တစ်မနက် တည်းမှာ နာဂ၊ RCSS/SSA ၊ KNPP တို့ကို တွေ့ပြီး ဦးအောင်မင်း ဘာတွေ ပြောခဲ့လဲ

တစ်မနက် တည်းမှာ နာဂ၊ RCSS/SSA ၊ KNPP တို့ကို တွေ့ပြီး ဦးအောင်မင်း ဘာတွေ ပြောခဲ့လဲ
by -
ရွှေဟင်္သာ

သြဂုတ် ၁၇ ရက်နေ့ နံနက် ပိုင်းတွင် တိုင်းရင်းသား အဖွဲ့ များဖြစ်သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကော်စီတပ်မတော် (RCSS/SSA)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ နာဂအဖွဲ့ တို့ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအလုပ်အဖွဲ့ ခေါင်းဆောင် ဒု -ဥက္ကဋ္ဌ ဦးအောင်မင်းက သီးခြားစီ လက်ခံ တွေ့ဆုံ ခဲ့ကြကြောင်း သက်ဆိုင်ရာ အဖွဲ့ ခေါင်းဆောင် များနှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဦးလှ မောင်ရွှေ တို့က ပြောကြားပါသည်။

နာဂ အဖွဲ့နှင့် ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့တို့ ပထမဆုံး အကြိမ် တွေ့ဆုံ ကြရာတွင် နာဂ အဖွဲ့မှ ဒေသ ဖွံဖြိုးရေး လုပ်ငန်း၊ နာဂ ဒေသ အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စ၊ ဆက်ဆံရေးရုံး ဖွင့်မည့် ကိစ္စ၊ ရပ်တည်မှု အတွက် အခက်အခဲ ဖြစ်နေသည့် ကိစ္စ အတွက် စသည့် အချက် များကို ဖြေရှင်း ပေးနိုင်ရန် အတွက် ဦးအောင်မင်းနှင့် အလွတ်သဘော လာရောက် တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်ဟု MPC မှ ဦးလှမောင်ရွှေ က ပြောသည်။

“ဒီနေ့ မနက် တဖွဲ့ပြီး တဖွဲ့ တွေ့ဆုံ ကြတယ်။ နာဂ၊ RCSS နဲ့ KNPP ပေါ။ နာဂ နဲ့တော့ ကြိုတင် ပြင်ဆင်ပြီး တွေ့တာ မဟုတ်ဘူး။ ဦးအောင်မင်းလည်း ရန်ကုန်မှာ ရှိတုန်း သူတို့ လည်း ရန်ကုန်ကို ရောက်တုန်းလာ ရောက် တွေ့ဆုံပြီး သူတို့ အခက် အခဲကို လာတင် ပြတာ၊ ဆက်ဆံရေး ရုံးဖွင့်လျှင်လည်း ခန္တီ ဘက်တွင်သာ ဖွင့်မယ့် အကြောင်း လာရောက် ဆွေးနွေး     ခြင်းဖြစ်တယ်” လို့ဆိုပါသည်။

ဦးအောင်မင်းနှင့် နာဂ အဖွဲ့တို့ ဆွေးနွေး ခဲ့သည့် အပေါ် ဦးအောင်မင်းမှ ဆောင်ရွက် သင့်သည်ကိုဆောင်ရွက် ပေးမည် ဖြစ်သလို ယခု အလွတ် သဘော ဆွေးနွေးရာ၌ နိုင်ငံရေး ဆွေးနွေးမှု မပါ သေးကြောင်း ဆိုပါသည်။

နာဂအဖွဲ့သည် အစိုးရနှင့် ပြည်နယ် အဆင့် အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားပြီး ဖြစ်သော် လည်း ပြည်ထောင်စု အဆင့်၌ တွေ့ဆုံ ဆွေးနွေး နိုင်ခဲ့ခြင်းမျိုး မဖြစ်ပေါ် လာသေးပေ။

အစိုးရနှင့် ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားနိုင် ခဲ့ကြသော် လည်းပြည်ထောင် စု အဆင့် ဆွေးနွေးပွဲ မတက်လှမ်း နိုင်သေးသည့် အဖွဲ့ နှစ်ဖွဲ့မှာ နာဂ အဖွဲ့နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ ဖြစ်ကြောင်း ဦးလှမောင်ရွှေ က ပြောသည်။

သမ္မတ လမ်းညွှန်မှုဖြင့် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်၌ ဦးအောင်မင်းက မည်သူ့ ကိုမှ ချန်မထားပဲ ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား အားလုံး ပါ၀င်နိုင်အောင် တတ်နိုင်သမျှ ကြိုးစား လုပ်ဆောင်ပေးသွား မည့် အကြောင်း ပြောဆို ခဲ့သည်ဟု MPC ဦးလှမောင်ရွေ က ပြောသည်။

နာဂ အဖွဲ့အား တွေ့ဆုံ ခဲ့ပြီးနောက် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကော်စီ တပ်မတော် (RCSS/SSA) အဖွဲ့အား ဆက်လက် တွေ့ဆုံ ခဲ့ပါသည်။

အပစ်ခတ် ရပ်စဲရေး ရေရှည် တည်တံ့ ခိုင်မြဲ စေရန် အတွက် ကုလ သမဂ္ဂ ရှေ့တွင် လက်နက်ကိုင်တိုင်းရင်း သား များအတွက် ငြိမ်းချမ်းရေး အာမ ခံချက် ရှိရန် တွေ့ဆုံ ခဲ့ကြခြင်း ဖြစ်သည်ဟု RCSS မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

“ပြီးခဲ့တဲ့ တခေါက်က ကျနော်တို့ ဥက္ကဌ ခရီးစဉ်မှာ အပစ်ခတ် ရပ်စဲရေးကို အစိုးရ၊ စစ်တပ်၊ လွတ်တော် ကိုယ်စားလှယ်၊ အတိုက်ခံ ပါတီ၊ နိုင်ငံရေး ပါတီ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ တွေက နိုင်ငံတကာ UN ရှေ့မှာ လက်မှတ် ရေးထိုး ပြီး အပစ်အခတ် ရပ်စဲ ရေးကို ရေရှည် တည်တံ့အောင် လုပ်မယ်လို့ ဦးအောင်မင်း ပြောတဲ့ အပေါ်မှာ ကျနော်တို့ ဘက်ကလည်း တကယ်လို့ ဒီအချက်ကို အကောင်အထည် ဖော်ရင် အင်မတန် ကောင်းတဲ့ ကိစ္စရပ်လို့ သုံးသပ်ပြီး အခုလို ဦးအောင်မင်းနဲ့ အလွတ်သဘော တွေ့ဆုံပြီး ညှိနှိုင်း ဆွေးနွေး ကြတာပါ” ဟု ဆိုပါသည်။

ဦးအောင်မင်း ဘက်မှလည်း ယင်းကိစ္စကို မဖြစ် ဖြစ်အောင် လုပ်မည့် အပြင် မပြေလည်သည့် ကိစ္စကို ပြေလည် အောင် ဖန်တီးရန်၊ ပဋိပက္ခကို လျော့နိုင်အောင် အလွတ်သဘော တွေ့ဆုံမှု မကြာမကြာ တွေ့ဆုံ မည်ဟု နှစ်ဖက် သဘော တူညီချက် ရရှိ ခဲ့သည် ဟု ဆိုပါသည်။

၄င်းတွေ့ဆုံ ပွဲအား RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလနှင့် ဗိုလ်မှူးကြီး စိုင်းငင်းတို့ ဦးဆောင်ပြီး အဖွဲ့ဝင် (၅) ဦးနှင့် သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီမှ ဦးအောင်မင်း ဦးဆောင်၍ ကိုယ်စားလှယ် (၄) ဦး လက်ခံ တွေ့ဆုံ ခဲ့ကြောင်း သိရှိ ရသည်။

“ဒီဘက်မှာ ညှိစရာတွေ ရှိသေးတယ်။ တိုင်းရင်း သားတွေ စုပေါင်းပြီး လုပ်ထားတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို အားလုံးကို ချပြပြီး သူတို့ ရဲ့အမြင် ရယူဖို့ ဖြစ်တယ်။ နိုင်ငံရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှု မူဘောင်က တိုင်းရင်းသား အားလုံး ပါ၀င်တဲ့ WGEC Working Group နဲ့ UNFC ပေါင်းပြီး ရေးဆွဲ ထားတဲ့ မူဘောင်ကိုပဲ ဆွေးနွေး သွားကြမယ် ဒီမူဘောင် ကိုပဲ တိုင်းရင်းသား အားလုံးက လက်ခံ ထားတာလေး။ အဓိကက နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်မှာ ချောချော မွေ့မွေ့နဲ့ သွားနိုင်ဖို့ ရည်ရွယ် ပါတယ်” ဟု ဗိုလ်မှူး စိုင်းလ က ပြောသည်။

RCSS သည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့ပြီးသည့် အဖွဲ့ ဖြစ်သည်။

ပြည်တွင်းသို့ ရောက်ရှိ နေခိုက်၌ ပြည်တွင်း၌ ရှိသည့် နိုင်ငံရေး အဖွဲ့ အစည်းများ ဖြစ်သည့် UNA၊ NBF ထို့ပြင် လူမှု အဖွဲ့အစည်း များကိုလည်း လိုက်လံ တွေ့ဆုံ သွားမည် ဖြစ်၍ ယခု ခရီးစဉ်မှာ လကုန်ထိ ကြာမြင့် နိုင်ဖွယ် ရှိကြောင်း RCSS က ထုတ်ဖော် ပြောကြား ထားပါသည်။

အလားတူ KNPP အဖွဲ့သည် ၄င်းရက်နေ့၌ပင် ဦးအောင်မင်းက လက်ခံ တွေ့ဆုံ ခဲ့ကြောင်း သွားရောက် တွေ့ဆုံ ခဲ့သည့် KNPP အဖွဲ့၏ တွဲဖက် အတွင်းရေးမှူး (၂) ရွှေမျိုးသန့်က ပြောသည်။

“နောက်လ ကျရင် လွိုင်ကော်မှာ စစ်တပ် ကိစ္စနဲ့ ပတ်သတ်ပြီး ဦးအောင်မင်း ဘက်က လူ သုံးလေး ယောက်နဲ့ ကျနော်တို့ ဘက်က လူ သုံးလေး ယောက် လောက်ပဲ တွေ့ဆုံ ကြမယ်။ ဘယ်နေ့ တွေ့မယ် ဘယ်သူ ပါမလဲ ဆိုတာလည်း KNPP အဖွဲ့ ခေါင်းဆောင် တွေက ဆုံးဖြတ် မှာပါ။ နောက်လ တွေ့ဆုံမှ အသေးစိတ် ဆွေးနွေးဖြစ်မယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် နေ့မှ ၂၀ ရက်နေ့ အထိ ကယားပြည်နယ် လွိုင် ကော် မြို့တွင် အစိုးရ အဖွဲ့နှင့် ဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံ ပွဲ၌ သဘောတူ ထားသည့် အတိုင်း Joint Monitoring committee ကို ရွေးချယ် ခဲ့ပြီး Technical Team ဖွဲ့ပြီးကြောင်း တင်ပြ ခဲ့သည်ဟု ရွေမျိုးသန့်က ပြောသည်။

KNPP ၏ Technical Team အဖွဲ့ကို ယာယီ ဖွဲ့စည်း ထား ပြီး ဖြစ်ကာ အဖွဲ့ဝင် (၄) ဦး ပါဝင် ပါသည်။ ၄င်း (၄) ဦးမှာ ရွေမျိုးသန့်၊ ခူးပလူးရယ်၊ လွီးစီ၊ မော်သဲမာ တို့ ဖြစ်သည်ဟု ဆိုပါသည်။

တပ်နေရာ ချထားခြင်း ကိစ္စနှင့် နှစ်ဖက် နားလည်မှု လွဲနေသည့် ကိစ္စအား နှစ်ဖက် တွေ့ ဆုံပြီး ဆွေးနွေးဖို့ လိုအပ်ကြောင်း မပြီးပြတ် သေးသည့် တပ်နေရာ ချထားရေး ကိစ္စကိုလည်း လာမည့် စက်တင်ဘာ လတွင် ဦးအောင်မင်း အဖွဲ့နှင့် KNPP အဖွဲ့တို့ အလွတ်သဘော ထပ်မံ တွေ့ဆုံစဉ် ဆွေးနွေး သွားကြမည် ဖြစ်သည်။

ထိုသြဂုတ် ၁၇ ရက်နေ့ နံနက် ပိုင်းတွင် နာဂ အဖွဲ့အား အစောဆုံး တွေ့ဆုံ ခဲ့သည်။ ၄င်းနောက် နံနက် (၉) နာရီ ခွဲခန့်တွင် RCSS/SSA နှင့် တွေ့ဆုံ ခဲ့သည်။ ထို့နောက်တွင် KNPP နှင့် ဆက်လက် တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။

Most read this week