ဘင်္ဂလာဒေချ့်မှ ၀င်ရောက်လာသူ ဒါဇင်နှင့်ချီပြီး ရသေ့တောင်မြို့နယ်တွင် ဖမ်းမိ

ဘင်္ဂလာဒေချ့်မှ ၀င်ရောက်လာသူ ဒါဇင်နှင့်ချီပြီး ရသေ့တောင်မြို့နယ်တွင် ဖမ်းမိ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်မှ စက်လှေ တစ်စီးဖြင့် ၀င်ရောက်လာသူ အနည်းဆုံး လူ ၁၈ ဦးကို ရသေ့တောင်မြို့နယ် နယ်မြေခံ စစ်တပ်တပ်ရင်း တစ်ခုက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ရသေ့တောင်မြို့နယ် တောင်ပိုင်း ချိန်ခါလီရွာတွင် လွန်ခဲ့သော တနင်္ဂနွေနေ့ နံနက် စောစောပိုင်း ညဉ့်အချိန်တွင် ဖမ်းမိခြင်း ဖြစ်ကြောင်း  ရသေ့တောင်မြို့နယ် လောင်းချောင်းရဲစခန်းမှူးက ပြောကြားသည်။

ဘင်္ဂလာဒေချ့်မှ ၀င်ရောက်လာသူ ဒါဇင်နှင့်ချီပြီး ရသေ့တောင်မြို့နယ်တွင် ဖမ်းမိ

“ ကျနော်ရသလောက် သတင်းကို ပြောရရင် စုစုပေါင်း ၁၈ ဦး ဖမ်းမိပါတယ်။ ဘင်္ဂလာကလည်း ပါတယ်။ မြန်မာဘက်ကလည်း ပါတယ်။ သူတို့  ဘာကြောင့်ဝင်လာသလဲ ဆိုတာတော့ အဖမ်းခံရတဲ့ သူတွေ ကျနော်တို့ စခန်းကို မရောက်သေးတဲ့ အတွက် တိတိကျကျ ပြောလို့ မရသေးဘူး” ဟု ဆိုသည်။

ပင်လယ်ပြင်တွင် ရာသီ ဥတု ဆိုးဝါးမူကြောင့် ၀င်ရောက်လာပုံရကြောင်းနှင့် ယခုအခါ လောင်းချောင်းရဲ စခန်းသို့ ဖမ်းဆီးရမိသူများကို ယူဆောင်လာနေကြောင်း သူက ဆက်လက် ပြောဆိုသည်။

ချိန်ခါလီ ဒေသခံ တစ်ဦးကမူ ယမန်နေ့ နံနက် ၈ နာရီထိ ဖမ်းဆီးရမိသူမှာ စုစုပေါင်းမှာ ၂၁ ဦးဖြစ်ကြောင်း၊ ထိုအထဲတွင် ဘင်္ဂလာဒေချ့် နိုင်ငံသား ၁၂ ဦးနှင့် မောင်တောမှ မွတ်ဆလင် ၉ ဦး ပါ၀င်ကြောင်း ပြောကြားသည်။

“ စက်လှေ တစ်စီး ဆိပ်ကပ်လာတော့ ကျနော်တို့ ရွာသားတွေက စစ်တပ်ကို အကြောင်းကြားတယ်။ စစ်တပ်နဲ့ ရွာသားတွေ ၀ိုင်းဖမ်းတော့ လူပေါင်း ၂၁ ဦး ဖမ်းမိပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးမိသူများကို စစ်ဆေးသောအခါ စက်လှေပေါ်တွင် ဘင်္ဂလာဒေ့ချ်မှ လူပေါင်း ၁၈၀ လိုက်ပါ လာကြောင်း၊ စက်လှေ ဆိပ်ကပ်ပြီးချင်း ချိန်ခါလီ/ကိုးတန်ကောက် နယ်မြေထဲသို့ ၎င်းသူများ ဝင်ရောက် ထွက်ပြေးသွားကြသည်ဟု ပြောဆိုကြောင်း ရွာသားက ဆိုသည်။

ယခုအခါ စစ်တပ်၊ ရဲနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများက ထွက်ပြေးသွားသူများကို ပူးပေါင်း ရှာဖွေလျှက် ရှိကြကြောင်း သိရှိရပါသည်။

ဘင်္ဂလာဒေချ့်မှ ၀င်ရောက်လာသူများကို ဖမ်းဆီးမိသော ချိန်ခါလီ ဒေသသည် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မယူကမ်းတွင် တည်ရှိပြီး ဘင်္ဂလာဒေချ့်နှင့် နီးကပ်စွာ တည်ရှိသည်။

Most read this week