မြန်မာနိုင်ငံကို အမေရိကန်က စစ်ရေးအရ အကူအညီများပေးခြင်းထက် လူသားချင်းစာနာမှု အကူအညီများ အပြင် မြန်မာ့တပ်မတော်ကိုလည်း လူ့အခွင့်အရေးဆိုင်ရာ အကူအညီများ ပေးသင့်သည်ဟု ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကလည်းဖြစ်သူ ဦးတင်ဦးက ဒီဇင်ဘာလ ၅ ရက်က ပြောသည်။
“စစ်ရေးအရ ထောက်ပံ့မှုတွေကို ကန့်ကွက်ပေမယ့် လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ၊ မြန်မာ့တပ် မတော်ကို လူ့အခွင့်အရေးသင်တန်းတွေပေးတာ လက်ခံပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံနှင့် အမေရိကန်အစိုးရတို့ စစ်ရေးတွင် အကန့်အသတ်နှင့်ဆက်ဆံမှုများအတွက် အမေရိကန်ကွန် ဂရက်က ကန့်ကွက်အပြီး တစ်ရက်အကြာတွင် မြန်မာနိုင်ငံသည် စစ်ရေးအကူအညီမလိုအပ်ဘဲ လူသားချင်း စာနာသည့် အကူအညီများသာ ပေးအပ်ရန် ဆိုခြင်းဖြစ်သည်။
အမေရိကန်ကွန်ဂရက်၏ ကန့်ကွက်မှုတွင် မြန်မာအစိုးရသည် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးဆက်ဆံမှု များရှိခြင်း၊ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုမရှိခြင်းတို့အပေါ် ထောက်ပြ ပြောဆိုထားသည်။
ကွန်ဂရက်၏ ကန့်ကွက်မှုကို တိုင်းရင်းသားလတ်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကယန်းပြည်သစ်ပါတီ၊ တွဲ ဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်ကလည်း “တိုတိုပြောရရင် ကွန်ဂရက်လုပ်တာ မှန်တယ်လို့ပြောချင် တယ်”ဟု မဇ္ဈိမကို ပြောသည်။
ထို့အပြင် တိုင်းရင်းသားများနှင့် လူနည်းစုများအပေါ် ဖိနှိပ်မှုများ၊ အမေရိကန်က တားမြစ်ထားသည့် မြောက်ကို ရီးယားနှင့် လက်နက်အရာင်းအဝယ်ကိစ္စများကိုလည်း ဦးတင်ဦးက ထောက်ပြခဲ့သည်။