တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးပွဲ KNPP မသွားရောက်နိုင်

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးပွဲ KNPP မသွားရောက်နိုင်
by -
ကန္တာရဝတီတိုင်း(မ်)

ယခုုလအတွင်း အစိုုးရခေါ်ယူကျင်းပပြုလုုပ်မည့် တစ်နိုုင်ငံလုံုးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုုးပွဲသို့ ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ KNPP သွားရောက်နိုင်မည်မဟုုတ်ကြောင်း ပြောသည်။

တစ်နိုုင်ငံလုံုးအတိုုင်းအတာဆောင် အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုုးပွဲဖြစ်မြောက်နိုုင်ရန် ပြည်ထောင်စုုငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေး လုုပ်ငန်းကော်မီတီ UPWC နှင့် တိုုင်းရင်းသားလက်နက်ကိုုင် အဖွဲ့အစည်းများအကြား အကြိုတွေ့ဆုံုမှုများ ပြုလုုပ်ပြီးနောက် ပြောဆိုုလိုက်ခြင်းဖြစ်သည်။
 
KNPP အတွင်းရေးမှူး-၁ အောင်ဆန်းမြင့်က “တနိုုင်ငံလုံုးအတိုုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးလုုပ်မယ်ဆိုုရင် KNPP တစ်ဖွဲ့ထဲ အနေနဲ့ကတော့ ကျနော်တိုု့ လက်မှတ်သွားထိုုးဖိုု့ ဆုံုးဖြတ်ချက်မရှိသေးဘူး”ဟုု ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ထိုုင်းနိုုင်ငံချင်းမိုုင်မြို့၌ တိုုင်းရင်းသားလက်နက်ကိုုင်အင်အားစု ၁၁ ဖွဲ့ပါ၀င်သည့် ညီညွတ်သောတိုုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC နှင့် မြန်မာအစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ UPWC တို့ တွေ့ဆုံဆွေးနွေးခဲ့စဉ် ယင်းလက်မှတ်ရေး ထိုုးပွဲတက်ရောက်ရန် ပြည်ထောင်စုုဝန်ကြီး ဦးအောင်မင်းက တောင်းဆိုုထားသည်။
 
“UNFC အနေနဲ့သွားလိုု့ လက်မှတ်ထိုုးမယ်ဆိုုလိုု့ရှိရင်လဲ ကျနော်တိုု့ခုုနပြောတဲ့ ရှေ့ဆက်သွားမည့် နိုုင်ငံရေး တွေ့ဆုံုဆွေးနွေးပွဲတွေအတွက်ကိုု အာမခံချက်တွေရှိဖိုု့ကိုု ကျနော်တိုု့ တောင်းဆိုုရမှာဖြစ်တယ်”ဟုု အောင်ဆန်းမြင့်က ပြောသည်။
 
အလားတူ UNFC အဖွဲ့တွင် အစိုုးရဖိတ်ခေါ်သည့် လက်မှတ်ထိုုးပွဲသို့တက်ရောက်ရန် KNPP ကဲ့သိုု့ ဆုံုးဖြတ်ချက် မချသေးသည့် အဖွဲ့ဝင်များနှင့် တက်ရောက်လိုုသည့်အဖွဲ့များလည်းရှိနေသည်ဟု သိရသည်။
 
ကယန်းပြည်သစ်ပါတီ ပြောခွင့်ရ ဗိုုလ်မှူးကြီးစောလွင်က “အဖွဲ့အချို့ပဲပါပြီးတော့ အဖွဲ့အချို့မပါနိုုင်တဲ့ အခြေအနေအောက်မှာ ဒီလက်မှတ်ထိုုးပွဲကြီးကိုု လုုပ်မယ်ဆိုုရင်တော့... ဒါကစစ်မှန်တဲ့ တစ်နိုုင်ငံလုံုးဆိုုင်ရာ အပစ်ခတ်ရပ်စဲရေး ဖြစ်မြောက်မှာမဟုုတ်ဘူး”ဟုု ပြောသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံုး KNU နှင့် ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ပူးတွဲ၍ တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့များနှင့် ပြည်လုံုးကျွတ်အပစ်ရပ်ပြီး နိုုင်ငံရေးဆွေးနွေးရန် အစိုုးရအားတိုုက်တွန်းသည့် ကြေညာချက်တစောင်ကိုု ဇူလိုုင်လ ၁၇ ရက်နေ့က ထုုတ်ပြန်ခဲ့သည်။

၂၀၁၂ ခုုနှစ်၊ မေလ ရရက်နေ့တွင် အစိုးရနှင့် KNPP ပြည်နယ်အဆင့် အပစ်ရပ်သဘောတူလက်မှတ်ရေး ထိုုးခဲ့ပြီးနောက် နှစ်ဘက်တပ်အကြား တိုုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း ပြည်ထောင်စုုအစိုးရနှင့် ဒုုတိယအဆင့် ဆက်လက်တွေ့ဆုံုပြီးနောက် တိုုက်ပွဲများနောက်ထပ်မဖြစ်ပွားရန် ထိန်းသိမ်းထားနိုုင်ခဲ့ကြသည်။
 
သို့ရာတွင် အစိုုးရနှင့် KNPP အကြား ပြည်ထောင်စုုအဆင့်တွေ့ဆုံုဆွေးနွေးမှု ဒုုတိယအကြိမ်ထိရောက်မှု ရှိနေပြီဖြစ်သော်လည်း နှစ်ဘက်တပ်လုုပ်ရှားမှုနယ်မြေများသတ်မှတ်ရေး၊ တိုုးချဲ့ထားသောတပ်များ ပြန်လည်ရုုတ်သိမ်းပေးရေး၊ စစ်သင်တန်းကျောင်း ပြန်လည်ရုုတ်သိမ်းပေးရေးစသည့် စစ်ဘက်ဆိုုင်ရာ ကိစ္စရပ်များအတွက် သဘောတူညီချက်များ မရရှိကြသေးပေ။
 
ငြိမ်းချမ်းရေးဖော်ဆောင်နိုုင်ရန်ကြိုးပမ်းနေစဉ်ကာလအတွင်း ကရင်နီပြည်၌ နှစ်ဘက်တပ်အကြား တိုုက်ပွဲများဆက်လက်မဖြစ်ပွားစေရန် KNPP ကပြည်တွင်းဆက်ဆံရေးရုံုး သုံုးရုံးဖွင့်လှစ်ထားရှိသည့်အပြင် အဖွဲ့၏ရပ်တည်မှုအတွက် တမောချာကုုမ္မဏီနှင့် ကယားဌာနီကုုမ္မဏီနှစ်ခုု ထူထောင်ပြီး စီးပွားရေးလုုပ်ငန်းများ စတင်လုုပ်ဆောင်လျက် ရှိသည်။

Most read this week