၁၉၉၀ နှစ်များတွင် တရုတ်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား တံခါးဖွင့်ပေးလိုက်သည့်အခါ ကမ္ဘာတစ် လွှားရှိ ကုမ္ပဏီများမှာ ကမ္ဘာ့အကြီးဆုံး စျေးကွက်အတွင်းသို့ ၀င်ရောက်နိုင်ချေရှိခဲ့ခြင်းအပေါ် များစွာစိတ် လှုပ်ရှား ခဲ့ကြရသည်။ လူဦးရေ တစ်ဘီလီယံကျော်ရှိသည့်အတွက် တရုတ်နိုင်ငံမှာ ကဏ္ဍစုံတိုင်းတွင် အတောမသတ် နိုင်သော အခွင့်အလမ်းများရှိသည်ဟု ရှုမြင်ခဲ့ကြသည်။
ကုမ္ပဏီများမှ တရုတ်နိုင်ငံအတွင်းတွင် ရုံးခန်းဖွင့်ရန် အလျင်အမြင်ရှာဖွေခဲဲ့ကြသလို ဒေသခံအကျိုးတူ ပူးပေါင်းဆောင်ရွက်သူများကိုလည်း စတင်ရှာဖွေခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံအ တွင်း၌ လုပ်ငန်းများ စတင်လုပ်ကိုင်နိုင်ခဲ့သည်။ သို့သော် အလျင်စလိုဆောင်ရွက်မှုများ စိတ်လှုပ်ရှားမှု များနှင့်အတူများစွာသော တရုတ်ကုမ္ပဏီများမှာ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများမှာ စျေးကွက်ဝင်လမ်း အတွက် အသင့်လျော်ဆုံး ဖြစ်၊ မဖြစ်ကိုမူ ဂရုတစိုက် စဉ်းစားခြင်း မပြုခဲ့ပေ။
စစ်အာဏာရှင်စနစ်အောက် နှစ်ပေါင်းများစွာ ကျရောက်ကာ အထီးကျန်ခဲ့သော မြန်မာနိုင်ငံမှာ ပြန်လည် တံခါးဖွင့်လိုက်သည့်အခါတွင်လည်း အလားသဏ္ဍာန်တူ အလျင်စလိုမျိုး ပေါ်ပေါက်နေပြန်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံမှာ ကမ္ဘာ့၏ နောက်ဆုံးစီးပွားရေး မျက်နှာပြင်များအနက် တစ်ခုဖြစ်သည်ဟု ယူဆထားခြင်းခံ ရပြီး မြန်မာနိုင်ငံအတွင်းသို့ သွားရောက်လည်ပတ်ကာ ၎င်းမှရနိုင်ချေရှိသော အကျိုးအမြတ်များအား တွက်ချက် ခဲ့သော စီးပွားရေးပညာရှင်များနှင့် လေ့လာသုံးသပ်သူများ၏ အားပေးမှုကြောင့် ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများအား မြန်မာ့စျေးကွက်အတွင်း ရောက်ရှိရန်အတွက် ဆူညံပွက် လောရိုက်နေကြသည်။
အကျိုးအမြတ်များ ရရှိနိုင်ချေရှိခြင်းနှင့် ငွေကြေးဆုံးရှုံးမှုများ ကြံုတွေ့ရနိုင်သော နည်းလမ်းနှစ်သွယ်ရှိနေ သည်။ အချို့ကုမ္ပဏီများက မြန်မာနိုင်ငံအတွင်း၌ လိမ္မာပါးနပ်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ အခြေ အနေကောင်းနိုင်သည်။ သို့သော် တော်တော်များများမှာလည်း ကျဆုံးသွားပေလိမ့်မည်။
ယင်းဖြစ်ရပ်နှစ်ခုမှာ တရုတ်နိုင်ငံတွင် အမှန်တကယ်ပေါ်ပေါက်ခဲ့သည်။ တရုတ်နိုင်ငံမှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ထိန်းချုပ်ထားသည်အား ဖြေလျှော့လိုက်သည့်အခါတွင် ကုမ္ပဏီများမှ ကဏ္ဍအားလုံးလိုလိုတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။
ကနဦးပိုင်းတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမှုပ်နှံမှု (FDI) အများစုအား ထုတ်ကုန်လုပ်ငန်းကဏ္ဍမှ ဆွဲ ဆောင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း စျေးပေါသော လုပ်သားစျေးကွက်ကြောင့် အထည်အလိပ် စက်ရုံလုပ်ငန်းမှာ ၂၀၁၃ ခုနှစ်အတွင်း၌ ဆွဲဆောင်မှု အရှိဆုံးသော ကဏ္ဍတစ်ခုဖြစ်ခဲ့သည်။
သို့သော် တရုတ်နိုင်ငံတွင် အခြားကဏ္ဍများမှာ လမ်းမှန်ရောက်ရန်နှင့် အရှိန်မှန်စေရန် အချိန်အနည်းငယ် ကြာမြင့်ခဲ့သည်။ တရုတ်စျေးကွက်အတွင်း၌ တည်ရှိနိုင်ရန် မျှော်လင့်ခဲ့ကြသော ကုမ္ပဏီတော်တော်များ များမှာ စျေးကွက်အတွင်းမှ ထွက်ခွဲခြင်း သို့မဟုတ် ဆက်လက်ရပ်တည်နိုင်ရန်အတွက် ငွေချေးငှားခြင်း များ ပြုလုပ်ခဲ့ရသည်။
မြန်မာနိုင်ငံတွင် ရင်းမြစ်များ ခွဲဝေအသုံးပြုရန်အတွက် ကုမ္ပဏီများအနေဖြင့် အောက်ပါအခြေခံ မေးခွန်း များအားမေးရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် မည်သည့်စျေးကွက် အခွင့်အလမ်းများ တည်ရှိနေသနည်း။ ယင်းအခွင့်အလမ်းများမှာ မိမိတို့၏ အဓိကထုတ်ကုန်များ ၀န်ဆောင်မှုများနှင့် ကိုက်ညီမှုရှိမရှိ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းက မိမိတို့၏ စီးပွားရေးမော်ဒယ်အတွက် အထောက်အကူဖြစ်နိုင်ချေ ရှိမရှိ၊ မိမိတို့ တွင် လုပ်ငန်းတိုးတက်ရေးမဟာဗျူဟာ သို့မဟုတ် မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ရှိ မရှိ၊ မိမိတို့တွင် မြန်မာနိုင်ငံအတွင်း၌ ရပ်တည်နိုင်ခြင်း သို့မဟုတ် အလျင်အမြန် ထွက်ခွာ နိုင်ခြင်း ရှိ မရှိ နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသည့် အဓိကအကြောင်းအရင်းများမှာ မည် သည်တို့ဖြစ်သည်ဆိုသည်အား မေးမြန်းရမည်ဖြစ်သည်။
၎င်းမေးခွန်းများအား မှန်ကန်စွာ ဖြေဆိုခြင်းဖြင့် ကုမ္ပဏီများအနေဖြင့် ရေရှည်ကြံုတွေ့ရမည့် ဆိုးရွားသော အမှားများအား ရေတိုရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ယင်းမှာ သိသာမြင်သာသော်လည်း ကုမ္ပဏီတော် တော်များများမှာ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့စဉ်က ပြုလုပ်ခဲ့ခြင်းမရှိပေ။ ယခုအခါတွင်လည်း မြန်မာနိုင်ငံအတွက် ပြုလုပ်ခဲ့ခြင်း မရှိသေးပေ။
ကုမ္ပဏီတော်တော်များများမှာ ဘေဂျင်း နှင့် ရှန်ဟိုင်းတို့တွင် ၎င်းတို့၏ ရုံးခန်းများအား အထောက်အကူပြု မည့် ဖောက်သည်များ၏ အချက်အလက်များမရှိဘဲ သတင်းပတ် ၁၂ ပတ်မှ ရှစ်ပတ်အထိ ရုံးခန်းများဖွင့် လှစ်ခဲ့သည်။ Coca-Cola နှင့် GE တို့ ကဲ့သို့သော ကုမ္ပဏီကြီးများမှာ ရေရှည်ရပ်တည်နိုင်သည့် အစွမ်း အစရှိပြီး ထွန်းသစ်စစျေးကွင်းအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုအား ရေရှည်အမြင်နှင့် ချဉ်းကပ်ခဲ့ကြသည်။
သို့သော် အသေးစားအလတ်စား ကုမ္ပဏီများမှာမူ ရေရှည်ရပ်တည်နိုင်သည့် ငွေကြေးအင်အား မရှိခဲ့ပေ။ ထို့ကြောင့် ည့ံဖျင်းသော ရင်းနှီးမြှုပ်နှံမှုကြောင့် ပိုမိုဆုံးရှုံးခဲ့ကြရသည်။
အတွေ့အကြံုကောင်းနှင့် ကုန်ကုန်စရိတ်များ အဆမတန်များလာခြင်းသင့်ပြိုင်ဖက်များအနေဖြင့် စျေး ကွက်အသစ်တစ်ခုအတွင်း၌ ရုံးခန်းများဖွင့်လှစ်လိုက်သည့်အတွက် သင်လည်းအလားတူ ဆောင်ရွက်ရန် လိုသည်ဟု မမှတ်ယူနိုင်ပေ။ တရုတ်နိုင်ငံမှ တံခါးဖွင့်လှစ်စဉ် အခါက ကုမ္ပဏီ တော်တော်များများမှာ ၎င်းတို့အတွက် အကောင်းဆုံးအား ဆုံးဖြတ်ချက်ချရမည့်အစား စျေးကွက်နောက်သို့ လိုက်ပါသွားခဲ့ကြ သည်။
အခြားတော်တော်များများမှာလည်း စျေးကွက်အတွင်းသို့ ပထမဆုံးအဖြစ် ရွှေ့ပြောင်းအခြေချသူများ ဖြစ်ချင်လိုကြသည်။ စျေးကွက်စတင်စအချိန်တွင် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပါက ပထမဆုံးသော အခြေချသူတစ်ဦးဖြစ်ရခြင်း၏ အကျိုးကျေးဇူးအဖြစ် အကျိုးအမြတ်များများရနိုင်မည်ဖြစ်သည်။
သို့သော် မှားယွင်းသည့် ဆက်စပ်မှုများ နှင့် အခြေချခဲ့မိပါက မည်သည့်အခွင့်အလမ်းမဆို ပျောက်ကွယ် သွားနိုင်ပြီး သင့်စျေးကွက်တည်ငြိမ်မှုအပေါ်တွင်လည်း သက်ရောက်နိုင်ချေရှိသည်။
ထို့အပြင် ကုမ္ပဏီတော်တော်များများမှာ တရုတ်စျေးကွက်အတွင်းသို့ ၀င်ရောက်ခြင်းတွင် ဖြစ်နိုင်ချေမရှိ သော မျှော်လင့်ချက်များ ရှိခဲ့သည်။ ယင်းမျှော်လင့်ချက်များမှာ အကြီးတန်းအမှုဆောင်များက ၎င်းတို့၏ စျေးကွက်အတွင်း ၀င်ရောက်မှု အစီအစဉ်များအား ချန်လှပ်ထားခဲ့သည့်အခါ ၎င်းတို့ ပြုလုပ်သည့် ဆုံး ဖြတ်ချက်မှာ ထင်ထင်ရှားရှား မရှိတော့ပေ။
မျှော်လင့်ချက်များနှင့် ကုန်ကျစရိတ်များ အဆမတန် များပြားလာသည့်အခါ ကြိုးပမ်းအားထုတ်မှုအား မြှင့်တင်ခြင်းသို့ ဦးတည်သွားပြီး ရေရှည်တွင် ကုမ္ပဏီအား အကုန်အကျ အလွန်များစေသည်။ ယခုကဲ့သို့ ဖြစ်နိုင်ချေရှိသော ဆုံးရှုံးမှုအား ရှောင်ရှားနိုင်ချေရှိသော အချက်တစ်ချက်မှာ မြန်မာ့စျေးကွက်မှာ တရုတ် နိုင်ငံနှင့် အရွယ်အစားချင်း တူညီလျင်ပင် စျေးကွက်သစ်အတွင်းမှ စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းများ တွင် ပိတ်မိမသွားစေရန် ရှောင်ရှားခြင်းပင်ဖြစ်သည်။
စျေးကွက်အခွင့်အလမ်းအား ဘက်လိုက်မှုကင်းရှင်းသည့်၊ သေချာသည့် လေ့လာဆန်းစစ်မှုများ ပြုလုပ် ပါ။ စျေးကွက် အရွယ်အစား သို့မဟုတ် သင့်ပြိုင်ဖက်များ ပြုလုပ်နေခြင်းတို့ကြောင့် ရောယောင်မလိုက် စေရန် သတိပြုရမည်။ ဤချဉ်းကပ်မှုများမှာ တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သကဲ့သို့ပင် မြန်မာနိုင်ငံ၏ ပေါ်ထွန်းစစျေးကွက်တွင်လည်း အောင်နိုင်သူနှင့် ရှုံးနိမ့်သူများအား ခွဲထုတ်ပြလိမ့်မည် ဖြစ်သည်။