ထိုင်းနိုင်ငံရေးပဋိပက္ခကြောင့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများ သက်တမ်းတိုးရေး ကြန့်ကြာ

ထိုင်းနိုင်ငံရေးပဋိပက္ခကြောင့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများ သက်တမ်းတိုးရေး ကြန့်ကြာ
by -
မဇ္ဈိမ

ထိုင်းနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများအ တွက် ဆောင်ရွက်နေသော ဗီဇာသက်တမ်းတိုး ဆောင်ရွက်ပေးရေးလုပ်ငန်းစဉ်များ နှောင့်နှေးနေဆဲဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်် ဦးမျိုးအောင်က ပြောသည်။

“ထိုင်းမှာ လေးနှစ်ပြည့်တဲ့ မြန်မာလုပ်သားတွေ သက်တမ်းတိုးဖို့တို့One Stop Services Centre စခန်း တွေ ဆက်ဖွင့်ဖို့ အကောင်အထည်ဖော်ပြီး စလုပ်ဖို့ကို သူတို့ဆီမှာဖြစ်နေတဲ့ အခြေအနေကြောင့် လော လောဆယ် ဒီလုပ်ငန်းစဉ်တွေကို ဘာမှ သိပ်မဆောင်ရွက်နိုင်ဘူး။ အလုပ်သမားတွေကို နိုင်ငံသားစိစစ်ဖို့ သူတို့က လာပေးမလား၊ ဒါကို တို့ဘက်က စိစစ်လုပ်ဆောင်ပေးမယ်ပေါ့”ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းမှ လေးသန်းဝန်းကျင်ရှိနေပြီး တရားဝင် အလုပ်လုပ်ကိုင်ရန် ၂၀၀၉ ခုနှစ်မှစတင်ကာ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ ရာ စုစုပေါင်း ရ၈၀,၀၀၀ ကျော်ရှိခဲ့ပြီးဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MIGRANT WORKERS RIGHTS NETWORK–M.W.R. N)  ဒါရိုက်တာဦးစိန်ဌေးက “ထိုင်းနိုင်ငံ GDP ၁၀ ရာခိုင်နှုန်းဟာ ရွှေ့ပြောင်းလုပ်သားအင်အားတွေပေါ် မှာ မှီခိုနေတာဖြစ်တယ်။ အဲဒီထဲမှာမှ ၈၀ ရာခိုင်နှုန်းက မြန်မာလုပ်သားတွေ၊ မြန်မာထဲမှာမှ မွန်၊ ထား ၀ယ်၊ ရှမ်း၊ ရခိုင် စတဲ့သူတွေ ဖြစ်တယ်”ဟု ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု တွင် ပြောကြားထားသည်။

အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိုင်ဆောင်သူများကို နိုင်ငံသားစိစစ်ခြင်းနှင့် ယာယီနိုင်ငံကူးလက်မှတ်များ ရယူရာတွင် ခက်ခဲသည့်အတွက် ပွဲစားများမှတစ်ဆင့် လျှောက်ထားကြရာ ဘတ် ၄,၉၀၀ မှ ၈,၅၀၀ အထိ ကုန်ကျလေ့ရှိကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေး လှုပ်ရှားသည့် အဖွဲ့အစည်းအ ချို့ထံမှသိရသည်။

မြဝတီ၊ တာချီလိတ်၊ ကော့သောင်းမြို့များ၏ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ ဖွင့်လှစ်ပြီး ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၆၆ ခုဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လမှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ ထိုင်းသို့ အလုပ်သမား ရ၇,၈၃၀ ဦး စေလွှတ်နိုင်ခဲ့ သည်ဟု သိရသည်။

Most read this week