လူငယ်များ ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးပွဲအတွက် စတင်ပြင်ဆင်

လူငယ်များ ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးပွဲအတွက် စတင်ပြင်ဆင်
by -
ကန္တာရဝတီတိုင်း(မ်)

အစိုးရ နှင့် တိုုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ပြုလုပ်နေကြသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲ ရလဒ် အပေါ် လေ့လာသုံုးသပ်သည့် ဆွေးနွေးပွဲကိုု ကယားပြည်နယ် လွိုင်ကော်မြို့တွင် နိုုဝင်ဘာ ၂၉ ရက်နေ့က လူငယ်များဦးဆောင်၍ ပြုလုုပ်သွားသည်။

လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ တောင်ကြီးတွင် ပြုလုပ်မည့် တနိုင်ငံလုံးရှိ လူငယ်များ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆွေးနွေးသုံးသပ်ပွဲတွင် သွားရောက်တင်ပြ ဆွေးနွေးရန်အတွက် ယခုုလိုု ကယားပြည်နယ်တွင် ဆွေးနွေးပွဲတရပ်ပြုလုုပ်ခြင်းဖြစ်ကြောင်း ဦးဆောင်ကျင်းပသည့် ကယားပြည်နယ် လူငယ်များအဖွဲ့ UKSY ကဆိုုသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုုပ်ခဲ့ကြသည့် အစိုုးရနှင့် တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်းများအကြား ပြုလုုပ်ခဲ့သည့် တနိုုင်ငံလုံုးဆိုုင်ရာ အပစ်ခတ်ရပ်စဲ ရေးရလာဒ်အပေါ် အဓိကထားဆွေးနွေးသုံုးသတ်ခဲ့ကြောင်း UKSY မှ အတွင်းရေးမှူး အဖွဲ့ဝင်တဦးဖြစ်သည့် ခွန်းအားတား ကပြောသည်။

“အဓိကကတော့ တကယ့် ငြိမ်းချမ်းရေးအနှစ်သာရကို ဘယ်သူက ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဆိုဖွင့်ဆို ကျနော် တို့ လူငယ်တွေအနေနဲ့ အဲဒီ ကျနော်တို့ကိုယ်ပိုင်ဖွင့်ဆိုထားတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက်ဘာတွေလုပ် ဖို့လိုမလဲဆိုတာကို လူတိုင်းအဲဒီ စဉ်းစားချက်တွေရလာအောင် အဓိကဇောင်းပေး ဆွေးနွေးတာပါ”ဟုု ခွန်းအားတားက ပြောသည်။

အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ကွာခြားချက်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးသုံးသပ်ကာ လူငယ်များအနေနှင့် အားဖြည့် တိုက်တွန်းပေးနိုင်ရန်အတွက်လည်းဖြစ်ကြောင်း ဆိုုသည်။

“ဒီငြိမ်းချမ်းရေးရဖို့အတွက် အဓိကအဟန့်အတားဖြစ်နေတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အသစ်ဖြစ် အောင်ပြင်ဖို့ ဒါမှမဟုတ်ရင် ရေးဆွဲဖို့ အဲဒီလုပ်ငန်းကို အကောင်ထည်ဖော်နိုင်ဖို့အတွက် ပင်လုံစိတ်ဓါတ် အခြေခံတဲ့ညီလာခံကြီးကျင်းပဖို့ အရေးတွေမှာ လူငယ်ထုတရပ်လုံး တက်တက်ကြွကြွ နဲ့ရှေ့တန်းကနေ ပါ၀င်စေချင်တယ်.. ပါ၀င်မှလည်းဖြစ်မယ်” ဟုုဆွေးနွေးပွဲသိုု့ တက်ရောက်ခဲ့သည့် ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ၁ ဗိုုလ်မှူးစောလွင်ကပြောသည်။

ကယားပြည်နယ်ရှိလူငယ်များ က လေ့လာသုံးသပ်သည့် ဆွေးနွေးပွဲ တရပ်ကို  မြန်မာနိုုင်ငံ ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တလျောက်လုံးမှာ အစိုးရဖက်က ဆောင်ရွက်ချက်များ၊ ရှိသလို အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ ၏ ပူတွဲ ဆောင်ရွက်ချက်များ လည်းရှိပါတယ်။ အဲဒီဆောင်ရွက်ချက်များတွင် လူငယ်များ၏အခန်းကဏ္ဍမှာလည်း အရေးပါ ပါသည်။

“ကယားပြည်နယ်နှင့် ကယန်းဒေသ လူငယ်များငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆွေးနွေးသုံးသပ်ပွဲ” အမည်ဖြင့် လွိုင်ကော်မြို့ နာနတ်တော ရပ်ကွက် ကက်သလစ်ဓမ္မာရုံုတွင်ပြုလုုပ်ခဲ့သည့် ဆွေးနွေးပွဲသိုု့ ပြည်နယ် ၀န်ကြီးအချို့၊ လူငယ်အဖွဲ့အစည်းအသီးသီးနှင့် နိုုင်ငံရေးပါတီအသီးသီးမှ လူငယ်များ၊ ပရဟိတအသင်း များမှ လူငယ်များတက်ရောက်ခဲ့ကြသည်။

Most read this week