ဘင်္ဂလာဒေချ့် ရာမူး (ပန်းဝါ) ၀ါကျွတ်ပွဲတော် အထူးစည်ကား

ဘင်္ဂလာဒေချ့် ရာမူး (ပန်းဝါ) ၀ါကျွတ်ပွဲတော် အထူးစည်ကား
by -
နိရဥ္စရာ

ဘုန်းတော်ကြီး ကျောင်းများ မီးရှို့တိုက်ခိုက်ခံရမူကြောင့် တစ်နှစ်တာ ရပ်နားထားခဲ့ရသော ဘင်္ဂလာဒေချ့် နိုင်ငံ ရာမူး (ပန်းဝါ)မှ ၀ါကျွတ််ပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပရာ လူပေါင်း သောင်းချီပါ၀င် ဆင်နွဲခဲ့ကြသည်။

၀ါကျွတ်ပွဲတော်၏ နောက်ဆုံးနေ့ ဖြစ်သော အောက်တိုဘာလ ၂၀  ရက်နေ့ ညနေက ရာမူး(ပန်းဝါ) ချောင်းအတွင်း ရောင်စုံ စက္ကူများဖြင့် အလှဆင်ထား ဆီးမီးဖေါင်များ၊ ပြဿဒ်များအား မျှောချရာ မြစ်ကမ်း ဘေးမှ လူပေါင်း သောင်းချီပြီး ပါ၀င်ပြီး လာရောက်ကြည့်ရှု့ခဲ့ကြသည်။

Narinjara-3

ပန်းဝါမြို့မှ ရခိုင်လူငယ်တစ်ဦးက “ လူပေါင်း သုံုးလေးသောင်းခန့် လာကြပါတယ်။ မာရမာကြီး (ဘရဝါ)၊ ရခိုင်၊ ဟိန္ဒိူ တွေအပြင် ဘင်္ဂလီ လူမျိုးတွေလည်း ပွဲတော်ကို လာကြည့်ကြပါတယ်” ဟု ဆိုသည်။

ရာမူး (ပန်းဝါ) သည် ယခင်က ရခိုင်လူမျိုးများ ထောင်နှင့် ချီ၍ နေထိုင်ခဲ့သော မြို့ဖြစ်ပြီး စီးပွားရေး အရ အထူး တွင်ကျယ်ခဲ့သော မြို့ဖြစ်သည့်အပြင် ဗမာစစ်သူုကြီး မဟာန္ဓုလ၏ ရာမူး (ပန်းဝါ) တိုက်ပွွဲကြောင့် လည်း သမိုင်းတွင် ထင်ရှားသည်။

ယခုအခါ ရခိုင်လူမျိုးများမှာ မရှိသလောက် နည်းပါးသွားခဲ့ပြီး ယခင်က ရခိုင် လူမျိုးများ တည်ဆောက် ကိုးကွယ်ထားခဲ့သော  စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများကို မာရမာကြီး (ဘရဝါ) လူမျိုးများက ထိန်းသိမ်းစောင့်ရှောက်ထားကြရပြီး ယဉ်ကျေးမူနှင့် သက်ဆိုင်သော ပွဲတော်များ ကိုလည်း ဦးဆောင် ကျင်းပကြသည်။

“ ယခင် ဒီလို ၀ါကျွတ်ပွဲတော်ကိ်ု ရခိုင်တွေက ပြုလုပ်ခဲ့ကြတာပါ။ အခု ရခိုင်တွေလည်း သိပ်မရှိတော့ဘူး။ ရှိတဲ့ လူတွေကလည်း ဦးဆောင်နိုင်စွမ်းလည်း မရှိတော့ဘူး။ ဒါကြောင့် ဘရာဝါ (မာရမာကြီး) လူမျိုးတွေက ဦးဆောင်ပြီး ကျင်းပနေကြတာ ဖြစ်ပါတယ်” ဟု ၎င်း ရခိုင် လူငယ်က ပြောဆိုသည်။

လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၃၀ ရက်နေ့က ရာမူး (ပန်းဝါ)မြို့တွင် ရှေးဟောင်း လက်ရာ ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်းကို အကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီး တိုက်ခိုက်ခဲ့ကြသည်။

၎င်းနောက်ပိုင်း ဘင်္ဂလာဒေချ့် အစိုးရက တာဝန်ယူပြီး ဘုန်းတော်ကြီး ကျောင်းများကို အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ သန်း အကုန်အကျခံကာ တနှစ်နှင့် အပြီး ပြန်လည် တည်ဆောက်ပေးခဲ့သည်။

ဗုဒ္ဓဂေါတမဘုရားရှင်အား ရည်မှန်းပြီး သုံးရက်တိုင် မီးပူဇော်ထားသော ပြဿဒ်၊ ဆီးမီးဖေါင်များကို ချောင်းထဲ တွင် မျှောချရာ ဖေါင်ပေါ်တွင် လူငယ်အများအပြားက သီချင်းပြိုင်တူ သီဆိုပြီး က၍ လိုက်ပါလာကြရာ ကမ်းပေါ်မှ ပရိသတ် အပြည့် လာရောက်ကြည့်ရှု့ခဲ့ကြသည်။

ယခုနှစ် ရာမူး (ပန်းဝါ) ၀ါကျွတ်ပွဲတော်တွင် တစ်စုံတစ်ရာ ပြဿနာ မပေါ်ပေါက်စေရန်အတွက် စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဖြင့် လုံခြံုရေးကိုလည်း အထူး တင်းကျပ်ထားခဲ့သည်။

Most read this week