မင်းပြား လဝက မှ မှတ်ပုံတင် လုပ်သူများထံမှ ငွေတောင်းခံမူများ ရှိနေဟုဆို

မင်းပြား လဝက မှ မှတ်ပုံတင် လုပ်သူများထံမှ ငွေတောင်းခံမူများ ရှိနေဟုဆို
by -
နိရဥ္စရာ

မင်းပြားမြို့နယ် လူဝင်မူ ကြီးကြပ်ရေး ဦးစီးဌာန (လဝက) က မှတ်ပုံတင် လုပ်သူများထံမှ ငွေကြေးတောင်း ခံနေကြောင်း နိရဥ္စရာသို့ ဒေသခံများ ပေးပို့သောစာတွင် ဖေါ်ပြသည်။

မင်းပြားမြို့နယ် ကုလားမတောင် ကျေးရွာသားများဖြစ်ကြသော မစိုးအေးနွယ်၊ မအေးအေးစိုးနှင့် အမျိုးသမီး ငယ် တစ်ဦး  (အဆိုပါ ကျေးရွာမှ ဦးမောင်လှခိုင် ၏ သမီးဖြစ်သူ) ထံမှ မှတ်ပုံတင် လုပ်ခ  ကျပ်ငွေ ၄၀၀၀၀  တောင်းယူသွားသည်ဟု ဆိုသည်။

မစိုးအေးနွယ်နှင့် မအေးအေးစိုးတို့မှာ ကျပ် ၂၅၀၀၀ ပေးခဲဲ့ရပြီး ဦးမောင်လှခိုင် သမီးဖြစ်သူမှာ ကျပ် ၁၅၀၀၀ ပေးခဲ့ရကြောင်း ပြောဆိုသည်။

သူတို့ (၃) ဦး၏ မှတ်ပုံတင်အား ၂၀၁၃ ခုနှစ် သြဂတ်စ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး စတင် ပြုလုပ်ရန် လျှောက်လွှာတင်သည့်နေ့တွင် အဆိုပါ ငွေအား ပေးခဲ့ရသည်ဟု သိရသည်။

မှတ်ပုံတင်အား မင်းပြား လဝကမှ ထုတ်ပေးသောနေ့စွဲမှာ ၂၀၁၃ စက်တင်္ဘာလ ၆ ရက်နေ့ဖြစ်ပြီး အဆိုပါနေ့တွင် တစ်ဦးလျှင် ကျပ် ၁၀၀၀ ကျစီ ထပ်မံ ပေးခဲ့ရသည်ဟု ပြောသည်။

အဆိုပါ အမျိုးသမီးငယ် ၃ ဦးထံမှ ငွေတောင်းယူသူမှာ မင်းပြားမြို့နယ် မှတ်ပုံတင် ထုတ်ပေးရေးတာဝန်ခံ ဦး ++++ ဟု ပေးပို့စာတွင် ဖေါ်ပြထားသည်။

အဆိုပါ အမျိုးသမီး ၃ ဦးသည် ရန်ကုန်သွားရန် မှတ်ပုံတင် လျှောက်ထားရမှ ထိုသို့ ပေခဲ့ရသည်ဟု ပြောသည်။ နောက်ထပ် အမျိုးသား တစ်ဦးထံမှလည်း မှတ်ပုံတင် လုပ်ခ ကျပ် ၆၀၀၀ တောင်းယူသွားသည်ဟု ဆိုသည်။

Most read this week