စစ်တွေလူမူရေးလူပ်ရှားသူ ဒေါ်ညိုအေးနှင့်ကိုကျော်ဇောဦးတို့ကိုထာင်ဒဏ် ၃လစီချ

စစ်တွေလူမူရေးလူပ်ရှားသူ ဒေါ်ညိုအေးနှင့်ကိုကျော်ဇောဦးတို့ကိုထာင်ဒဏ် ၃လစီချ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လူထု ဆန္ဒဖေါ်ထုတ်ပွဲဦးဆောင်သူများအဖြစ် တရားစွဲခံရသူ  ဒေါ်ညိုအေးနှင့် ဦးကျော်ဇောဦးတို့နှစ်ဦးအား စစ်တွေမြို့နယ်တရားရုံုးက အောက်တိုဘာလ ၈ ရက်နေ့တွင် ထောင်ဒဏ် (၃) လစီ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။

စစ်တွေမြို့နယ် ယာယီတရားသူကြီး ဒေါ်လှမြတ်မွန်က နေ့လည် ၁၂ နာရီအချိန်တွင် စီရင်ချက်ဖတ်ကြားပြီး ထောင်ဒဏ် (၃) လစီ ချမှတ်လိုက်ကြောင်း ဒေါ်ညိုအေး၏ လုပ်ဖေါ်ကိုင်ဘက်တစ်ဦး ဖြစ်သူ ကိုထွန်းလှိုင်က နိရဥ္စရာသို့ ပြောသည်။

Daw-Nyo-Aye-1

“ တရားရုံးမှာ အမှုစီရင်ချက်ကို နားထောင်ဖို့ လူတွေကလည်း တဖြည်း ဖြည်းများလာမှာကို စိုးရိမ်ပြီးတော့ ၁၂ နာရီမှာ ထောင်ချပြီး တခါတည်းတန်းပြီး ထောင်ကိုပို့ လိုက်တာဖြစ်ပါတယ်” ဟု ဆိုသည်။

၄င်းတို့နှစ်ဦးသည် လူမူရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်နေကြသူများ ဖြစ်သည်ကို အာဏာပိုင်များသိရှိသော်လည်း အပြစ်ပေးခြင်းဖြစ်သဖြင့် အယူခံဝင်သွားမည်မဟုတ်ဟု ကိုထွန်းလှိုင်က ဆက်ပြောသည်။

“ သူတို့က ရှေ့နေတောင် မဌားဘူး။ ထောင်ချချင်လည်း ချပေါ့။ ဒီအမှုက မတရားတဲ့ အမှု၊ ပေးတဲ့ ပြစ်ဒဏ်ကို သူတို့ခံယူသွားမယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီစီရင်ချက် အပေါ်မှာ အယူခံ ၀င်သွားဖို့ အစီအစဉ် မရှိပါ” ဟု ၎င်းက ဆိုသည်။

အလားတူ ထောင်ချခံခဲ့ရသည့် ကျောက်တော်၊ တောင်ကုတ်နှင့် ရသေ့တောင် အဖွဲ့များလည်း အယူခံဝင်ရန် ငြင်းဆန်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း ဆန္ဒဖေါ်ထုတ်လိုသူများသည် ခွင့်ပြုချက်တင်သော်လည်း အကြောင်းပြချက်မရှိဘဲ အာဏာပိုင်များက ငြင်းဆိုခဲ့ကြသည့်အတွက်  ပြည်သူများကလိုလားချက်များကို ဆန္ဒဖေါ်ထုတ်ခဲဲ့ရာ ခေါင်းဆောင်ဟု ယူဆသူများကို တရားစွဲဆိုကာ  စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖြင့်  ထောင်ချခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဆန္ဒဖေါ်ထုတ်၍ ထောင်ချခံရသူ ၂၁ ဦးရှိသွားပြီ ဖြစ်ရာ ဒေါ်ညိုအေးနှင့် ဦးကျော်ဇောဦး တို့သည် အဆိုပါ ၂၁ ဦးထဲတွင် နောက်ဆုံး ထောင်ချခံကြရသူများ ဖြစ်သည်။

တခြား ထောင်ဒဏ် (၃) လစီ ချမှတ်ခံထားရသူများမှာ ကျောက်တော်က ၄ ဦး၊ ရသေ့တောင်က ၂ ဦး၊ တောင်ကုတ်က ၃ ဦးနှင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းက ၁၀ ဦးတို့ ဖြစ်ကြသည်။

ဒေါ်ညိုအေးနှင့် ဦးကျော်ဇောဦးတို့နှစ်ဦးသည် စစ်တွေမြို့တွင် မွတ်ဆလင် ဒုက္ခသည်များကို ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ စိစစ်ပြီးမှ လုံးချင်းအိမ်များ ဆောက်လုပ်ပေးရန် တောင်းဆိုသော မတ်လ ၈ ရက်နေ့ လူထုဆန္ဒဖေါ် ထုတ်ပွဲကို ခွင့်ပြုချက် မရဘဲ ပြုလုပ်သည်ဟုဆိုကာ ထောင်ချခံရခြင်း ဖြစ်သည်။

Most read this week