တစ်နှစ်တန် ၁.၈ သန်း ထုတ်မည့်ဘိလပ်မြေစက်ရုံ မွန်ပြည်နယ်တွင် တည်ဆောက်မည်

တစ်နှစ်တန် ၁.၈ သန်း ထုတ်မည့်ဘိလပ်မြေစက်ရုံ မွန်ပြည်နယ်တွင် တည်ဆောက်မည်
by -
မွန်အေဂျင်စီ

ထိုင်းနိုင်ငံတွင် အကြီးဆုံးဘိလပ်မြေထုတ်လုပ်သည့် Siam Cement Group (SCG) သည် တစ်နှစ်လျှင် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်း ထုတ်လုပ်နိုင်မည့် စက်ရုံကြီးကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ၌ စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း  ယမန်နေက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 လွန်ခဲ့သည့်နှစ်က SCG မှ မြန်မာနိုင်ငံသို့ ဘိလပ်မြေ တန် ၁ သန်း ရ သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဘိလပ်မြေဝယ်လိုအားသည် လာမည့်ငါးနှစ်အတွင်း တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း မြင့်တက်နိုင် ကြောင်းနှင့် အရှေ့တောင်အာရှနိုင်ငံများမှလည်း ဘိလပ်မြေဝယ်လိုအား မြင့်တက်နေမှုကြောင့် အမေရိကန်ဒေါ်လာသန်း ၄၀ဝ ခန့် အကုန်ကျခံ တည်ဆောက်သွားမည် ဖြစ်ကြောင်း SCG ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

“စက်ရုံ တည်နေရာက ကျိုက်မရော ဆိုတော့ အတွင်းကျတယ်၊ သူတို့လိုအပ်တဲ့ပစ္စည်းတွေ သူတို့ထုတ်လုပ် လိုက်တဲ့ ပစ္စည်းတွေကို အပြင်ထုတ်ဖို့က အထ္ထရံမြစ်ကြောင်းကို သုံးရမှာ၊ သူတို့စက်ရုံနဲ့ အနီးဆုံးနေရာ မှာ ဆိပ်ကမ်းငယ်လေးတစ်ခုတော့ ဆောက်ရမယ်၊ သူတို့လုပ်ငန်းတွေကတော့ ပြည်နယ်အစိုးရနဲ့ ဆက်သွယ် တာတော့ရှိတယ်၊ ဒါပေမဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုက ပြည်ထောင်စုကနေ ချတာ”ဟုမွန်ပြည်နယ်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ဘီဘီစီမြန်မာပိုင်းကို ပြောသည်။

ယင်းဘိလပ်မြေစက်ရုံသည် လာမည့် ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် စက်ရုံစတင်လည်ပတ်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် SCB ၏ ရင်းနှီးမြှပ်နှံမှုပထမခြေလှမ်းဖြစ်ကြောင်း သိရသည်။

ကျိုက်မရောဒေသတဝိုက် ဘိလပ်မြေ စက်ရုံတည်ဆောက်ရေးစီမံကိန်းများ ရပ်ဆိုင်းရေးအတွက် ပျားတောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက် အဖွဲ့က လွန်ခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ ကန့်ကွက်စာပေးပို့ထားသည်။

ယင်းဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ရန် ဒေသခံပြည်သူများ၏ လယ်မြေ၊ ခြံမြေများနှင့် လယ်မြေများကို ခြိမ်းခြောက် အဓ္ဓမဝယ်ယူထားကြောင်း၊ ထိုနစ်နာဆုံးရှုံးမှုများအတွက် လျော််ကြေးမရရှိကြောင်း ယင်းပျား တောင်ကွန်ယက်လှုပ်ရှားသူများက ပြောသည်။

Most read this week