ချင်း နှစ်သစ်ကူးပွဲ အနယ်နယ်အရပ်ရပ်တွင် ကျင်းပမည်

ချင်း နှစ်သစ်ကူးပွဲ အနယ်နယ်အရပ်ရပ်တွင် ကျင်းပမည်
by -
ခိုနုမ်းထုန်

နှစ်စဉ် စက်တင်ဘာနှင့် အောက်တိုဘာလရောက်တိုင်း ချင်းလူမျိုးများ ကျင်းပလေ့ရှိသည့် ချင်းနှစ်သစ်ကူးပွဲ တော်ကို အနယ်နယ်အရပ်ရပ်တွင် ကျင်းပကြမည်ဟု သိရသည်။

ချင်းဖိုးဖွားဘီဘင်လက်ထက်ကတည်းက ကောက်သစ်များရရှိသည့် နေ့သစ်၊ လသစ်​ရောက်လျှင် ကောက်သစ်စားပွဲကျင်းပခဲ့ရာ ယခုအခါအဆိုပါပွဲတော်ကို ချင်းနှစ်သစ်ကူးပွဲအဖြစ် ကျင်းပကြခြင်းဖြစ်သည်။

Chin-National-Day

ရန်ကုန် ချင်းနှစ်သစ်ကူးပွဲတော်ကို လာမည့်အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာ လမ်း၊ ဂျပ်ဆင်ခန်းမ၌ ရိုးရာ အဆို၊ အက များအပြင် ချင်းရိုးရာ နပမ်း သတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည်ဖြစ်ကြောင်း၊ ထို့အပြင် မြို့တော်ဟားခါး နှင့် ကလေး – ကဘော်ဒေသ ခမ်းပတ်တွင်လည်း
ယနေ့အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျင်းပကြမည်ဖြစ်ကြောင်းသိရသည်။

ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် ချင်းအမျိုးသားနေ့ကို မြို့ပေါ်များ၌ ကျင်းပလေ့ရှိသော်လည်း ကောက်သီး စားပွဲကိုမူ ကျေးလက်ဒေသအထိ စက်တင်ဘာလလယ်မှ အောက်တိုဘာလလယ်အကြား ရ ရက်တိတိ ကျင်းပကြခြင်း ဖြစ်သည်။

တစ်နှစ်ပတ်လုံး တောင်ယာလုပ်ငန်းအပြီး ကောက်ရိတ်သိမ်းချိန်တွင် အလှည့်ကျ ၀က်သတ်ပြီး စုပေါင်းမိတ် ဆုံ စားပွဲကို နီးစပ်ရာ ဆွေမျိုးများအလိုက် အတူတကွကျင်းပကြကာ နောင်နှစ်သစ်အတွက် ယာလုပ်ငန်းကိစ္စ အဝဝ ကိုလည်း တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

သို့ရာတွင် ချင်းပြည်သူများ ခရစ်ယာန်ဘာသာ သက်ဝင်ယုံကြည်လာသည့် နောက်ပိုင်းကာလ၌ ပေါ်လာ သည့် ကောက်သစ်များကို ဘုရားကျောင်းတွင် အလှူဒါနပြုကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဦးဆုံး ချင်းရေးရာကောင်စီက ၁၉၄၉ မတ်လ ၁၇ ရက်နေ့တွင် ချင်းအမျိုးသားနှစ်သစ်ကူးနေ့ကို အောက်တိုဘာ ၂၆ – ၂၈ ရက်နေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး ရုံးပိတ်ရက် အဖြစ်သတ်မှတ် ကျင်းပခဲ့ကြသည်။

Most read this week