ကရငင်နီပြည်နယ် ကျောင်းသူ/သားများ မျက်စိနာ ရောဂါကူးစက်ဖြစ်ပွါး

ကရငင်နီပြည်နယ် ကျောင်းသူ/သားများ မျက်စိနာ ရောဂါကူးစက်ဖြစ်ပွါး
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် တွင်ကျောင်းသားကျောင်းသူများကြား မျက်စိနာရောဂါ ကူးစက်ပျံ့ပွါးနေကြောင်း ဆရာ၊ ဆရာမ များကပြောပါသည်။

ချိကယ်ကျေးရွာအုပ်စု ဒေါဆော်ဘီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းသားများ ဇူလိုင်လလယ်မှစ၍  မျက်စိနာရောဂါဖြစ်ပွားကူးစက်ခဲ့ကြပြီး ယခုအချိန်ထိ လျော့နည်းခြင်းမရှိသေးကြောင်း ၎င်းကျောင်းမှ မူပြဆရာမ ဒေါ်ပလျားမာမောင်က ပြောသည်။

ဒေါဆော်ဘိကျေးရွာမှ မျက်စိနာရောဂါဝေဒနာ ခံစားနေရသော ကျောင်းသူတဦး (ဓါတ်ပုံ-ကေတီ)

“အခုကလေးတွေရဲ့ အခြေအနေက ဆက်ဖြစ်ပွားမယ့်အခြေအနေမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ သုံးယောက် ကူ။းစက်လာနေတာလေ။
  အဲဒါကြောင့်လို့ သက်သာတဲ့ အခြေအနေမှာ မရှိလောက်ဘူး၊ တစ်ယောက်ပြီး တစ်ယောက်ကူးစက်မယ့် အခြေအနေမှာပဲရှိတာပေ့ါ”

၄င်းကူးစက်ရောဂါသည် တပြိုင်တည်း သိသိသာသာကူးစက်မှု မဖြစ်ပွားသော်လည်းတဖြည်းဖြည်း ကျောင်းသူ/သား တယောက်ပြီးတယောက် ကူးစက်သွားသည် ဟု ငွေတောင် ကျေးလက်ဆရာမ ဝန်ထမ်းတဦးက ပြောသည်။

"ဗိုင်းရပ်ရောဂါတမျိုးကြောင့်ဖြစ်တာပါ။ တယောက်ကူးစက်ခံရရင်  တမိသားစုလုံး ဖြစ်သွားတတ်ပါတယ်။ ကူးစက်သွားတာမျိုးပေါ့"

မျက်စိနာရောဂါဝေဒနာ ခံစားနေရသော ဒေါဆော်ဘိကျေး ရွာမှ ကျောင်းသူ၊သားများ ခန့်မှန်းခြေအယောက် (၂၀) ကျော် ခန့်ရှိနေပြီး ရောဂါစွဲကပ်နေသူများကို အိမ်တွင်အနားယူရန် ကျောင်း ဆရာ/မ များကခွင့်ပေးထား ကြောင်း သိရသည်။

ဒေါ်ပလျားမာမောင်က “အစကတော့ မူကြိုကျောင်း ကလေးဖြစ်တယ်လို့ ကြားတယ်။ အဲဒါ မူကြိုကျောင်း ကလေး ကနေ ဒီကျောင်းအထိ ကူးစက်လာတာပေ့ါနော်။ အစက သုံးတန်း၊ လေးတန်းကလေးဖြစ်ပြီးမှ အခုကအငယ်တန်းတွေ ဖြစ်တာ ပိုများတာပေါ့နော်” ဟု ဆက်ပြောသည်။

အဆိုပါရောဂါမှာ ကျောင်းသူ၊သားများကြားတွင်သာမက ဒေါဆော်ဘီးကျေးရွာရှိဒေသခံ ကျေးရွာသူရွာသား များသို့ပါကူးစက်ပျ့ံပွါး နေကြောင်း သိရသည်။
 
 ဒီးမော့ဆိုမြို့နယ် အမှတ် (၂) အောင်သပြေတွင် အိမ်ခြေထက်ဝက်ခန့်သည်လည်းကောင်း၊ ငွေတောင်မူ/လွန် ကျောင်းတွင်လည်းကောင်း ကျောင်းသူ/သားများတချို့ ကူးစက်ဖြစ်ပွားလျက်ရှိနေ သည်ဟု ငွေတောင်ကျေး လက်ဆေးပေးခန်းမှ ဆရာမ ကပြောသည်။

ကျောင်းကျန်းမာရေးအဖွဲ့သည် ကျောင်းအသီးသီးရှိ ကျောင်းများကို တစ်နှစ်လျှင် တကြိမ်သာကျောင်းတွင် သန်ချဆေးနှင့် အဟာရတိုက်ကျွေးခြင်းမှလွှဲ၍ ယခုကဲ့သို့ ကူးစက်ရောဂါဖြစ်ပွားချိန်တွင် လာရောက်ကြည့်ရှု့ ပေးခြင်း မရှိသေးကြောင်း ကျောင်း ဆရာ/မ များက ပြောသည်။

Most read this week