ပြည်တွင်းရွှေစျေးသည် ကမ္ဘာ့ရွှေစျေးအပေါ်မူတည်ကာ ဆက်လက်မြင့်တက်နေကြောင်း ရွှေဆိုင်လုပ် ငန်းရှင်များက ပြောသည်။
အောက်တိုဘာလ ၂၇ ရက်တွင် ပြည်တွင်းရွှေစျေး ကျပ် ၆၉၂,၅၀၀ စျေး ပေါက်လျက်ရှိပြီး အောက်တို ဘာလဝက်ပိုင်းကျပ် ၆၇၉,၀၀၀စျေး နှင့် နှိုင်းယှဉ်လျှင် ၁၃,၀၀၀ထိ စျေးမြင့်တက်နေကြောင်း ယင်းတို့က ဆိုသည်။
အောက်တိုဘာလ ၂၂ ရက်တွင် ပြည်တွင်းရွှေစျေး ကျပ် ၆၈၄,၀၀၀ ၀န်းကျင်ရှိရာမှ ၂၃ ရက်တွင် ကျပ် ၆၈၉,၀၀၀ ထိ တစ်ရက်အတွင်း ကျပ် ၄၀၀၀ ကျော် မြင့်တက်လာခြင်းဖြစ်ပြီး အဆိုပါ ရက်နောက်ပိုင်းတွင် ပြည်တွင်းရွှေစျေးမှာ အတက်ဘက်သို့သာ ဦးတည်ခဲ့သည်။
အောက်တိုဘာလ ၂၅ တွင် ပြည်တွင်းရွှေစျေး ၆၉၀,၀၀၀ အပေါ်သို့ မြင့်တက်လာခဲ့ပြီး ယခုလပိုင်းတွင် အမြင့်ဆုံးစျေးသို့ ရောက်ရှိလာခြင်းဖြစ်သည်။
အောင်သမာဓိရွှေဆိုင် (မန္တလေး ပင်ရင်း) မှ ဦးမော်က “ရွှေစျေးကတော့ အမြင့်ပိုင်းစျေးနဲ့ပဲ ရှိနေသေး တယ်၊ ကမ္ဘာ့ရွှေစျေးက အမြင့်စျေးမှာရှိနေတဲ့အတွက် သူစျေးကျသွားမှာပဲပြည်တွင်းစျေးလည်း ကျသွား မှာ”ဟု ပြောသည်။
စက်တင်ဘာလအတွင်း ပြည်တွင်းရွှေစျေးကျပ် ၆၉၅,၀၀၀ ကျော်စျေးနှင့် ခုနစ်သိန်းစျေးရှိခဲ့ရာမှ အောက် တိုဘာလဆန်းပိုင်းမှ စတင်ကာ အကျဘက်သို့ ဦးတည်လာခဲ့သော်ပြည်တွင်းရွှေစျေးသည် ကမ္ဘာ့ရွှေစျေး ကြောင့် အတက်ဘက်သို့ ပြန်လည် ဦးမော့လာခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်သည်။
ကမ္ဘာ့ရွှေစျေးမှ အောက်တိုဘာလ ၁၅ တွင် ၁၂၆၄ ဒေါ်လာရှိပြီး အောက်တိုဘာလ ၂၃ တွင် ၁၃၃၂ ဒေါ်လာ၊ ၂၆ ရက်တွင် ၁၃၅၅ ဒေါ်လာထိ စျေးမြင့်တက်လာသည်။