အစိုးရအာဏာ မသက်ရောက်သည့် ဒေသများကို တစ်နှစ်အတွင်း တစ်ကြိမ်သာ ကုလသမဂ္ဂကူညီနိုင်ခဲ့

အစိုးရအာဏာ မသက်ရောက်သည့် ဒေသများကို တစ်နှစ်အတွင်း တစ်ကြိမ်သာ ကုလသမဂ္ဂကူညီနိုင်ခဲ့
by -
မဇ္ဈိမ

အစိုးရအာဏာ မသက်ရောက်သည့် စစ်ဘေးသင့်ဒေသများသို့ ကုလသမဂ္ဂက တစ်နှစ်အတွင်း အကူအညီ တစ်ကြိမ်သာ ပေးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံသို့ ၁၀ ရက်ကြာ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက သြဂုတ် ၂၁ ရက်က သတင်းထုတ်ပြန်လိုက် သည်။

“ကျွန်တော်ရခဲ့တဲ့ ဒီဒေသနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေအရဆိုရင် အလွန်အမင်း စိုးရိမ်ဖွယ်ရာပါပဲ။ အထူးသဖြင့် အစားအသောက် လုံလောက်ရေးက အရေးကြီးဆုံးပါပဲ”ဟု ခရီးစဉ်အပြီး မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသည့် နေ့က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သူ ကပြောဆိုခဲ့သည်။

ပြီးခဲ့သည့်၂၀၁၂ ဇူလိုင်မှ ယခုနှစ် ဇူလိုင်အထိ တစ်နှစ်တာအတွင်း ကုလသမဂ္ဂသည် လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသများသို့ တစ်ကြိမ်သာ ကူညီနိုင်ခဲ့သည်ဟု ခရီးစဉ်အပြီး ထုတ်ပြန်သည့်၎င်း၏ကြေ ညာ ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် ယခုခရီးစဉ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်ရန် အစိုးရက ခွင့်မပြုခဲ့သည်ကိုလည်း မစ္စတာကင်တားနားက လူ့အခွင့်အရေး အတွက် ထိုအခြေအနေသည် စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်သည်ဟုလည်း သူကဝေဖန်ခဲ့သည်။

သူက ထိုဖြစ်ရပ်ကိုညွှန်းဆိုပြီး “ဒီလိုမျိုးဖြစ်ရပ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပြတ်တောက်မှုကို ဖြေရှင်းဖို့အတွက် ငြင်းဆိုမှုဖြစ်သလို လူ့အခွင့်အရေးဆိုင်ရာ အလွန်အမင်းစိုးရိမ်ရတဲ့ အနေအထားတွေကို ငြင်းဆန်လိုက်တာလည်း ဖြစ်ပါတယ်”ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။

ယခုခရီးစဉ်အတွင်း မကြာသေးမီက လူအုပ်စုနှစ်ခုကြားပဋိပက္ခဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့်မိတ်္ထီလာသို့ သွားရောက်ရာတွင်လည်း မစ္စတာကင်တားနားကို ဒေသခံများက ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

မစ္စတာကင်တားနား၏ မိတ်္ထီလာခရီးစဉ်တွင်ဆိုလျှင် ဒေသခံများက သူ့ကားအနီးသို့ဝိုင်းလာခဲ့သော်လည်း ထိုဒေသရှိ လုံခြံုရေးရဲများက မည်သည့်အကူအညီမျှ မပေးခဲ့ကြောင်း မီဒီယာများကို ပြန်လည်ပြောကြား ခဲ့သည်။

ရှစ်ကြိမ်မြောက် ယခုခရီးစဉ်တွင် မစ္စတာကင်တားနားကို ဆန္ဒပြခဲ့ကြသူများသည် ယခင်အကြိမ်များက သူမြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ကုလသမဂ္ဂ၌ ပြန်လည်အစီရင်ခံရာ၌ ဘင်္ဂါလီများ ဘက်မှဘက်လိုက် တင်ပြခဲ့သည်ဟု စွပ်စွဲပြောဆိုကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

Most read this week