ထိုင်းပြည်တွင်းရေး မငြိမ်သက်မှု မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်တွေ့နိုင်

ထိုင်းပြည်တွင်းရေး မငြိမ်သက်မှု မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်တွေ့နိုင်
by -
မဇ္ဈိမ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ် လျက်ရှိရာ မြန်မာရွှေ့ပြောင်း လုပ် သားများအပေါ် တိုက်ရိုက်ထိခိုက်ခြင်း မရှိသေးသော်လည်း လေးနှစ် ဗီဇာကုန်သူများအတွက်မူ သက် တမ်းတိုးရန် အခက်အခဲရှိနိုင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။

မြန်မာနှင့်ထိုင်း နှစ်ဘက်အစိုးရကြား ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်က ဘန်ကောက်မြို့တွင် လည်း ကောင်း၊ အောက်တိုဘာလ ၁၂ ရက်က နေပြည်တော်တွင် လည်းကောင်း တွေ့ဆုံဆွေး နွေးခဲ့ပြီး နို၀င် ဘာလ ၁ ရက်မှ စတင်၍ ဗီဇာသက်တမ်းတိုးပေးရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် သက်တမ်းတိုးပေးခြင်း မရှိခဲ့သဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ပြီးခဲ့သည့် နို၀င်ဘာလ ၂၆ ရက်က MWRN နှင့် ထိုင်းအလုပ်သမားဝန်ကြီးတို့ တွေ့ဆုံခဲ့ရာ ဗီဇာလေး နှစ်ပြည့်ပြီးသူ များအတွက် မကြာမီ သတင်းထုတ်ပြန်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ထုတ်ပြန်နိုင်ခြင်းမရှိသည့် အပေါ် စိုးရိမ်ကြောင်း ဦးအောင်ကျော်က ပြောခြင်းဖြစ်သည်။

“တိကျခိုင်မာတဲ့ ဥပဒေတွေနဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ထုတ်ပြန် ကြေညာပေးပါ့မယ်လို့ ပြောတယ်။ ကျွန်တော်တို့က အလုပ်သမားတွေ ပြန်လည်သက် တမ်းတိုးနိုင်ဖို့ ကာလ၊ အချိန်၊ နေရာ၊ လုပ်ငန်းတွေ အမြန်သိချင်တယ်။ အဲဒါ ကို ကျွန်တော်တို့ တောင်းဆိုရင်းနဲ့ ထိုင်း နိုင်ငံရဲ့ ပဋိပက္ခ အရှုပ်အထွေးထဲမှာ ပါ သွားတဲ့အခါမှာ ထုတ်ပြန်လို့မရဘူး” ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများက ထိုင်းအစိုးရရုံး များသို့ သွားရာလမ်းများ တွင် ဟန့်တားခြင်းများရှိသဖြင့် ရုံးအလုပ်များ မလုပ်နိုင်ပါက ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိ ခိုက်မှုများ ရှိလာမည် ဖြစ်သည်။

ယခုကဲ့သို့ အချိန်ကြာ ဆန္ဒပြခြင်း ကြောင့် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက် က စတင်၍ ယာယီနိုင်ငံ ကူးလက်မှတ်နှင့် ဗီဇာရရှိထားသော အလုပ်သမားများသည် ယခုနှစ် ဇူလိုင်လတွင် လေးနှစ် နေထိုင်ခွင့် ဗီဇာကုန်ဆုံးသွားပြီဖြစ်ပြီး အနည်းဆုံး လပ်သားဦးရေ သုံးသောင်း ကျော်၊ လေးသောင်းခန့်ရှိသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးကလည်း ပြီးခဲ့သည့် နို၀င်ဘာလ ၂၉ ရက်က အဆိုပါ လေးနှစ် ဗီဇာကုန် ဆုံးသွားသူများအား ဖမ်းဆီးခြင်း မပြု လုပ်ရန် ထိုင်းကော်မရှင်နာမင်းကြီးထံ သွားရောက် ပြောဆိုခဲ့ကြောင်း အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နို၀င်ဘာလ ၂၄ ရက်မှ စတင်ကာ ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီမှ ဆန္ဒပြသူများက ဘန် ကောက်မြို့ ဒီမိုကရေစီ ကျောက်တိုင်အနီးတစ်ဝိုက်တွင် ဆန္ဒပြခဲ့သည်။ ယင်းနောက် ဒီဇင် ဘာလ ၁ ရက်က ဘန်ကောက်မြို့မှ အစိုးရဖြုတ်ချရေး ဆန်္ဒပြသူများကို ထိုင်းရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရေ ပိုက်များဖြင့် လူစုခွဲခဲ့သော်လည်း ဒီဇင် ဘာလ ၂ ရက်တွင် ဘန်ကောက်မြို့ပေါ်၌ ဆန္ဒပြပွဲများဆက်လက် ဖြစ်ပေါ် နေ သည်။

Most read this week