တိုင်းရင်းသား ရိုးရာ ထိမ်းမြားမင်္ဂလာပွဲ ပထမဆုံးအကြိမ်တင်ဆက် ပြသ

တိုင်းရင်းသား ရိုးရာ ထိမ်းမြားမင်္ဂလာပွဲ ပထမဆုံးအကြိမ်တင်ဆက် ပြသ
by -
သျှမ်းသံတော်ဆင့်

ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံခန်းမ၌  မြန်မာနိုင်ငံတိုင်းရင်းသားရိုးရာ  လက်ထပ်မင်္ဂလာပွဲတော်ကို ပထမဦးဆုံး အကြိမ် တင်ဆက်ကြောင်း  သတင်းရှိရသည်။

နိုဝင်ဘာ ၈ ရက် ညနေပိုင်း ဖွင့်ပွဲအခမ်းအနားအား  စည်းလုံးခြင်းရဲ့အင်အား  သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။  အခမ်း အနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၊ အနုပညာရှင်များ၊ လူရွှင်တော်အဖွဲ့တို့လည်း ပူးပေါင်း၍ တင် ဆက်ပြသခဲ့သည်။

တိုင်းရင်းသားရိုးရာ  လက်ထပ်မင်္ဂလာပွဲတော်တွင် မြန်မာနိုင်ငံတိုင်းရင်းသား ၈ မျိုးစလုံး၏ ရိုးရာဓလေ့မင်္ဂလာပွဲအား ခင်းကျင်းပြသရာ  သျှမ်းတိုင်းရင်းသားအစီအစဉ်တင်ဆက်မှုမှာ နံပတ် ရ တွင် ကျရောက်ခဲ့သည်။

ပွဲစီစဉ်သူ မလီလီနိုင်ကျော်က “ အခက်အခဲတွေ တော်တော်များများ ကြုံတွေ့ရပါတယ်။ ဘာအခက်အခဲ တွေလည်း ဆိုတော့ ဒီ ရိုးရာလေ့လာတဲ့  နေရာမှာတွေ့ရတဲ့ အခက်အခဲတွေ ၊ ဒီ ရိုးရာရဲ့စာပေနဲ့ ယဉ်ကျေးမှု ၊ ဒီ ရိုးရာမှန်ကန် ကြောင်းကို  ပညာ ရှင်တွေကိုဆက်သွယ်မေးမြန်းရတယ်၊ အဲလိုမျိုး ဆက်သွယ်ခဲ့ပြီးတော့ အားလုံးပူးပေါင်း  ဝင်ပါလာ ကြတယ် ၊ ဒီပွဲတော် ဖြစ်မြောက်ဖို့ အခက်အခဲ ပေါင်းစုံ တွေ့ရတယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

ရန်ကုန်မြို့ သျှမ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းက  သျှမ်းရိုးရာဓလေ့တချို့ဖြစ်သော အိုးစည်တီး ခတ်ခြင်း၊သိုးနယားအက၊ ကိန္နရာ အက၊ ဓါး ၊ သိုင်းအကများဖြင့် တင်ဆက် ပြသခဲ့သည်။

သျှမ်းလူမျိုးတို့၏ ဘိုးဘွားဘီဘင်  အစဉ်အဆက်  ထိန်းသိမ်းခဲ့ကြသော ရိုးရာအတိုင်း သတို့သားဘက်မှ မိဘဆွေ မျိုး များက ငှက်ပျောသီးနှစ်ဖီး၊ ကြက်ဥနှစ်လုံး ၊ မုန့်တချို့နှင့် တတ်နိုင်သည့်ငွေကြေး၊ အဘိုးတန်ပစည်းများဖြင့် သတို့ သမီးအား တင်တောင်းခဲ့ကြသည်။ လက်ထပ်မင်္ဂလာပွဲကို  နှစ်ဖက်သောလူကြီးမိဘများက  ရက်ကောင်းရက်မြတ် ရွေးပြီးမှ  စီစဉ်ကျင်းပ ကြသည်။

အခမ်းအနားတက်ရောက်သူ နန်းရွှေစင်ဦးက “ဒီလို သျှမ်းရိုးရာ  ယဉ်ကျေးမှု ကိုပြသခွင့် ရတော့ နောင်လာ နောက် သားတွေ လည်း သိရတယ်၊ပျော်လည်းပျော်တယ်၊ ဝမ်းလည်းဝမ်းသာတယ်” ဟုပြောကြားသည်။

အဆိုပါအခမ်းအနားတွင် သျှမ်းရိုးရာမင်္ဂလာပွဲ သရုပ်ပြရာ နှိုက်  အကယ်ဒမီ ထွန်းထွန်းဝင်း၊  အကယ်ဒမီ ခင်မို့မို့အေး နှင့် သရုပ်ဆောင် စိုင်းစည်တွမ်ခမ်း၊ မော်ဒယ်လ်  ခင်ဝင့်ဝါ တို့မှ သရုပ်ဆောင်ပြသခဲ့ပါသည်။ တိုင်းရင်းသားတမျိုး လျှင် တနာရီခန့် သရုပ်ပြသခဲ့ရပါသည်။

“ တိုင်းရင်းသားတွေ မိမိရိုးရာမကွယ်ပျောက်အောင် ဆိုတဲ့တာဝန်ကိုထိန်းသိမ်းစောင့် ရှောက် စေချင်ပါတယ်၊ ရိုးရာ ပျောက်ရင် လူမျိုးလည်းပျောက်မယ်၊ ရိုးရာကွယ်ရင် လူမျိုးလည်းကွယ်တော့မယ်၊ ဒီလိုတိုင်းရင်း သားရိုးရာ ဓလေ့ တွေကို တွေ့ရတော့ ပျော်လည်းပျော်တယ်၊ ဝမ်းလည်းဝမ်းသာတယ်” ဟု ပွဲစီစဉ်သူ မလီလီနိုင်ကျော် ကပြောသည်။

“အနန္တမဟာ မင်္ဂလာသဘင်” အမည်ရှိ တိုင်းရင်းသားရိုးရာ လက်ထပ်မင်္ဂလာကျင်းပပုံများ ပြပွဲတင်ဆက်မှုကို ရန် ကုန်မြို့ ၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။သျှမ်းတိုင်းရင်းသားကဲ့သို့ တခြား တိုင်းရင်းသားများ၏ မင်္ဂလာပွဲ တင်ဆက်မှုတွင်လည်း နာမည်ကြီးအနုပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်တို့က သရုပ် ဆောင်ပြသသွားခဲ့ပါသည်။