မြန်မာ သစ်ဘုတ်နှင့် လူ ၁၀ ဦးကို ဘင်္ဂလာရေတပ်က ဖမ်းဆီး

မြန်မာ သစ်ဘုတ်နှင့် လူ ၁၀ ဦးကို ဘင်္ဂလာရေတပ်က ဖမ်းဆီး
by -
နိရဥ္စရာ

ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ မြန်မာနိုင်ငံမှ တရားမဝင် သစ်များ မှောင်ခို တင်သွင်းလာသည့် ဘုတ်တစ်စီးနှင့် လူ ၁၀ ဦးကို ဘင်္ဂလာဒေချ့် ရေတပ်က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

၎င်းမြန်မာ သစ်တင် မော်တော်ဘုတ်အား ယမန်နေ့ နေ့လည်ပိုင်းက မြန်မာ အခေါ် အုန်းကျွန်း၊ ဘင်္ဂလာ အခေါ် စိန့်မာတင်ကျွန်းမှ တစ်မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် ဘင်္ဂလာရေတပ်မှ ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

197-F

ယခု မော်တော်ဘုတ် ပေါ်မှ ဖမ်းမိသည့်  သစ်တန်ဖိုးမှာ ကာလ ပေါက်စျေး ဘင်္ဂလာ တာကာငွေ (၁၀) ကုဋေ ကျော်ဖိုး (မြန်မာ ကျပ်ငွေနှင့်ဆိုလျှင် ကုဋေ ၁၀၀ ဖိုးခန့်) ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ၁၀ ဦးကို ဘင်္ဂလာဒေချ့် ရေတပ်မှ ယခုအခါ တက်ကနက် ရဲစခန်းသို့ လွဲပြောင်း လိုက်ပြီဖြစ် ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ဖေါ် ပြောကြားသည်။

သို့သော်လည်း မော်တော်ဘုတ်နှင့် ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံ မည်သည့် အရပ်က ဖြစ်ကြောင်းကို ဘင်္ဂလာ အာဏာပိုင်များက တစ်စုံတစ်ရာ ထုတ်ဖေါ် ပြောကြားမူ မရှိကြောင်း သိရသည်။

၎င်းသတင်းကို ကော့စ်ဘဇားမြို့ မှ ထုတ်ဝေသော ဒေသသတင်းစာများတွင်လည်း ယနေ့ ဖော်ပြကြသည်။

Most read this week