တရုတ်-ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ရေး မြန်မာအဆင်သင့်မဖြစ်သေး

တရုတ်-ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ရေး မြန်မာအဆင်သင့်မဖြစ်သေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြုလုပ်ကျင်းပသော ထိုင်း-မြန်မာ ချစ်ကြည်ရေးကုန်စည်ပြပွဲမှ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ရေးအတွက်ဆွေးနွေးရာတွင် မြန်မာဘက်မှ သဘောတူညီမှုမရှိသေး ကြောင်း ကျိုင်းတုံဒေသခံများကပြောသည်။

“ကုန်စည်ပြပွဲနဲ့အတူ နှစ်ဘက်နိုင်ငံက အကြီးအကဲတွေ ဆွေးနွေးပါတယ်။ ချင်းမိုင်- ကျိုင်းတုံ-ဆစ် ဆောင် ပန်းနား(ကျိုင်းဟုန့် / တရုတ်နိုင်ငံ ယူနန်ပြည်နယ်) အထိ ကုန်သွယ်ရေးလမ်းဖွင့်ဖို့ပေါ့။
ဒေသခံတချို့က ကောင်းတယ်လို့ ပြောပြတယ်။ ဒေသတွင်းလူထု အလုပ်အကိုင်ပေါမှာလေ။ မြန်မာ အာဏာပိုင်ဘက်ကတော့ သဘောမတူသေးဘူးလို့ကြားသိရပါတယ်။ ဒါကြောင့်လက်မှတ် မထိုးရ သေး ပါဘူး” ဟု ပွဲသို့သွားရောက်လေ့လာခဲ့သည့် ကျိုင်းတုံမြို့သား စိုင်းလူတစ်က ပြောဆိုပါသည်။

003-KT
 
မြန်မာဘက်မှ လမ်းပန်းဆက်သွယ်ရေးမကောင်းသေးဟုဆိုကာ  နေပြည်တော်အဆင့်ထပ်မံ ဆွေးနွေး လက်မှတ်ရေးထိုးကြရန် သဘောတူခဲ့ကြကြောင်း စစ်တိုင်းမှူးနှင့်နီးစပ်သည့် အသက် ၅၀ အရွယ် ကျိုင်းတုံသား စိုင်းနန်ယီ့က သျှမ်းသံတော်ဆင့်အားပြောပြပါသည်။ “ ပွဲစ တဲ့ ၂၁ ရက် မှာ ချင်းမိုင်က ခရိုင်ဝန်ကိုယ်တိုင်တက်ရောက်တယ်။ ကျနော်တို့ဘက်က စစ်တိုင်းမှူး နဲ့အဖွဲ့ပေါ့။ သိပ်မစည်ဘူးဘဲ။ လူသိ သိပ်မများလို့ထင်တယ်” ဟု အဆိုပါအမျိုးသားကပြောသည်။ ကုန်စည်ပြပွဲ ဖွင့်ပွဲကို ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက အထွေထွေ အုပ်ချုပ်ရေးရုံးတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၂၁ မှ ၂၃  ရက်အထိ ကုန်စည်ပြပွဲ ပြုလုပ်ခဲ့ကြောင်း  သိရသည်။

“ကျိုင်းတုံမှာက မြို့တော်ခန်းမ မှာလုပ်တာပါ။ ထိုင်းဘက်က ချင်းမိုင်မြို့ရဲ့ ရိုးရာအထည်တွေ လာရောင်း တယ်။ ငွေထည် ယွန်းထည်တွေအပြင် အဝတ်အထည် ပိုးထည်တွေပေါ့ ။ ဈေးကြီးတော သိပ်မ ဝယ်ကြဘူး ။ အလှကုန် ၂ မျိုး  ၃ မျိုးလဲပါတယ်။ နေ့ခင်းပိုင်းမှာ လာလည်တဲ့လူ နည်းတယ် ညဘက်မှာဘဲ လာလည်ကြတယ်” ကုန်စည်ပြပွဲသို့သွားရောက်ကြည့်ရှုခဲ့သူ စိုင်းခမ်းက ပြောပါသည်။

နှစ်နိုင်ငံချစ်ကြည်ရေး ကုန်စည်ပြပွဲတွင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း မြို့တော် ချင်းမိုင် မြို့တို့ ရှေး စော်ဘွားခေတ်ကတည်းက အဆက်အသွယ်ရှိခဲ့ပုံ၊ ကူးလူးဆက်ဆံပုံ သမိုင်းအကျဉ်း ကိုပါ ရေးသားပြသထားကြောင်းလည်း သိရပါသည်။