ကမ္တာလှည့်ခရီးသွား ကုမ္ပဏီတခု စတင်ဖွင့်လှစ်

ကမ္တာလှည့်ခရီးသွား ကုမ္ပဏီတခု စတင်ဖွင့်လှစ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်း နေရာအနှံ့သို့ ခရီးသွားလာနိုင်ရေးအတွက် ပထမဆုံး ဝန်ဆောင်မှုပေး နိုင်မည့် ကုမ္ပဏီကိုvလွိုင်ကော်မြို့ မင်္ဂလာရပ် နှင်းဆီလမ်းတွင် စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

၎င်းကုမ္ပဏီမှာ ကယောဘာသာစကားဖြင့် ခရီးသွားများ အောင်မြင်စွာရောက်ရှိနိုင်ပါစေဟု အဓိပ္ပါယ်ရသည့် ဘာဒို ခရီးသွားလာရေးနှင့် ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများချိတ်ဆက် ကာ ဝန်ဆောင်မှုပေးနေသည်ဟု ၎င်း ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်သူ ဦးလောရင်းစိုးကပြောသည်။

"လွိုင်ကော်ရုံးချုပ်ကတော့ တပြည်နယ်လုံးကို အခြေခံပြီးတော့ လုပ်ပါတယ်။ နောက်ဆိုရင် တနိုင်ငံလုံးအတိုင်း အတာနဲ့လုပ်ဖို့ ရည်ရွယ်ထားတယ်။ ခရီးသွားအဆင်ပြေဖို့အတွက် ခရီးသည်တွေရဲ့ ဘယ်မှာသွား ချင်တယ် လာချင်တယ် ဆိုတာကအစ မရွေးပါဘူး နယ်စပ်ဒေသဖြစ်ဖြစ် နိုင်ငံတော်ရဲ့ ဥပဒေဘောင်ထဲမှာပဲ လုပ်ပါတယ်" ဟု ဦးလောရင်းစိုးက ပြောသည်။

ဝန်ဆောင်မှုအနေဖြင့် ကားစင်းလုံးငှား၍ အိမ်အကြိုအပို့စနစ် ပြုလုပ်ပေးခြင်း၊ ၂၄ နာရီ ဝန်ဆောင်မှုပေးနေခြင်း၊ စုပေါင်း TAXI စနစ်နဲ့ ပြည်နယ်အတွင်းရှိ သွားလာနိုင်ခြင်းနှင့် မြို့တွင်း TAXI အနေဖြင့်လည်းဆောင်းရွက် ပေးခြင်းများ ပြုလုပ်ပေးနေသည်ဟု သိရသည်။

တပြည်နယ်လုံး မြို့နယ် ရ မြို့နယ်လုံးအပါအဝင် နယ်စပ်အထိ ဝန်ဆောင်မှုများ ပြုလုပ်ပေးနေသည့်အပြင် တခြားသော နေပြည်တော်၊ တောင်ကြီး၊ မန္တလေး ဘက်တွင်လည်း လုပ်ငန်းစတင် တိုးချဲ့မှာဖြစ်ကြောင်း သိရသည်။

၎င်းကုမ္ပဏီကို ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များက စုပေါင်း တည်ထောင်ထားခြင်းဖြစ်သည်ဟု သိရသည်။

Most read this week