ပေါက်တောမြို့ပေါ်ရှိ ဘာသာရေး အဆောက်အအုံ (၂၀)ခန့် လျှပ်စစ်မီးမရ

ပေါက်တောမြို့ပေါ်ရှိ ဘာသာရေး အဆောက်အအုံ (၂၀)ခန့် လျှပ်စစ်မီးမရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့ရှိ သမိုင်းဝင် လည်ရိုးတော်ဓာတ် စေတီတော် အပါအဝင် ဗုဒ္ဓ္ဓဘာသာ ဘုန်းကြီးကျောင်း (၂၀)ခန့်နှင့်  ပရိယတ္တိ စာသင်တိုက် အချို့တွင် ယခုအချိန််ထိ အစိုးရမှ တာဝန်ယူ ဖြန့်ဖြူးနေသော လျှပ်စစ်မီး သုံးစွဲခွင့် မရဘဲ ဖြစ်နေကြသည်ဟု သတင်း ရရှိသည်။

သို့အတွက် ဘုန်းတော်ကြီး ကျောင်းအချို့တွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ခက်ခက်ခဲခဲ လျှပ်စစ်မီးကို အသုံးပြုနေကြရသည်ဟု မြိ်ု့ပေါ် ဆရာတော်များက မိန့်ကြားသည်။

pauk-taw2

ပေါက်တောမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် အခြား သာသနနိက အဆောက် အဦး များတွင်  အစိုးရ လျှပ်စစ်မီးကို အသုံးပြုခွင့် ရရှိနိုင်ရေး အတွက် လွန်ခဲ့သော ခြောက်လခန့်ကပင်   မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး ဌာန တို့ထံ သံဃာတော်များ ဦးဆောင်ကာ တင်ပြတောင်ဆိုခဲ့ကြသော်လည်း ယခုချိန်ထိ တစုံတရာ ဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း သိရသည်။

“ လက်ရှိ အချိန်ထိ  ဦးဇင်းတို့ ကျောင်းတွေ အစိုးရ လျှပ်စစ်မီး မရသေးပါဘူး။ ဦးဇင်းတို့ ကျောင်းအပါအဝင် အခြားကျောင်းတွေအားလုံး မြို့ရဲ့ နယ်နမိတ်ထဲမှာ ရှိနေတဲ့ ကျောင်းတွေ ဖြစ်ပေမယ့် မြို့က ပေးဝေတဲ့ လျှပ်စစ်မီးကို မရကြတဲ့ အတွက် အမှန် တကယ် အခက်အခဲ ရှိနေကြပါတယ်” ဟု ပေါက်တောမြို့ စန္ဒာရာမ ပရိယတ္တိ စာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဦးစန္ဒသီရိမှ မိန့်ကြားသည်။

သို့အတွက် ကျောင်းအချို့တွင် ကိုယ်ပိုင် မီးစက်များကို ၀ယ်ယူပြီး အသုံးပြုကြသော်လည်း ငွေကုန်ကြေး ကျများvသဖြင့် ရေရှည်တွင် မတတ်နိုင်ဘဲ ဖြစ်နေကြရသည်ဟု ဆိုသည်။

“ အခု ကိုယ့်မီးစက်ကို အားကိုးနေကြရတယ်။ ဒါပေမယ့်လည်း မီးစက် အတွက် ဆီလိုတယ်။  မီးစက် နိုးပေးမယ့်သူ လိုတယ်။ ဒါကြောင့် ပိုက်ဆံတွေ အရမ်းကုန်ကျများတယ်။ ပီးရင် ကျောင်းဝင်း အတွင်းမှာ လည်း အသံဗလံတွေက ဆူညံနေတော့ စာပေလိုက်စားတဲ့  သံဃာတွေ အတွက်က စာကျက်ရတာ အဆင် မပြေပြန်ဘူး။ အခက်အခဲကတော့ မျိုးစုံပါဘဲ” ဟု ဆရာတော်က ဆိုသည်။

အစိုးရက စီစဉ်ပေးသော မြို့ပေါ်မှ လျှပ်စစ် မီးကိုသာ ရလျှင် ထိုကဲ့သို့ အခက်အခဲများ ရှှိတော့မည် မဟုတ်သလို စာသင်သား ရဟန်းတော်များအတွကက်လည်း အထူး အကျိုးဖြစ်ထွန်းစေမည်ဟု ဆိုသည်။

ဘင်္ဂလားဒေချ့်ကဲ့သို့သော မူဆလင် နိုင်ငံများတွင်တောင်မှ ဘာသာရေး အဆောက်အဦးများ အတွက် ရေ၊ လျှပ်စစ် မီးများ အခမဲ့ပေးထားပါလျှက် ဗုဒ္ဓဘာသာ နိုင်ငံ တစ်ခု ဖြစ်နေသော မြန်မာနိုင်ငံတွင် မြို့ပေါ် ဘုန်းတော်ကြီး ကျောင်းများတွင် လျှပ်စစ်မီး မရဘဲ ဖြစ်နေကြသည်မှာ အထူး စိတ်မကောင်း စရာဖြစ်ကြောင်း ပေါက်တော သိမ်ကျောင်းမှ ရဟန်းတော် တစ်ပါးက မိန့်ကြားသည်။

၎င်းအပြင် အစိုးရ လျှပ်စစ်မီးကို မရရှိသဖြင့် ကိုယ်ပိုင် မီးစက်ဖြင့် မီးထွန်းရသဖြင့် တစ်လ တစ်လကို ကျပ်ငွေ သုံးလေးသောင်းခန့် အလဟာသ ကုန်ကျနေရကြောင်း၊ အစိုးရ လျှပ်မီးကို သာရရှိခဲ့လျှင် ဘုန်းကြီကျောင်း များ အတွက် အာရုဏ်ဆွမ်း ပြင်ဆင်သည်မှ အစ အစစအရာရာ အဆင်ပြေ သက်သာလာမည်ဖြစ်ကြောင်း ၎င်းရဟန်းက ပြောကြားသည်။

ပေါက်တောမြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်း (၃၀) ကျော်ရှိရာ ဘုန်းကြီးကျောင်း (၉) ကျောင်းသာ အစိုးရ လျှပ်စစ်မီး သုံးစွဲခွင့် ရရှိသည်ဟု သိရသည်။

Most read this week