ပျောက်ဆုံးနေသူ လူငယ် နှစ်ဦး အလောင်းကို သံတွဲတွင် ရှာဖွေတွေ့ရှိ

ပျောက်ဆုံးနေသူ လူငယ် နှစ်ဦး အလောင်းကို သံတွဲတွင် ရှာဖွေတွေ့ရှိ
by -
နိရဥ္စရာ

အောက်တိုဘာလ ၁ ရက်နေ့က တောင်ကုတ်မှ သံတွဲသို့ သုံးဘီး တက္ကစီဖြင့်သွားနေစဉ် အကြမ်းဖက်အုပ်စု တစ်ခု၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ လူငယ် ၂ ဦး၏ ရုပ်အလောင်းကို ယမန်နေ့က ပြန်လည် ရှာဖွေတွေ့ ရှိခဲ့သည်ဟု သံတွဲလူမူကွန်ယက် ဥက္ကဌ ကိုစိန်ချစ်က ပြောသည်။

သေဆုံးသူ လူငယ် ၂  ဦးမှာ ဖိုးတာ (ခေါ်) မောင်မောင်ဝင်း(၂၀) နှစ်နှင့် ရာဇာ (ခေါ်) မင်းခိုင်ရွှေ (၂၉) နှစ်တို့ ဖြစ်ကြပြီး ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်ဟု သူက ဆိုသည်။

သေဆုံးသူ လူငယ်နှစ်ဦးသည် တခြားသူ ၄ ဦးနှင့် အတူ အောက်တိုဘာလ ၁ ရက်နေ့က ဆိုင်ကယ်တက္ကစီ နှင့် တောင်ကုတ်မှ သံတွဲအလာတွင် လင်းသီ မူဆလင်ရွာသားများ၏ ၀ိုင်းဝန်းတိုက်ခိုက်ခြင်းခံရသဖြင့် ၄င်းတို့ နှစ်ဦး ပျောက်ဆုံးသွားပြီး ကျန် ၄ ဦးမှာ ထွက်ပြေးလွတ်မြှောက်ခဲ့ရာ ဒဏ်ရာ ပြင်းထန်စွာဖြင့် သံတွဲဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

“ သူတို့ အလောင်းကို မနေ့က မူဆလင်သချိုင်္င်းမှာ မြုပ်နှံထားတာကို  ရဲက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျနော်တို့ကတော့ ဥပဒေအတိုင်း ထိရောက်စွာ ဆောင်ရွက်ပေးဖို့ပါဘဲ။ ဒါလောက်ဘဲ ပြောချင်ပါတယ်” ဟု ကိုစိန်ချစ်က ပြောသည်။

အဆိုပါ လူသတ်မူနှင့် ပတ်သက်သူ လင်းသီ ရွာသား မူဆလင် ၁၀ ယောက်ခန့်ကို သံတွဲရဲက ဖမ်းဆီးထားပြီး စစ်ဆေး မေးမြန်းနေသည်ဟု သိရသည်။

သံတွဲရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ အဆိုပါအမှုနှင့်သက်ဆိုင်သော ရွှေလှေရဲစခန်းသို့ တိုက်ရိုက် မေးမြန်းပါဟု ဆိုကာ ဖုံးချသွားခဲ့သည်။

သံတွဲ ဖြစ်စဉ်တွင် လူ ရ ဦးသေဆုံးခဲ့သည့်အနက် ယခုရုပ်အလောင်းရသူ ကိုဖိုးတာနှင့် ကိုရာဇာတို့ အပါ အဝင် ဖြစ်သည်။

Most read this week