KNU ပြည်ထဲရေးနှင့် သာသနာရေးဌာန ရှေ့လုပ်ငန်းစဉ် ၁၅ ချက် ချမှတ်

KNU ပြည်ထဲရေးနှင့် သာသနာရေးဌာန ရှေ့လုပ်ငန်းစဉ် ၁၅ ချက် ချမှတ်
by -
ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟို ပြည်ထဲရေးနှင့် သာသနာရေးဌာနက  အစည်းအ ဝေးတစ်ရပ် ကျင်းပခဲ့ပြီး ရှေ့ဆက်လုပ်ဆောင် မည့် လုပ်ငန်းစဉ်များအတွက် အချက် ၁၅ ချက်ကို ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးကို KNU ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေရှိ လေးဝါးစခန်းတွင် စက်တင်ဘာလ ၂၃ မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (Karen National Police Force - KNPF ) ပြန်လည်ဖွဲ့စည်းခြင်းနှင့် မူးယစ်ဆေးဝါး တိုက် ဖျက်ရေး အပါအဝင် အချက် ၁၅ ချက်ကို ဆုံးဖြတ်ချက်ချ နိုင်ခဲ့ကြောင်း KNU ပြည်ထဲရေးဌာနတာဝန်ခံ ပဒိုစောအားတိုးက ပြော သည်။

“အစည်းအဝေးမှာ KNPF ကို စနစ်တကျ ပြန်လည်ဖွဲ့စည်းဖို့၊ အရေးကြီးတဲ့ မူးယစ်ဆေးဝါး ပြဿနာနဲ့ တရားဥပဒေစိုးမိုးရေးအ ပြင်ကို တခြားရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေအတွက်လည်း လုပ်ဆောင်ဖို့ စတာတွေ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်”ဟု ပဒိုစောအားတိုးက ကေအိုင်စီသို့ ပြောဆိုသည်။

သုံးရက်တာပြုလုပ်သော ၎င်းအစည်းအဝေးက ဆုံးဖြတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များထဲတွင် တရားဥပဒေ စိုးမိုးရေး၊ KNPF တပ်ဖွဲ့ ၀င်များ၏ အရည်အသွေးမြှင့်တင်ရေး၊ တနှစ်တစ်ကြိမ် အစည်းအဝေး ခေါ်ယူနိုင်ရေး စသည့် အဓိကကျသော အချက်များလည်း ပါ၀င်ကြောင်း သိရသည်။

ယခုပြုလုပ်သည့် အစည်းဝေးတွင် KNU ခရိုင်နှင့် တပ်မဟာ(၇)ခုမှ ကိုယ်စားလှယ်များ အပါအဝင် KNU ပြည်ထဲရေးဌာနမှ တာဝန်ခံ ပဒိုစောအားတိုး၊ KNPF ရဲချုပ်ဗိုလ်မှူးကြီးစောလယ်ဝေါ့၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်(KNDO) စစ်ဦးစီး ချုပ် ဗိုလ်မှူးကြီးနယ်ဒါးမြ၊ ဗဟိုတရားသူကြီးချုပ် ပဒိုစောဒေါ့ လေးမူ စသည့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် ၆၀ ကျော် တက်ရောက် ခဲ့ကြသည်။

KNU ခရိုင်နှင့် တပ်မဟာ(၇)ခုအတွင်း၌ ရာဘဆေးပြား (ခေါ်) စိတ်ကြွဆေးများ၊ ဆေးခြောက်များကို သုံးစွဲမှု၊ ရောင်းဝယ်ဖောက် ကားမှုများ သိသာစွာ ကျယ်ပြန့်လာပြီး ကေအဲန်ယူ ဖားအံခရိုင်နှင့် ဒူးပလာယာခရိုင်များ တွင် အဆိုးရွားဆုံးဖြစ်ပွားနေကြောင်း KNU ဗဟိုတရားသူကြီးချုပ် ပဒိုစောဒေါ့လေးမူက ပြောဆိုသည်။

ပြည်ထဲရေးဌာနတာဝန်ခံ ပဒိုစောအားတိုးကလည်း “ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးတိုက်ဖျက်ရေး အတွက် KNPF က လုပ် ဆောင်သွားမှာပါ။ ဒါပေမယ့် လုံးဝကို ပပျောက်ဖို့ဆိုရင်တော့ အဖွဲ့အစည်းအသီး သီးနဲ့ ပြည်သူလူထုတွေ အားလုံးက ပူးပေါင်းပါ ၀င်ဖို့ လိုအပ်ပါတယ်”ဟု ဆိုသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့ KNPF ကို ၁၉၉၁ခုနှစ်၊ KNU ဌာနချုပ်ဟောင်း မာနယ်ပလောတွင် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း ယခုအ စည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပလာနိုင်ခြင်းဖြစ်သည်။