အခြေခံဥပဒေအသစ်ကို တိုင်းရင်းသား အဖွဲ့များပူးပေါင်း၍ လာမည့်အောက်တိုဘာလအတွင်း အပြီးရေးဆွဲ မည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌဦးအေးသာအောင်က စက်တင်ဘာ ၃ ရက်၌ပြောသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အ ဖွဲ့ (UNA) အပါအဝင် ကျန်တိုင်းရင်းသားအဖွဲ့များ ပူးပေါင်းပြီး အခြေခံ ဥပဒေသစ် ရေးဆွဲမည်ဟုပြီးခဲ့သည့် သြဂုတ်လက ကျင်းပသည့် တိုင်းရင်းသားပေါင်းစုံညီလာခံတွင် ဆုံးဖြတ်ချက်ချမှတ် ခဲ့ပြီး ထိုကိစ္စအတွက် ကော်မတီပင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းလည်း သူကဆက်ရှင်းပြသည်။
“ဖွဲ့စည်းပုံကို ပြန်ပြင်မလား အသစ်ရေး မလား တိုင်းရင်းသားညီလာခံက သဘောထား ရယူတဲ့အခါ အားလုံး က အသစ်ရေးဆွဲဖို့ သဘောတူကြတယ်” ဟု ထိုစဉ်က ဆုံးဖြတ်ချက်ချခဲ့ပုံကို ဦးအေးသာအောင်ကပြန်ပြော ပြသည်။
လက်ရှိတွင် လွှတ်တော်၌ အခြေခံဥပဒေကို ပြန်ပြင်ရန် လေ့လာမည့်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်သော် လည်း တိုင်းရင်းသားညီလာခံကမူ လွှတ်တော်ပြင်ပမှ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန် သဘောတူညီထားကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးစိုင်းညွန့်လွင်က ပြောသည်။
သို့သော် “ဒါက UNFC နဲ့ UNA အဖွဲ့နှစ်ဖွဲ့ရဲ့ သဘောထားပဲဖြစ်ပါတယ်။ ဒီသဘောထားကို အားလုံးက နှစ်သက်တယ်ဆိုရင်တော့ အတည်ဖြစ်မှာပေါ့။ တခြားအဖွဲ့အစည်းတွေမှာလည်း တခြားသဘောထားတွေ ရှိမယ်ဆိုရင် ဆက်ဆွေးနွေးရမှာပေါ့” ဟု ဦးစိုင်းညွန့်လွင်က ဆက်ပြောသည်။
တိုင်းရင်းသားများ ယခုအသစ်ရေးဆွဲမည့် အခြေခံဥပဒေအသစ်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုသည့် တိုင်းရင်းသားလူမျိုးရှစ်မျိုးကို အခြေခံသော ရှစ်ပြည်နယ်သတ်မှတ်သည့်မူကို အခြေခံမည် ဟု တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောကြားထားသဖြင့် ထိုကိစ္စကို အငြင်းပွားဝေဖန်မှုများ လည်းရှိနေ သည်။
လူမျိုးပေါ်အခြေခံ၍ ပြည်နယ်သတ်မှတ် ပေးမည့်ယင်းမူဝါဒသည် ၁၉၆၂ ခုနှစ်တွင် တိုင်းရင်းသား ခေါင်း ဆောင်အချို့က စတင်တောင်းဆိုခဲ့ပြီးနောက် ထိုကိစ္စကိုအကြောင်းပြပြီး ဗိုလ်ချုပ်နေဝင်းက အာဏာ သိမ်း ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နာယကကဟံသာဝတီ ဦးဝင်းတင်က ပြီးခဲ့သည့် သြဂုတ်လ က မီဒီယာများကို ပြောကြားခဲ့ဖူးသည်။
ဥပဒေပြုရေးကိစ္စတွင် နိုင်ငံ့အမြင့်ဆုံးအာဏာပိုင်ဖြစ်သော လွှတ်တော်ကလည်း အခြေခံဥပဒေ ပြင်ဆင်ရန် လေ့လာသုံးသပ်သည့် ကော်မတီကိုအမတ် ၁၀၉ ဦးဖြင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖွဲ့စည်းခဲ့ သည်။
ထိုကော်မတီတွင်ပါ၀င်သည့် NLD အမတ် ဦးဝင်းမြင့်က “ဒီမိုကရေစီနည်းလမ်း မကျတာတွေကို ပြင်ဆင်ဖို့ ကျွန်တော်တို့က ကြိုးစားနေတာ။ ပြင်လို့ရတဲ့နည်းလမ်းကိုလည်း ကျွန်တော်တို့က သိထားတယ်” ဟုဆို သည်။
သို့သော် အခြေခံဥပဒေပြင်ဆင်ရေးသုံး သပ်သည့် ၎င်းတို့ကော်မတီတွင် စစ်သားအမတ် ၂၅ နှင့် ပြည်ခိုင်ဖြိုး ပါတီအမတ် ၅၂ ဦးဖြင့် အများစုနေရာရထားသဖြင့် “အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့က လူနည်းစု ဆိုတော့ ဘာဖြစ်လာမယ်တော့ ကြိုမပြောနိုင်ဘူးပေါ့” ဟုလည်း ဦးဝင်းမြင့်က ဆက်ပြောသည်။
တိုင်းရင်းသားအဖွဲ့များသည် အခြေခံဥပဒေကိုရေးဆွဲပြီးနောက် တရားဝင်အတည် ပြုနိုင်ရန် မည်သို့ကြိုးပမ်း မည်ကိုမူ ထုတ်ဖော် ပြောကြားခြင်းမရှိသေးပေ။
UNFC တွင် ချင်းအမျိုးသားတပ်ဦး (CNF )၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင် အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည် သစ်ပါတီ (MNSP)၊ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ်လွတ်မြောက် ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ALC)၊ လားဟူဒီမို ကရက်တစ်သမဂ္ဂ (LDU)၊ ၀အမျိုးသား အဖွဲ့ချုပ် (WNO) တို့ပါ၀င်သည်။
UNA သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေပါတီ (SNLD)၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ မွန်အမျိုးသား ဒီမိုကရေစီပါတီ (MDP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲဝင်ကချင်နှင့် ကရင်တိုင်းရင်းသား နိုင်ငံရေးပါတီနှစ်ခုတို့နှင့်ဖွဲ့စည်းထားသည်။