စီးပွားရေးဖွံ့ဖြိုးမှုအတွက် လုပ်ငန်း ရ ခုကို အဓိကထားရန် သမ္မတ ပြောကြား

စီးပွားရေးဖွံ့ဖြိုးမှုအတွက် လုပ်ငန်း ရ ခုကို အဓိကထားရန် သမ္မတ ပြောကြား
by -
မဇ္ဈိမ

မြန်မာ့စီးပွားရေး တိုးတက်ရန်အတွက် လုပ်ငန်းနယ်ပယ်ကြီး ရ ခု၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်ရန်လိုအပ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောသည်။

ယင်းနှင့်စပ်လျဉ်းကာ ဦးသိန်းစိန်က ဇန်နဝါရီ ၆ ရက်တွင် နေပြည်တော်၌ကျင်းပသော စီမံကိန်းကော်မရှင်၏ ပဥ္စမအကြိမ်မြောက်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက “ကျွန်တော်တို့မှာ အခွင့်အလမ်းကောင်းတွေရှိနေသလို လိုအပ်ချက်တွေလည်း ရှိနေပါတယ်။ လိုအပ်ချက်တွေကတော့ ငွေကြေးအရင်းအနှီး မပြည့်စုံမှု၊ နည်းပညာမပြည့်စုံမှု၊ လူသားအရင်းအမြစ် နည်းပါးနေသေးမှုတို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအပ်ချက်တွေရရှိဖို့အတွက် ပြည်ပရင်းနှီး မြှုပ်နှံမှုတွေ ၀င်ရောက်လာအောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နိုင်ငံတော်သမ်္မတ ဦးသိန်းစိန် ပြောကြားသည့် လုပ်ငန်းနယ်ပယ် ရ ခုမှာ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စိုက် ပျိုးရေးကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍ၊ စွမ်းအင်/ သတ္တုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ငွေရေး ကြေးရေးလုပ်ငန်းကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတို့ဖြစ်ကာ ယင်းနှင့်စပ်လျဉ်းကာ မက်ကင်ဆေးဂလို ဘယ် အင်စတီကျူ့၏ သုတေသနပြုထားခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်၏ GDP (အမျိုးသား အသားတင်ထုတ်ကုန်တန်ဖိုး) တိုးတက်နှုန်း မှာ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားပြီး သမ္မတဦးသိန်းစိန်က GDP တိုးနှုန်းကို ၈ ရာခိုင်နှုန်းအထိ ရှိလာရေးအတွက် ဖော်ပြပါလုပ်ငန်းနယ်ပယ် ရ ရပ်ကို အဓိကဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်ဟု သမ္မတက ပြောသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ဖို့က အဓိကလိုအပ်နေတာ ငွေကြေးအရင်းအနှီးတွေထောက်ပံ့မယ့် ဘဏ်လုပ်ငန်းနယ်ပယ်က တိုးတက်မှု မရှိသေးဘူးဖြစ်နေတယ်” ဟု မကြာမီက မဇ္ဈိမနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သမ္မတ၏မိန့်ခွန်းတွင် တိုင်းပြည်၏ လက်ရှိကုန်ထုတ်စွမ်းအားတိုးတက်မှုမှာ ၂ ဒသမ ရ ရာခိုင်နှုန်းသာ ရှိခြင်းအား ရ ရာခိုင်နှုန်းအထိ တိုးတက်စေရန် လုပ်ငန်း ရ ရပ်ကို ဦးစားပေးဆောင်ရွက်ရန်လိုသည်ဟု ပါရှိသည်။

Most read this week