ပါတီများနှင့် လက်နက်ကိုင်များ ညှိနှိုင်းပြီးမှ အစိုးရနှင့် ဆက်လက် ဆွေးနွေးခြင်းက ပြည်တွင်းငြိမ်းချမ်းရေးရလဒ် ပိုကောင်းနိုင်ဟုဆို

ပါတီများနှင့် လက်နက်ကိုင်များ ညှိနှိုင်းပြီးမှ အစိုးရနှင့် ဆက်လက် ဆွေးနွေးခြင်းက ပြည်တွင်းငြိမ်းချမ်းရေးရလဒ် ပိုကောင်းနိုင်ဟုဆို
by -
မဇ္ဈိမ

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများတွင် ပါတီများ၏အခန်းကဏ္ဍကို ထည့်သွင်းရန် စီစဉ်လာခြင်းက အနာဂတ် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်း ထွက်ပေါ်လာဖွယ်ရှိမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များက သုံးသပ်လိုက်သည်။

ယခုကဲ့သို့ စီစဉ်ပေးခြင်းသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နောက်ပိုင်း တွေ့ဆုံမှုများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာရန် အစိုးရက မျှော်လင့်ထားသည်ဟု ယူဆကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။

“လိုင်ဇာဆွေးနွေးပွဲမှာ ပြီးတော့ နောက် မြစ်ကြီးနားမှာ အစိုးရနဲ့ တွေ့တယ်။ မြစ်ကြီးနားမှာတုန်းက ရလဒ်ကောင်းတွေကို မရလိုက်ဘူး။ အဲ့ဒါကြောင့် အခြေအနေကောင်းတွေကို ရလာအောင်လို့ နိုင်ငံရေးပါတီ တွေနဲ့တွေ့ပြီး ဆွေးနွေးရင် ရနိုင်မယ်လို့ အစိုးရက မျှော်လင့်ထားပုံရတယ်”ဟု ပြောသည်။

ယင်းသို့ တွေ့ဆုံပွဲကို စီစဉ်ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေး၌ နိုင်ငံရေးပါတီများ၏ အကြံဉာဏ်များကို အစိုးရက ရယူလို၍ဖြစ်နိုင်သည်ဟု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ နည်းပညာအထောက်အကူ ပြုအဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေက သုံးသပ် ပြောကြားသည်။

“အခုအချိန်မှာက အပစ်အခတ်ရပ်စဲရေးက သက်သက်ပေါ့။ အစိုးရဘက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့တည်း ဆွေးနွေးလို့လည်း ပြီးမှမပြီးတာ။ အဲ့တော့ အခြား နိုင်ငံရေးပါတီတွေလည်း ၀ိုင်းဝန်း အကြံ ဉာဏ်ပေးရင် ပိုပြီး မကောင်းဘူးလား။ အကုန်လုံး ပါ၀င်သင့်တယ် ထင်တယ်။ ပိုပြီး အကြံဉာဏ်တွေ ရ လာမယ်ထင်ပါတယ်”ဟု ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အစိုးရသည် လက်နက်ကိုင်အဖွဲ့အားလုံးနှင့် ဦးစွာ အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ယင်းနောက်တွင်မှ နိုင်ငံရေးဆွေးနွေးပွဲသို့ တက်လှမ်းရန် စီစဉ်ထား သည်။ လက်နက်ကိုင်အဖွဲ့များကမူ နိုင်ငံရေးဆွေးနွေးပွဲအတွက် အာမခံချက်ရှိမှသာ အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ထိုးမည်ဟု သဘောထားမျိုးရှိသည်။ ထို့သို့ နှစ်ဖက်ကွဲလွဲမှုအပေါ် နိုဝင်ဘာ ပထမပတ်က ၎င်းတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည့် မြစ်ကြီးနားဆွေးနွေးပွဲတွင်လည်း တိကျသည့် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။

လက်နက်ကိုင်အဖွဲ့ ထပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲကို ဒီဇင်ဘာလတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ် ထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ဘားအံမြို့တွင် တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ပြုလုပ်သွားမည်ဟု လုပ်ငန်းကော်မတီ ဒုတိ ယဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ခြင်းကြောင့် အဆိုပါ ဆွေးနွေးပွဲ မတိုင်မီ နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရလဒ်ကောင်းများ ထွက်ပေါ်လာရန် အထောက်အကူပြုနိုင်မည်ဟု အထက်ပါပုဂ်္ဂိုလ်များက သုံးသပ်ပြော ကြားကြခြင်း ဖြစ်သည်။

Most read this week