သံတွဲ၌မုဒိမ်းမူကျူးလွန်သူနှစ်ဦးကို ထောင်ချ

သံတွဲ၌မုဒိမ်းမူကျူးလွန်သူနှစ်ဦးကို ထောင်ချ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊သံတွဲမြို့၌ မုဒိမ်းမူကျူးလွန်သူနှစ်ဦးကို ပြစ်မူထင်ရှားသဖြင့် ယခုလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၁၅ နှစ် ၂ လစီ အသီးသီးချမှတ်လိုက်သည်ဟု သံတွဲဒေသခံ ရှေ့နေတစ်ဦးက ပြောသည်။

ရှေ့နေက “ ပုဒ်မကတော့ မုဒိမ်းမူ ပုဒ်မ ၃၆၆၊ ၃၆၇ နဲ့ သာသနာ ညိုးနွမ်းအောင်လုပ်မှု စုစုပေါင်း (၃) မှုပါ။ ပထမ မုဒိမ်းမှု ပုဒ်မနှစ်ခုအတွက် ၁၅ နှစ်ပါ။  သာသနာ ညိုးနွမ်းအောင်လုပ်မှုက ၂ လပါ” ဟု ဆိုသည်။

ထောင်ချမှတ််ခံရသူများမှာ ငပြူး (ခေါ်) မြင့်နိုင်နှင့် ကိုနိုင်သူတို့ဖြစ်ကြပြီး လူမျိုး-ကမန်အမည်ခံ မွတ်ဆလင်များ ဖြစ်ကြသည်ဟု ရှေ့နေကဆက်ပြောသည်။

တောင်ကုတ်မြို့မှ အသက် ၁၅ နှစ်အရွယ် မစုစုလိူင်သည် ဇွန်လ ၂၉ ရက်နေ့က သံတွဲမှ တောင်ကုတ်သို့ ပြန်ရန် ကားစောင့်နေစဉ်  တက္ကစီဆိုင်ကယ်မောင်းသမား ငပြူးက လိမ်လည်လှည့်ဖျားခေါ်ယူကာ ၄င်းတို့ ၂ ဦး မုဒိမ်းပြုကျင့်ခဲ့သဖြင့် တရားရုံးက နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။

၎င်းဖြစ်ရပ်ပေါ်ပေါက်ပြီးနောက် ဇွန်လ ၃၀ ရက်နေ့တွင် သံတွဲမြို့၌ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားခဲ့ရာ  အိမ် (၃၈) လုံး၊ ဆေးခန်း(၁)ခန်း၊ ကြက်ခြံ (၁)ခုနှင့် ဆိုင်ကယ် (၃) စီးခန့် ဖျက်ဆီးခံခဲ့ရသည်။

Most read this week