင့် ဥပဒေများနှင့် ပတ်သတ်၍လည်း ၂ဝ၁၃ ခုနှစ်အတွင်း တွင် မြန်မာအာဏာပိုင်များ အနေဖြင့် အချို့ဆန္ဒပြမှှုများကို ခွင့်ပြုခဲ့ပြီး အချို့ကိုမူ ခွင့်မပြုခဲ့ပေ။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် ဒေါ်နော်အုန်းလှကိုလည်း သြဂုတ်လ အတွင်းက ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့သလို၊ တရုတ်ပိုက်လိုင်းစီမံကိန်း တစ်ခုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ရခိုင်လူမျိုး ၁၁ဦးကိုလည်း စက်တင်ဘာလ အတွင်းက ထောင်ဒဏ် သုံးလချမှတ်ခဲ့ကာ၊ နိုဝင်ဘာလ အတွင်းကမူ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သဖြင့် ထိုသူအားလုံး လွတ်မြောက်လာခဲ့ကြသည်။
ထို့အပြင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ဥပဒေနှင့် ပတ်သတ်၍လည်း၊ ဝိုင်းဝန်းဖိအား ပေးမှှုများ ကြောင့်၊ များစွာတိုးတက်လာသည့် ဥပဒေကြမ်း တစ်ရပ် သြဂုတ်လတွင် ထွက်ပေါ်လာခဲ့သော်လည်း အဖွဲ့အစည်းများ၏ လွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ခြယ်နိုင်သည့် အနေအထားများ ရှိနေသေးကြောင်း HRW က ဆိုခဲ့သည်။
သတင်းမီဒီယာ ဥပဒေနှင့် ပတ်သတ်၍မူ စာနယ်ဇင်းကောင်စီ၏ ဥပဒေကြမ်းကို အစိုးရက ပယ်ချထားခဲ့ပြီး၊ ၂ဝ၁၃ ခုနှစ်ထဲတွင် အဆိုပြုခဲ့သည့် ဆက်သွယ်ရေး ဥပဒေကြမ်းထဲတွင်လည်း အခြေခံ အခွင့်အရေးများကို ခြိမ်းခြောက်နိုင်သည့် အချက်အလက်များ ပါဝင်နေသည်ဟု HRW က ဆိုခဲ့သည်။
အစိုးရ၏ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အကြောင်း HRW က ဖော်ပြထားရာတွင်လည်း၊ ကော်မရှင် အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှှု တိုင်ကြားချက် အများအပြားကို လက်ခံရရှိလျက် ရှိနေသော်လည်း လုံလောက်စွာ စုံစမ်းစစ်ဆေးမှှုများ ပြုလုပ်ခြင်း မရှိဟု ဝေဖန်ထားသည်။
တိုင်းရင်းသားအရေး
“တိုင်းရင်းသား ဒေသများရှိ ပဋိပက္ခများနှင့် အိမ်ယာများကို စွန့်ခွာထွက်ပြေးရမှှုများ” ဟူသည့် ခေါင်းစဉ် အောက်တွင်လည်း အစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့ခန့်နှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များ ရရှိခဲ့သော်လည်း ၂ဝ၁၃ခုနှစ် အတွင်း၌ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေကြောင်း ဖော်ပြထား သည်။ အစိုးရအနေဖြင့် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပမာဏ သဘောတူညီ ချက်ကို မတ်လအတွင်းက ရရှိခဲ့သော်လည်း ဒေသအတွင်းတွင် မြန်မာစစ်တပ်က အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှှုများ ဆက်လက်ရှိနေကြောင်း သတင်းများထွက်ပေါ်နေဆဲ ဖြစ်သည်ဟု HRW က ရေးသားထားသည်။
ထို့အပြင် နိုင်ငံတော်အဆင့် အာဏာပိုင်များက ခွင့်ပြုထားပြီးသားဖြစ်သည့်၊ လူသားချင်းစာနာမှှုဆိုင်ရာ အကူအညီများ ဝင်ရောက်ပေးအပ်ခွင့်ကို ဒေသတွင်း မြန်မာတပ်မှူးအချို့က ငြင်းပယ်ခဲ့မှှုများ ရှိခဲ့သည့် အတွက် ဒုက္ခသည်များအနေဖြင့် အကူအညီ အလုံအလောက် မရရှိဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ် နှင့် ကချင်၊ ရှမ်း၊ ပလောင် လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှှုများ လည်း ရှိခဲ့ရာ အရပ်သားများအနေဖြင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး အရပ်သားများအပေါ် တိုက်ခိုက်မှှုများကိုလည်း နှစ်ဘက်လုံးမှ ကျူးလွန်ခဲ့ကြသည်ဟု HRW က ဖော်ပြထားသည်။
HRW ၏ နှစ်ပတ်လည် အစီရင်ခံစာ “World Report 2014” သည် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံနှင့် နယ်မြေပေါင်း ၉ဝကျော်တွင် ၂ဝ၁၂ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ၂ဝ၁၃ နိုဝင်ဘာလ အထိ လူ့အခွင့်အရေး အခြေအနေများကို အကျဉ်းချုပ်ကာ သုံးသပ်တင်ပြထားသည်။